အခုလို အိမ်ထဲနေရတဲ့အချိန်မှာ မေမေတို့ ဘာတွေလုပ်ကြမလဲ

by: Nang Htwe
 0 comments  0 love

အခုလို အိမ်ထဲမှာ ရက်တွေဆက်တိုက်နေရတဲ့အခါ ပျင်းလာတာမျိုး ခံစားရတယ်နော်။ မေမေတို့ဆီမှာ အဝတ်အစားတွေ အများကြီးရှိလား။ ဒါဆို အခုချိန်မှာ အဝတ်အစားတွေကို အစီစဉ်လိုက် ခွဲထားလို့ရတယ်နော်။

 

အဝတ်အစားတွေကို သူ့နေရာနဲ့သူထားတာက မလိုအပ်ဘဲ အဝတ်အစားတွေ မဝယ်မိတော့ပါဘူး (Photo by My Friend Jane)

အဝတ်အစားတွေကို အရင်ခွဲထားပါ

အရင်ဆုံး အဝတ်ဗီရိုကို ဖွင့်လိုက်ပါ။ အဝတ်သေတ္တာတွေကို လှန်လိုက်ပါ။ ဘယ်အဝတ်အစားတွေက မဝတ်တော့တဲ့အရာတွေလဲ။ မဝတ်တော့မယ့် အဝတ်အစားတွေကို တစ်နေရာစုထားလိုက်ပါ။ လာမယ့်နွေရာသီမှာ ဘာတွေဝတ်မလဲ။ ပေါ့ပါးပြီး အေးအေးလေးဖြစ်မယ့် အဝတ်အစားတွေကို တစ်ပုံထားလိုက်ပါ။ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက အဝတ်အစားတွေကို ခေါက်ပြီး ဗီရို ဒါမှမဟုတ် အဝတ်သေတ္တာတစ်ခုထဲ ထည့်ထားလိုက်ပါ။

လာမယ့် (၁၁)လပိုင်း ဆောင်းရာသီမှာ ပြန်ထုတ်ဝတ်တဲ့အခါ တကွဲတပြားရှာစရာ မလိုတော့ဘူးပေါ့နော်။ နွေရာသီအတွက် ဝတ်မယ့်အဝတ်အစားတွေကု ကိုယ်လက်လှမ်းမီတဲ့ ဗီရိုတစ်နေရာရာ ဒါမှမဟုတ် သေတ္တာထဲ ထည့်လိုက်ပါ။ မဝတ်တော့တဲ့ အဝတ်အစားတွေကို အိပ်ထဲထည့်ပြီး သူများကိုပေးဖို့ သတ်မှတ်ထားလိုက်ပါ။ ရုံး ဒါမှမဟုတ် မင်္ဂလာဆောင်၊ မွေးနေ့တွေမှာ ဝတ်ဆင်မယ့် အဝတ်အစားတွေကို သီးသန့်ခွဲထားပါ။ နေရာတစ်နေရာ ပေးထားပါ။

အဝတ်အစားတွေ သူ့အနေရာနဲ့သူ ရှိနေမယ်ဆိုရင် မေမေတို့အသိစိတ်ထဲမှာ ဝတ်စရာတွေ အများကြီးရှိသေးတာကို အမြဲသတိရစေပါတယ် (Photo by Meccano Home)

အဝတ်အစားတွေ ခွဲထားခြင်းရဲ့ အကျိုးကျေးဇူး

အဝတ်အစားတွေကို သူ့နေရာနဲ့သူထားတာက မလိုအပ်ဘဲ အဝတ်အစားတွေ မဝယ်မိတော့ပါဘူး။ အဝတ်အစားတွေ တွေ့တိုင်းမဝယ်ဖြစ်တော့တာကြောင့်လည်း ပိုက်ဆံအပိုကုန်တာ သက်သာသွားပြီပေါ့နော်။ အဝတ်အစားတွေ သူ့အနေရာနဲ့သူ ရှိနေမယ်ဆိုရင် မေမေတို့အသိစိတ်ထဲမှာ ဝတ်စရာတွေ အများကြီးရှိသေးတာကို အမြဲသတိရစေပါတယ်။

မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေကို လိုအပ်သူကိုပေးလိုက်တာပဲဖြစ်ဖြစ် ခြေသုတ်ဝတ်၊ မီးဖိုချောင်သုံးဖို့ လက်အိတ် ဒါမှမဟုတ် လက်သုပ်ပုဝါ ပြုလုပ်နိုင်ပါတယ်။ မေမေတို့ စက်ချုပ်တတ်ရင် မေမေတို့ သိပ်မဝတ်ဖြစ်တဲ့ အဝတ်အစားလေးကို  ကလေးအတွက် အင်္ကျီချုပ်ပေးတာမျိုး အရုပ်လုပ်ပေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

အဝတ်အစားတွေ ကြောင့် ပိုက်ဆံအလေအလွင့်မဖြစ်ရအောင် အခု Kalay က ပြောသလိုမျိုးလေး သူ့နေရာနဲ့သူ ခွဲထားပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles