မေမေတို့ရဲ့ မျက်နှာကို မကြာခဏ ပေါင်းတင်ပေးပါ

by: Nang Htwe
 1 comments  7 love

မေမေတို့မှာ တခြားသူတွေထက် အလုပ်ကိစ္စတွေ ပိုများတယ်နော်။ စိတ်ဖိစီးမှုတွေက မျက်နှာပေါ်ကို သက်ရောက်မှုတွေ အများကြီး ရှိလာစေပါတယ်။

မေမေတို့ရေ မျက်နှာပေါ်က အသားအရေတွေ ကြမ်းတမ်းနေလို့ စိတ်ညစ်နေပြီလား။ အမာရွတ်တွေနဲ့ အမဲစက်တွေကြောင့် မေမေတို့ရဲ့ ကိုယ်ပိုင် ယုံကြည်မှုေတွ လျော့သွားတာမျိုး မဖြစ်သင့်ပါဘူးနော်။ တစ်ပတ်တစ်ကြိမ် ပုံမှန် မျက်နှာ ပေါင်းတင်ပေးတာက မေမေတို့ရဲ့ အသားအရေကို ပြန်ပြီး ကောင်းမွန်စေပါတယ်။ ဘာကြောင့် မေမေတို့ရဲ့ မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်ပေးသင့်တာလဲ။ Kalay ကနေ ဝေမျှပေးမှာမို့ ဆက်ပြီး ဖတ်ပေးပါဦးနော်။

သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးတာက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်

အသားအရေတွေ ကြမ်းတမ်းတာနဲ့ အမဲစက်တွေ ထွက်တာက အရွယ်အတိုင်ခင်မှာ အများကြီး အိုမင်းသွားစေပါတယ်။ မျက်နှာပေါင်းတင်ပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

အနားယူ

မျက်နှာပေါင်းတင်ပေးတာက မေမေတို့ တစ်နေကုန် ပင်ပန်းတာတွေကို သက်သာစေပါတယ်။ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး မျက်နှာပေါင်းတင်ပေးတာက အသားအရေကို ကောင်းမွန်စေတဲ့အပြင် စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။ ဒါကြောင့် မေမေတို့ စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်မှာ မျက်နှာပေါင်းတင်ပေးတာက စိတ်ဖိစီးမှုတွေကို သက်သာစေတဲ့အပြင် အသားအရေကိုလည်း ကောင်းမွန်လာစေပါတယ်။

သန့်စင်ပေး

သာမန် မျက်နှာသစ်ပေးတာက အရေပြားရဲ့ အတွင်းပိုင်းထိ မရောက်တာကြောင့် အချိန်ကြာလာတဲ့အခါ ဝက်ခြံနဲ့ အမဲစက်တွေ ထွက်လာနိုင်ပါတယ်။ မျက်နှာပေါင်းတင်ပေးတာက မျက်နှာရဲ့ အတွင်းပိုင်းထဲအထိ ဝင်ရောက် သန့်စင်ပေးတာကြောင့်  အမဲစက်တွေနဲ့ ဝက်ခြံထွက်တာတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ မျက်နှာ ပေါင်းတင်ပေးပါ။

ပေါင်းတင် ပြီးတဲ့အခါမှာ ညလိမ်းခရင် သို့မဟုတ် အစိုဓာတ်ဖြည့်ခရင် သို့မဟုတ် serum တစ်မျိုးမျိုးကို လိမ်းပေးပါ

 

ချွေးပေါက်

မျက်နှာပေါင်းတင်ပေးတာက ချွေးပေါက် ကျယ်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ သွေးကြောလေးတွေကိုလည်း သွေးလည်ပတ်မှုကောင်းအောင် ပြုလုပ်ပေးပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို တောက်ပလာစေပါတယ်။ ခြောက်သွေ့တဲ့ အသားအရေကို ပုံမှန်ပေါင်းတင်ပေးတာက စိုပြေတဲ့ အသားအရေကို ရရှိစေပါတယ်။

ညအချိန်မှာ ပေါင်းတင်တာက အသားအရေကို ပိုမိုထိရောက်မှု ရှိပါတယ်။ ပေါင်းတင် ပြီးတဲ့အခါမှာလည်း ညလိမ်းခရင် သို့မဟုတ် အစိုဓာတ်ဖြည့်ခရင် သို့မဟုတ် serum တစ်မျိုးမျိုးကို လိမ်းပေးတာက အသားအရေကို ပိုပြီးကောင်းမွန်စေပါတယ်။

