
ဒူးနဲ့တံတောင်ဆစ် မည်းရတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ လည်ပင်းနဲ့ ဂုတ်ပိုးမှာ အရင်ကထက် မည်းတာတွေ ရှိသလို တံတောင်ဆစ်နဲ့ ဒူးမှာလည်း အမည်းတွေ ပိုရှိလာနိုင်ပါတယ်။ သားသားမီးမီးလေးတွေ မွေးပြီးပြီ ဆိုရင်တော့ မေမေတို့ အလှအပအတွက် နည်းနည်းလေး ပြန်လည်ပြုပြင်လို့ ရပြီနော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေ ရှိခဲ့တယ်ဆိုရင် ဒီနည်းလေးတွေနဲ့ ဖယ်ရှားလိုက်ရအောင်။
ဒူးနဲ့တံတောင်ဆစ် မည်းရတဲ့ အကြောင်းရင်းတွေ
မျိုးရိုးလိုက်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ နေရောင်ခြည်အထိတွေ့များခြင်း၊ ဆေးတွေသောက်ရခြင်း၊ ကျန်းမာရေးလိုက်စားမှု အားနည်းခြင်း၊ အဝလွန်ခြင်းနဲ့ Addison’s syndrome လိုမျိုး ရောဂါ ရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

သေသေချာချာလေး ထိန်းသိမ်းပါ
ပျားရည်
တံတောင်ဆစ်ရဲ့ အမည်းတွေအတွက်တော့ သဘာဝအကောင်းဆုံး အဆီတစ်မျိုးပါပဲ။ ပျားရည်က သဘာဝ ပဋိဇီဝတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တံတောင်ဆစ်က အမည်းတွေ လျှော့ကျဖို့အတွက် ပျားရည်၊ နွားနို့၊ နနွင်းမှုန့်တို့ကို လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ဆတူစီ ရောမွှေလိုက်ပါ။ ပြီးရင်တော့ တံတောင်ဆစ်ရဲ့ မည်းတဲ့နေရာပေါ်မှာ လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ အပတ်တိုင်းလုပ်ဖို့ လိုတယ်နော်။
သံပုရာသီးကတော့
အစွမ်းထက် အသီးပဲနော်။ သံပုရာသီးမှာ ဗီတာမင် စီ ဓါတ်တွေ များများ ပါဝင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားအရေရဲ့အရောင်ကိုလည်း ကြည်လင်စေပါတယ်။ ကောင်းမွန်ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာဖို့ကိုလည်း အားပေးပါတယ်။ သံပုရာသီး အရည်ကို ဒူးနဲ့ တံတောင်ဆစ်မှာ လိမ်းပြီး နည်းနည်းလေးနှိပ်နယ်ပေးပါ။ မိနစ်(၂၀) လောက်ကြာရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပြီး အစိုဓါတ်ပါဝင်တဲ့ ခရင်မ်လေး တစ်မျိုးမျိုး လိမ်းပေးထားပါ။
Comments