အမျိုးသမီးတိုင်း အသားအရည်ကောင်းချင်သူတွေ ချည်းပါပဲ။ ဒါပေမယ့် အမျိုးသမီး အယောက် (၁၀၀)မှာ (၉၀)လောက်က အသားအရည်ပြဿနာတစ်မျိုးမျိုး ကြုံရတယ်။ အဘိုးအဘွားတွေ ခေတ်တုန်းကတော့ အသားအရည်အတွက် တကူးတက ပြုပြင်ထိန်းသိမ်းစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အစားအသောက်တွေက သဘာဝဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကလည်း ရိုးရှင်းတယ်။ နောက်ပြီး လေထုညစ်ညမ်းမှုကလည်း အခုခေတ်လောက် အခြေအနေမဆိုးဘူး။

Clay Mask လို့ခေါ်တဲ့ မြေမှုန့်၊ အသီးအနှံအမှုန့် စတဲ့ အမှုန့်ကို ရေနဲ့ဖျော်စပ်ပြီး မျက်နှာပေါ် နှံ့အောင်လူးပြီး ခြောက်သွားတဲ့အခါ ရေဆေးချရတဲ့ Mask အမျိုးအစားပါ (Photo by Research Report Insights )
ကျန်းမာတဲ့ အသားအရည်
ယနေ့ခေတ်မှာတော့ လေထုညစ်ညမ်းမှု အလွန်များလာတယ်။ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတယ်။ နောက်ပြီး အမျိုးသမီးတွေက လုပ်ငန်းခွင်ဝင်နေရတော့ စိတ်ဖိစီးမှုတွေလည်းများတယ်။ ကျန်းမာရေးကြောင့်လည်း အသားအရည်ထိခိုက်တယ်။ အစားအသောက်ကလည်း မမှန်ကြတော့ဘူး။ အိပ်ချိန်တွေကလည်း နည်းလာတယ်။ ဒီတော့ ကျန်းမာတဲ့အသားအရည်ဆိုတာ အိမ်မက်တစ်ခုလိုပါပဲ။
Skin Care
မေမေတို့အမျိုးသမီးတွေအနေနဲ့ အသားအရည်ကို နေ့စဥ်ပုံမှန်လေး ထိန်းသိမ်းပေးသွားမယ်ဆိုရင် ကျန်းမာတဲ့ အသားအရည်ပိုင်ဆိုင်လာမှာပါ။ အသားအရည်ကို ဘာတွေနဲ့ထိန်းသိမ်းကြမလဲ။ Skin Care ပစ္စည်းတွေနဲ့ ထိန်းသိမ်းကြမှာပါ။ ဒီတစ်ပတ်မှာတော့ ညပိုင်းမှာ အသုံးပြုရတဲ့ Face Mask အကြောင်းပြောပြပေးပါမယ်။

တစ်ရက်ခြား ဒါမှမဟုတ် နှစ်ရက်ခြားလောက် Mask မှန်မှန်သုံးပေးမယ်ဆိုရင် မျက်နှာအသားအရည် အာဟာရတွေရလို့ ကျန်းမာလာမယ် (Photo by Freepik)
Face Mask
လူသုံးများတဲ့ Face Mask နှစ်မျိုးရှိတယ်။ Sheet Mask လို့ခေါ်တဲ့ မျက်နှာပေါ်တိုက်ရိုက် တခါတည်းကပ်လိုက်ရတဲ့ Mask အမျိုးအစား၊ နောက်တစ်မျိုးကတော့ Clay Mask လို့ခေါ်တဲ့ မြေမှုန့်၊ အသီးအနှံအမှုန့် စတဲ့ အမှုန့်ကို ရေနဲ့ဖျော်စပ်ပြီး မျက်နှာပေါ် နှံ့အောင်လူးပြီး ခြောက်သွားတဲ့အခါ ရေဆေးချရတဲ့ Mask အမျိုးအစားပါ။
အကျိုးကျေးဇူးများ
ကိုယ်ကြိုက်တဲ့ Mask အမျိုးအစားကို ရွေးချယ်သုံးလို့ရတယ်။ တစ်ရက်ခြား ဒါမှမဟုတ် နှစ်ရက်ခြားလောက် Mask မှန်မှန်သုံးပေးမယ်ဆိုရင် မျက်နှာအသားအရည် အာဟာရတွေရလို့ ကျန်းမာလာမယ်။ ကြည်ကြည်ဝင်းဝင်းလေးဖြစ်လာမယ်။ မျက်နှာပေါ်မှာဖြစ်တတ်တဲ့ အဖုအပိန့်တွေ နည်းသွားမယ်။ အသားဖြူလာမယ်။ ပုံမှန်လေးသုံးပေးမယ်ဆိုရင် အသက်(၃၀)နောက်ပိုင်းမှာ တခြားသူတွေထက် ကိုယ်ကပိုနုနေမယ်။ အရွယ်တင်လာမယ်။
ညပိုင်း Face Mask မှန်မှန်ကပ်ပေးတာက စိတ်ဖိစီးမှုတွေ သက်သာစေပြီး အသားအရည်ကျန်းမာလာစေပါတယ်။
Comments