မေမေတို့ရဲ့ ဆံသားတွေ ကောင်းနေဖို့ အုန်းဆီ အမြဲသုံးကြစို့

by: Nang Htwe
 0 comments  0 love

မေမေတို့ ရွေးချယ်မှု အများဆုံး Hair Product ဖြစ်ပါတယ်။ ဘိုးဘွားအစဥ်အဆက် အသုံးပြုလာကြတာပါ။ ဆံသားကို အုန်းဆီ အမြဲသုံးပေးခြင်း အကျိုးကျေးဇူးတွေကတော့

ဆံပင်က ဒုတိယမျက်နှာဖြစ်လို့ မေမေတို့ သေသေချာချာလေး ဂရုစိုက်ကြပါတယ်။ တကယ်တမ်းတော့ ဆံပင်ကို ဂရုစိုက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဆံပင်အတွက်ထုတ်ကုန်တွေ သေသေချာချာ ရွေးဝယ်ရပါတယ်။ အသားအရည်ကျန်းမာရေးလိုပဲ ဆံပင်ကျန်းမာဖို့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ထောက်ပံ့ပေးတဲ့အရာတွေ ရွေးချယ်သုံးဖို့လိုတယ်။

အုန်းဆီ ဆံသား ဆံပင် ကျန်းမာရေး

အုန်းဆီလိမ်းပြီး ဖြီးပေးတာက  ဆံသားဖွာတာကို ထိန်းချုပ်နိုင်ပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်ရမယ် (Photo by Men’s Health)

အုန်းဆီက ဆံသားတွေအတွက် မေမေတို့ ရွေးချယ်မှု အများဆုံး Hair Product ဖြစ်ပါတယ်။ ဘိုးဘွားအစဥ်အဆက် အသုံးပြုလာကြတာပါ။ ဆံသားကို အုန်းဆီ အမြဲသုံးပေးခြင်း အကျိုးကျေးဇူးတွေကတော့

အုန်းဆီအမြဲသုံးပေးခြင်း အကျိုးကျေးဇူးများ

ဆံသားပျော့

ဆံသားနဂိုအကောက်သမားဆိုရင် ဆံသားခြောက်သွားရင် ဆံပင်ဖွာပြီး ဖြီးရခက်လာတယ်။ အုန်းဆီလိမ်းပြီး ဖြီးပေးတာက  ဆံသားဖွာတာကို ထိန်းချုပ်နိုင်ပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်ရမယ်။

ရေဓါတ်

ဆံသားခြောက်တာ၊ ဆံပင်ကျွတ်တာ တွေအတွက် အုန်းဆီက ရေဓါတ်ဖြည့်ပေးပါတယ်။ အကယ်လို့ မနက်ဖြန် ခေါင်းလျှော်မယ်ဆိုရင် ဒီညမှာ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ တစ်မျိုးမျိုးလူးပြီး အိပ်ပါ။

အာဟာရ

အုန်းဆီမှာ ဆံပင်အာဟာရအတွက် ဗီတာမင် B,K,E,B12,B6,B3,K တို့ ပါဝင်တာကြောင့် အာဟာရတွေ ရပါတယ်။

ဆံပင်ကျွတ်

တစ်ပတ်တစ်ကြိမ် အုန်းဆီသုံးပြီး ဆံသားနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။

အုန်းဆီ ဆံပင်

အုန်းဆီမှန်မှန်သုံးပေးတာက ဆံသားရဲ့အမြစ်ကို ခိုင်မာစေတယ်။ ဆုံးရှုံးသွားတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ရရှိစေတယ် (Photo by The Coconut Mama)

ဆံသားကောင်း

အုန်းဆီက ဆံသားကို ကောင်းစေပါတယ်။

သန်း

အကယ်လို့ ခေါင်းမှာ သန်းတွေရှိနေတယ်ဆိုရင် အုန်းဆီက မေမေတို့ကို အထောက်အကူပြုမှာပါ။ သန်းကြောင့် ဦးရေးပြားယားယံတာ၊ ခြောက်သွေ့တာ၊ သွေးထွက်တာတွေကို ဖယ်ရှားပေးပါတယ်။  ပြီးတော့ ဆံပင်မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ကာကွယ်ပေးတယ်။ အုန်းဆီက ဆံသားအတွက် အထောက်အကူပြုတယ်။

ဗောက်ထ

ဦးရေပြားအလွန်ခြောက်သွေ့ရင် ဗောက်ထတတ်တယ်။ ချွေး၊ ဖုန်နဲ့ လေထုညစ်ညမ်းတာတွေကြောင့်လည်း ဦးရေပြားခြောက်သွေ့တယ်။ တစ်ပတ်တစ်ညလောက် အုန်းဆီကို ဦးရေပြားပေါ် လိမ်းပေးတာက ဆဲလ်သေတွေစုပုံနေတာကို တားဆီးပေးတယ်။

အမြစ်

အုန်းဆီမှန်မှန်သုံးပေးတာက ဆံသားရဲ့အမြစ်ကို ခိုင်မာစေတယ်။ ဆုံးရှုံးသွားတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ရရှိစေတယ်။

အုန်းဆီက မေမေတို့ဆံသားကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles