မေမေတို့ရေ လက်သည်းကို ဒီအတိုင်းပဲ ညှပ်လိုက်တာလား

by: Nang Htwe
 0 comments  0 love

လက်သည်းကို သတိမထားဘဲ ညှပ်ရင် ဘက်တီးရီးယားရောဂါပိုးတွေ ဝင်ရောက်သွားနိုင်ပါတယ်။ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အလှပြင်ဆိုင်သွားပြီး ညှပ်တာပဲဖြစ်ဖြစ် သတိထားရပါမယ်။

 

လက်သည်းကို သတိမထားဘဲ ညှပ်ရင် ဘက်တီးရီးယားရောဂါပိုးတွေ ဝင်ရောက်သွားနိုင်ပါတယ် (Photo by The Irish Times)

ရေစိမ်ပါ

လက်သည်းကို ဒီအတိုင်းညှပ်တာထက် မညှပ်ခင် ရေခဏစိမ်ပြီးမှ ညှပ်ပေးတာ ပိုကောင်းပါတယ်။ သာမန်ရေထက် နည်းနည်းနွေးတဲ့ ရေကိုစိမ်တာ ပိုကောင်းပါတယ်။ ရေစိမ်ပေးတာက လက်သည်းညှပ်ရတာ ပိုပြီး အဆင်ပြေစေလို့ပါ။

အခုံး

လက်သည်းညှပ်တဲ့အခါ အလျားလိုက် ညှပ်တာထက် အခုံပုံစံညှပ်တာ ပိုအဆင်ပြေပါတယ်။ အခုံးပုံစံညှပ်တာက လက်သည်းရှည်လာတဲ့အခါ ပိုအဆင်ပြေစေသလို ကျန်းမာရေးအတွက်လည်း သင့်တော်လို့ပါ။ အခုံးပုံစံကို လက်သည်းတင်မက ခြေသည်းကိုပါ အဲဒီပုံစံအတိုင်း ညှပ်ပေးပါ။

လက်သည်းကိုအားဖြည့်ပေးပါ (Photo by DERMASCOPE Magazine)

သန့်ရှင်းအောင်ထားပါ

လက်သည်းညှပ်တွေ၊ တံစဉ်းတွေနဲ့ လက်သည်းအသုံးအဆောင်ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တခြားသူတွေနဲ့ ရောမသုံးပါနဲ့။ ဆိုင်သွားရင်လည်း ကိုယ့်ပစ္စည်းကို ယူသွားပါ။ နောက်ပြီး လက်သည်းသုံးတဲ့ ပစ္စည်းတွေကို တခြားကိရိယာတွေနဲ့ ရောမထားပါနဲ့။

ညှပ်ပြီးတဲ့အခါ

လက်သည်းညှပ်ပြီးတဲ့အခါ ဒီအတိုင်းပစ်မထားပါနဲ့။ လက်သည်းကိုအားဖြည့်ပေးပါ။ လက်သည်းကို အားဖြည့်ပေးတဲ့ skincare လိုမျိုး အလှကုန်ပစ္စည်းတွေရှိပါတယ်။ အဲဒါလေးတွေကိုလည်း ဝယ်ထားပါ။ လက်သည်းညှပ်ပြီးတိုင်း အားဖြည့်ပေးရင် လက်သည်းခွံကို ချောသွားစေပြီး လှပတဲ့ လက်ချောင်းလေးတွေ ဖြစ်လာမှာပါ။ လက်သည်းအားဖြည့်ပေးတဲ့ ပစ္စည်းကို လက်သည်းခွံပေါ် လိမ်းထားပေးရုံပါပဲ။

တံစဉ်း

တချို့လက်သည်းညှပ်တဲ့မှာတော့ တံစဉ်းလိုမျိုးအရာလေးပါပါတယ်။ တချို့လည်း မပါပါဘူး။ မပါရင် သပ်သပ်ဝယ်ထားပါ။ သူက လက်သည်းထပ်ကို ညီညာစေပါတယ်။ ကုတ်မိ ခြစ်မိတဲ့အခါမျိုးမှာလည်း ဒဏ်ရာမဖြစ်တော့ပါဘူး။ လက်သည်းကို လှစေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles