အလုပ်ရှုပ်ပြီး မအားလပ်တဲ့ မေမေတွေအတွက် အလှအမြန်ပြင်နည်း

by: Nang Htwe
 0 comments  0 love

အလုပ်တဖက်နဲ့ အိမ်မှုကိစ္စတွေကို မျှတအောင်စီမံရသလို၊ လုပ်ငန်းခွင်နဲ့ မိသားစုကို ဟန်ချက်ညီအောင် ထိန်းသိမ်းနေရတဲ့မေမေတွေလည်းရှိပါတယ်။

အရာရာလျင်မြန်နေတဲ့ ယနေ့ခေတ်မှာ မေမေတို့အတွက်ပိုပြီး အလုပ်များစေပါတယ်။  သားသားမီးမီးလေးတွေများတဲ့ မေမေတွေမှာလည်း အိမ်မှုကိစ္စနဲ့ မိသားစုအရေးကို အချိန်မအားလပ်အောင် အလုပ်များနေပါတယ်။ ဒီလိုအလုပ်များနေတဲ့အခါမှာ အလှပြင်ချိန်ဆိုတာ အရင်တုန်းကလို အချိန်သပ်သပ်မပေးနိုင်တော့ပါဘူး။ ဒါကြောင့် မအားလပ်တဲ့ မေမေတို့အတွက် အမြန်အလှပြင်နိုင်မယ့် နည်းလမ်းလေးတွေကို Kalay ကနေ ပြောပြပေးသွားမှာပါ။

အလုပ်များနေတဲ့အခါမှာ အလှပြင်ဖို့ဆိုတာ အရင်တုန်းကလို အချိန်သပ်သပ်မပေးနိုင်တော့ပါဘူး (Photo by Extra Petite)

မအားလပ်တဲ့ မေမေတွေအတွက် အမြန်အလှပြင်နိုင်မယ့် နည်းလမ်းများ

၁။ ဆံပင်

အလုပ်ရှုပ်နေတဲ့ မေမေတွေအတွက်တော့ ဆံပင်ရှည်က အဆင်ပြေမှာမဟုတ်ပါဘူး။ ဆံပင်အတိုညှပ်လိုက်တာက မေမေတို့အတွက် ပိုပြီးအဆင်ပြေစေသလို စတိုင်ပိုကျစေပါတယ်။ ဒါကြောင့် မေမေတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်အတိုပုံစံကို ရွေးချယ်ပြီး ညှပ်ပေးပါ။

၂။ Cushion

မေမေတို့အနေနဲ့ မိတ်ကပ်ကို တဆင့်ချင်းလိမ်းနေမယ်ဆိုရင် အချိန်ကြာနိုင်ပါတယ်။ ဒါကြောင့် လိမ်းချယ်ပေးရမယ့် အဆင့်ဆင့်တွေကို တစ်ကြိမ်တည်းအပြီးလိမ်းနိုင်တဲ့ Cushion ကိုအသုံးပြုပေးပါ။ အခုခေတ်မှာလည်း Cushion တွေအမျိုးမျိုးရှိတာကြောင့် မေမေတို့ရဲ့ အသားအရေနဲ့ လိုက်ဖက်တဲ့ Cushion ကိုရွေးချယ်နိုင်ပါတယ်။

အပြင်ထွက်တဲ့အခါမှာ မိတ်ကပ်လိမ်းဖို့ အချိန်နည်းမရရင်တောင်မှ မျက်တောင်ကော့ဆေးလေးနဲ့ မျက်တောင်ကော့ပေးဖို့ မမေ့ပါနဲ့ (Photo by divabeauty)

၃။ ခေါင်းလျှော်ရည်

ခေါင်းလျှော်တာ အချိန်ပေးရပါတယ်။ မေမေတို့အနေနဲ့ အလုပ်ရှုပ်တာကြောင့် ခေါင်းခဏခဏမလျှော်နိုင်ပါဘူး။ ဒါကြောင့်  Dry Shampoo ကို မေမေရဲ့ လက်ကိုင်အိတ်ထဲမှာ ဆောင်ထားလိုက်မယ်ဆိုရင် မကြာခဏ ခေါင်းလျှော်ပေးစရာမလိုတော့ပါဘူး။ အပြင်ထွက်ခါနီးမှာ မေမေတို့ရဲ့ ဆံပင်ကို  Dry Shampoo လေးဖြန်းပေးလိုက်ပါနော်။

၎။ မျက်တောင်ကော့ဆေး

အပြင်ထွက်တဲ့အခါမှာ မိတ်ကပ်လိမ်းဖို့ အချိန်နည်းနေတယ်ဆိုရင်တောင်မှ မျက်တောင်ကော့ဆေးလေးနဲ့ မျက်တောင်ကော့ပေးလိုက်မယ်ဆိုရင်တော့ မိတ်ကပ်လိမ်းမထားရင်တော့ မေမေတို့ရဲ့ မျက်နှာလေးက ကြည့်ကောင်းနေမှာ သေချာနေပါတယ်။

၅။ နှုတ်ခမ်းအဆီ

နှုတ်ခမ်းအဆီဘူးလေးက မေမေတို့ကို ယုံကြည်မှုတွေ တိုးပွားစေပါတယ်။ မိတ်ကပ်လိမ်းဖို့ အချိန်မရှိတဲ့ မေမေတွေအနေနဲ့ နှုတ်ခမ်းအဆီကိုတော့ မဖြစ်မနေဆိုးပေးပါ။

၆။ Cream

မိတ်ကပ်လိမ်းဖို့ အချိန်မရှိတဲ့ မေမေတွေအနေနဲ့ မျက်နှာလိမ်း Cream ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ Cream အများစုက နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးတာကြောင့် မေမေတို့နဲ့လိုက်ဖက်တဲ့ အမျိုးအစားကို ရွေးချယ်ပေးပါ။

ဒီပစ္စည်းလေးတွေက မေမေတို့အတွက် အချိန်ကုန်သက်သာပြီး အမြဲလှပဖို့ အထောက်အကူပြုနေမှာဖြစ်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: beautybusymother

Comments

0 comments
Latest video
Refer to more useful articles
x