မေမေမျက်နှာက အဆီပြန်တဲ့အသားအရည်မို့ စိတ်ညစ်နေလား

ပျားရည်

မေမေတို့အိမ်မှာ အမြဲရှိတဲ့ အရာပါ။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်နိုင်ပြီး အဆီအပြန်တဲ့ အသားအရည်နဲ့ ဝက်ခြံထွက်တဲ့ အသားအရည်တွေအတွက် အလွန်ကောင်းပါတယ်။ ပျားရည်က အဆီပြန်တာ နည်းသွားစေပြီး အသားအရည်ရဲ့ အစိုဓါတ်ကိုလည်း ထိန်းပေးပါတယ်။ ပျားရည်နဲ့ (၁၀)မိနစ်ခန့် ပေါင်းတင်ပေးပြီး ရေပြောင်းအောင် ဆေးချလိုက်ပါ။ တစ်ပတ် (၂)ကြိမ် မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင် အဆီပြန်တာတွေ နည်းသွားမှာပါ။

Oatmeal

Supermarket တွေမှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့ Oatmeal ကို အသုံးပြုပြီး မျက်နှာပေါင်းတင်‌ပေးမယ်ဆိုရင်လည်း အဆီပြန်တာကို ထိန်းနိုင်ပါတယ်။ Oatmeal ထဲကို ဒိန်ချဉ် ဒါမှမဟုတ် ပျားရည် တစ်မျိုးမျိုးထည့်ပြီး မျက်နှာပေါင်းတင်ပေးပါ။

ကြက်ဥအကာနဲ့ သံပုရာရည်

ကြက်ဥအကာနဲ့ သံပုရာရည်ရောစပ်ပြီး ပေါင်းတင်ပေးတာက မျက်နှာပေါ်မှာရှိတဲ့ အဖုအပိန့်တွေ သက်သာသွားစေပါတယ်။

အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်မေမေတွေ သတိထားရမှာက

  • တစ်ရက်ကို မျက်နှာ(၂)ကြိမ် သစ်ပါ။
  • ရေဓါတ်ပါတဲ့ ခရင်အမျိုးအစား လိမ်းပါ။
  • အဆီကို စုပ်ယူပေးတဲ့ charcoal  ဒါမှမဟုတ် clay Mask အမျိုးအစားကို သုံးပါ။
  • ဆဲလ်သေတွေ သန့်သွားဖို့ scrub တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။ မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။
  • အပြင်သွားတဲ့အခါတိုင်း SPF 15 ပါတဲ့ နေရောင်ကာခရင် (sunscreen) လိမ်းပါ။
  • အပြင်က ပြန်လာပြီဆိုရင် မိတ်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်ဖျက်ပါ။
  • မိတ်ကပ်ဘရပ်တွေ သန့်ရှင်းဖို့ အရေးကြီးပါတယ်။
  • မိတ်ကပ်လိမ်းတော့မယ်ဆိုရင် ပထမဆုံးအဆင့်မှာ primer  မဖြစ်မနေ သုံးပါ။

မေမေတို့နေ့တိုင်းသုံးပေးသင့်တဲ့ anti aging ပါဝင်သော အလှကုန်ပစ္စည်းများ

Anti aging ပါတဲ့ အလှကုန်ပစ္စည်းများ

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုကြဖို့ အလှအပရေးရာ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ အသက်(၂၅) နှစ်ကျော်လာတဲ့အခါ ခန္ဓာကိုယ်ထဲက ကော်လဂျင်တွေ စတင်ဆုံးရှုံးလာပါတယ်။  Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေ က အသားအရည်ရဲ့ အလွှာတွေဆီကို ဆုံးရှုံးသွားတဲ့ ကော်လဂျင်တွေ ပြန်ဖြည့်ပေးပြီး မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ အစင်းတွေကို ပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်တွေ ဆုံးရှုံးလာတဲ့အခါ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ကော်လဂျင်တွေ ပြန်ရလာတဲ့အခါ အရေးအကြောင်းတွေ ပျောက်သွားပါတယ်။

ကော်လဂျင်

Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေက ကော်လဂျင်တွေဖြည့်ဆည်းပေးတာကြောင့် အရေးအကြောင်းတွေ ပျောက်ပြီး ငယ်ရွယ်လာစေပါတယ်။ အသားအရည် တင်းတင်းရင်းရင်းလေးဖြစ်သွားပြီး လှပလာစေပါတယ်။ Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေက နှစ်ပတ်အတွင်းမှာပဲ အသားအရည်ပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ နှစ်ပတ်အတွင်းမှာ သိသာပြောင်းလဲတဲ့ အသားအရည်ပိုင်ဆိုင်စေပါတယ်။

အသားအရည်တောက်ပခြင်း

မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းကို Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေ အဓိက ထားသုံးသင့်လဲ။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို အဓိကထား အသုံးပြုသင့်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်စားတဲ့ အသားအရည်(glow) တောက်ပချင်တယ်ဆိုရင်လည်း Anti aging ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပေးပါ။

ဒီနေ့ကစပြီး Anti aging အလှကုန်ပစ္စည်းတွေကို နေ့တိုင်းအသုံးပြုပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: facialmasknight


Comments

0 comments
Latest video
Refer to more useful articles