ကလေးနို့တိုက်နေချိန်မှာ အာဟာရလုံလုံလောက်လောက်ရဖို့ အရေးကြီးပါတယ်။ မိခင်နို့ထုတ်လုပ်မှု တိုးတက်စေမယ့် အစားအစာတွေ များများစားနိုင်ရင် မိခင်နို့အရည်အသွေးလည်း မြင့်လာမယ်။ အခု Kalay ကနေ ပြောပြမယ့် အသီးတွေက မိခင်နို့အထွက်ကောင်းစေပြီး အရည်အသွေးမြင့်လာစေတယ်။

ထောပတ်သီးမှာ Omega-3,6,9 fatty acids တို့ပါတာကြောင့် မိခင်နို့ထုတ်လုပ်မှုကို ကူညီပေးပါတယ် (Photo by theAsianparent)
သင်္ဘောသီး
သင်္ဘောသီးက oxytocin ဟော်မုန်းထုတ်လုပ်မှု တိုးမြှင့်ပေးလို့ မိခင်နို့အထွက်တိုးစေပါတယ်။ ပြီးတော့ ဗီတာမင် A,B,C နဲ့ E စတဲ့ အရေးကြီး ဗီတာမင်များလည်း ပါပါတယ်။
ထောပတ်သီး
ထောပတ်သီးမှာ Omega-3,6,9 fatty acids တို့ပါတာကြောင့် မိခင်နို့ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ထောပတ်သီးမှာ ဗီတာမင် C၊ E၊ ပိုတက်စီယမ် တို့ပါဝင်ပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်ဖို့ အကူအညီပေးပါတယ်။
စတော်ဘယ်ရီ
စတော်ဘယ်ရီက အရသာရှိတဲ့ အသီးဖြစ်ပြီး ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရတွေပါပါတယ်။ မိခင်နို့အထွက်ကောင်းစေပါတယ်။ ရေဓါတ်ရစေပါတယ်။ ဗီတာမင် C၊ ကယ်ဆီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် စတဲ့ ဗီတာမင်တွေနဲ့ ပြည့်နေပါတယ်။

မိခင်နို့ထုတ်လုပ်မှု တိုးတက်စေမယ့် အစားအစာတွေ များများစားနိုင်ရင် မိခင်နို့အရည်အသွေးလည်း မြင့်လာမယ် (Photo by Today’s Parent)
ငှက်ပျောသီး
ငှက်ပျောသီးက အရသာရှိတဲ့ အသီးဖြစ်ပြီး ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝပါတယ်။ နို့တိုက်နေချိန် မေမေတို့ ဗိုက်မဆာအောင် ကူညီပေးပါတယ်။ ငှက်ပျောသီးက မိခင်နို့အထွက်တိုးစေပြီး အမျှင်ဓါတ်နဲ့ အရည်ဓါတ် ရစေပါတယ်။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာ အံ့သြဖွယ်ကောင်းတဲ့ antioxidant ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် မိခင်နို့ရည်မှတဆင့် ကလေးဆီလည်း ရောက်ရှိသွားနိုင်ပါတယ်။ နောက်ပြီး ဗီတာမင် A နဲ့ K၊ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓါတ်တို့ ပါဝင်ပါတယ်။
သရက်သီး
သရက်သီးမှာ antioxidants နဲ့ ဗီတာမင် K တို့ပါပါတယ်။ နောက်ပြီး အမျှင်ဓါတ်နဲ့ ပိုတက်ဆီယမ်တို့ပါဝင်လို့ နို့တိုက်အမေတွေအတွက် အလွန်ကောင်းပါတယ်။ အရသာရှိတဲ့ အသားဖြစ်ပါတယ်။
နို့တိုက်မေမေတွေအနေနဲ့ အသီးအနှံတွေ နေ့တိုင်းစားဖို့ မမေ့ပါနဲ့နော်။
Comments