မေမေတို့နေ့တိုင်းသုံးပေးသင့်တဲ့ anti aging ပါဝင်သော အလှကုန်ပစ္စည်းများ

by: Nang Htwe
 0 comments  0 love

ယနေ့ခေတ်မှာ ခေတ်စားတဲ့ အသားအရည်(glow) တောက်ပချင်တယ်ဆိုရင်လည်း Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပေးပါ

မေမေတို့နေ့တိုင်း အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေမှာ အိုမင်းရင့်ရော်တာကို ဆန့်ကျင်ပေးတဲ့ anti aging ပါဝင်တဲ့ မိတ်ကပ်နဲ့ skincare တွေ ပါဝင်နေလား။ မပါသေးဘူးဆိုရင်တော့ အသုံးပြုဖို့ တိုက်တွန်းပါတယ်။ Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသက်(၂၅) နှစ်ကစပြီး အသုံးပြုပေးသင့်ပါတယ်။

Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသက်(၂၅)နှစ်ကစပြီး အသုံးပြုပေးသင့်ပါတယ် (Photo by Global Industry Journal)

Anti aging ပါတဲ့ အလှကုန်ပစ္စည်းများ

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုကြဖို့ အလှအပရေးရာ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ အသက်(၂၅) နှစ်ကျော်လာတဲ့အခါ ခန္ဓာကိုယ်ထဲက ကော်လဂျင်တွေ စတင်ဆုံးရှုံးလာပါတယ်။  Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေ က အသားအရည်ရဲ့ အလွှာတွေဆီကို ဆုံးရှုံးသွားတဲ့ ကော်လဂျင်တွေ ပြန်ဖြည့်ပေးပြီး မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ အစင်းတွေကို ပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်တွေ ဆုံးရှုံးလာတဲ့အခါ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ကော်လဂျင်တွေ ပြန်ရလာတဲ့အခါ အရေးအကြောင်းတွေ ပျောက်သွားပါတယ်။

ကော်လဂျင်

Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေက ကော်လဂျင်တွေဖြည့်ဆည်းပေးတာကြောင့် အရေးအကြောင်းတွေ ပျောက်ပြီး ငယ်ရွယ်လာစေပါတယ်။ အသားအရည် တင်းတင်းရင်းရင်းလေးဖြစ်သွားပြီး လှပလာစေပါတယ်။ Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေက နှစ်ပတ်အတွင်းမှာပဲ အသားအရည်ပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ နှစ်ပတ်အတွင်းမှာ သိသာပြောင်းလဲတဲ့ အသားအရည်ပိုင်ဆိုင်စေပါတယ်။

ယနေ့ခေတ်မှာ ခေတ်စားတဲ့ အသားအရည်(glow) တောက်ပချင်တယ်ဆိုရင်လည်း Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပေးပါ (Photo by skinadvices.com)

အသားအရည်တောက်ပခြင်း

မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းကို Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေ အဓိက ထားသုံးသင့်လဲ။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို အဓိကထား အသုံးပြုသင့်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်စားတဲ့ အသားအရည်(glow) တောက်ပချင်တယ်ဆိုရင်လည်း Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပေးပါ။

ဒီနေ့ကစပြီး Anti aging အလှကုန်ပစ္စည်းတွေကို နေ့တိုင်းအသုံးပြုပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x