ဂတ်မီးဖို အသုံးပြုနေကြတဲ့ မေမေတွေအတွက် လုံခြုံစိတ်ချရမယ့် နည်းလမ်းများ

by: Nang Htwe
 0 comments  0 love

ဂတ်မီးဖိုနဲ့ မေမေတို့ ဟင်းချက်တဲ့အခါ အလေအလွင့်မဖြစ်အောင်နဲ့ ဂတ်ကုန်ကျစရိတ် သက်သာဖို့အတွက် ချက်မယ့်ဟင်းတွေကို တခါတည်းပြင်ဆင်ထားပါ။

ဂတ်မီးဖိုဟာဆိုရင် ချက်ပြုတ်ရတာ မြန်ဆန်တဲ့အပြင် လွယ်ကူပြီး သန့်ရှင်းပါတယ်။ မေမေတို့အနေနဲ့ ဂတ်မီးဖိုကို စနစ်တကျ အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ နည်းစနစ်မကျဘူးဆိုရင် မတော်တဆ မီးလောင်တာတွေ အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် Kalay ကနေ မေမေတို့အတွက် ဂတ်မီးဖို အသုံးပြုတဲ့အခါ အန္တရာယ်ကင်းဖို့နဲ့ ချွေတာနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

ဂတ်မီးဖိုဟာဆိုရင် ချက်ပြုတ်ရတာ မြန်ဆန်တဲ့အပြင် လွယ်ကူပြီး သန့်ရှင်းပါတယ် (Photo by www.foodnetwork.com)

ယိုစိမ့်ခြင်းရှိမရှိ

ဂတ်မီးဖိုအသုံးပြုတဲ့အခါ ဂတ်ဗူး ယိုစိမ့်နေလား၊ လုံခြုံလားဆိုတာ စစ်ဆေးရပါမယ်။ နောက်ပြီး ဂတ်ဗူး အဟောင်းတွေကို လုံးဝမသုံးသင့်ပါဘူး။ ဒီနေရာမှာ မေမေတို့ ပိုက်ဆံမနှမြောသင့်ပါဘူး။

ရေပြောင်ပါစေ

ဂတ်မီးဖိုနဲ့ ဟင်းချက်တော့မယ်ဆိုရင် အိုးက ရေပြောင်နေဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း မမေ့သင့်ပါဘူး။ ရေခြောက်အောင် သုတ်ပါ။

အလွန်အမင်းအသုံးမပြုပါနဲ့

ဂတ်မီးဖိုနဲ့ ဟင်းတွေ တစ်ခွက်ပြီးတစ်ခွက် တခါတည်း အမြောက်အများ ချက်ပြုတ်တာကို ရှောင်ကြဉ်ပါ။

အဖုံးအုပ်ပါ

ဂတ်မီးဖိုနဲ့ ဟင်းချက်တဲ့အခါ ဟင်းအိုးကို အဖုံးအုပ်ထားဖို့ မမေ့ပါနဲ့။

ဂတ်မီးဖိုအသုံးပြုတဲ့အခါ ဂတ်ဗူး ယိုစိမ့်နေလား၊ လုံခြုံလားဆိုတာ စစ်ဆေးရပါမယ် (Photo by Spotong)

ဆူပွက်လာမယ့်အရာတွေကို ရှောင်ပါ

မေမေတို့ချက်ပြုတ်မယ့် ဟင်းက ရေဆူပွက်ပြီး အောက်ကို အနည်းငယ်ကျလာမယ့်အရာတွေဆိုရင် ဂတ်မီးဖိုနဲ့ မချက်တာ အကောင်းဆုံးပါ။

အပူချိန်လျှော့ပါ

ဂတ်မီးဖိုနဲ့ ဟင်းချက်တဲ့အခါ အပူချိန်အမြင့်ဆုံးတင်ပြီး အကြာကြီး ချက်တာမျိုး မလုပ်သင့်ပါဘူး။

တခါတည်း ပြင်ဆင်ထားပါ

ဂတ်နဲ့ ဟင်းချက်တဲ့အခါ အလေအလွင့်မဖြစ်အောင်နဲ့ ဂတ်ကုန်ကျစရိတ် သက်သာဖို့အတွက် ချက်မယ့်ဟင်းတွေကို တခါတည်းပြင်ဆင်ထားပါ။

ဂတ်မီးဖိုနဲ့ ဟင်းချက်နေကြတဲ့ မေမေတို့အတွက် သတိထားစရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x