မေမေတို့ရဲ့ အလှအပအတွက် မရှိမဖြစ်တဲ့ နှမ်းဆီ

by: Nang Htwe
 1 comments  74 love

အိမ်မှာရှိတဲ့ နှမ်းဆီက မေမေတို့ရဲ့ အသားအရေ အလှအပအတွက် ကုန်ကျစရိတ် သက်သာစေပြီး သဘာဝပစ္စည်းဖြစ်တာကြောင့် ဘယ်လိုအသုံးပြုရမယ်ဆိုတာကို Kalay ကနေဝေမျှပေးမယ်နော်။

အိမ်မှာအမြဲရှိနေတဲ့ နှမ်းဆီက မေမေတို့ရဲ့ အသားအရေခြောက်သွေ့ ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်

လေထုညစ်ညမ်းမှုတွေနဲ့ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်တွေကြောင့် မေမေတို့ရဲ့ အသားအရေတွေဟာ ခြောက်သွေ့ကြမ်းတမ်းလာပါတယ်။ အလုပ်လုပ်နေရတဲ့ မေမေတွေမှာ ပိုပြီးတော့ နေရောင်ခြည်ဒဏ်ကို ခံစားရပါတယ်။ နေရောင်ခြည်ဒဏ်တွေ ထိတွေ့တာ ကြာလာတဲ့အခါမှာ အသားအရေတွေ ပျက်စီးလာပါတယ်။ ဒီလိုပျက်စီးနေတဲ့အသားအရေကို မေမေတို့ အနေနဲ့ သဘာဝပစ္စည်းဖြစ်တဲ့ နှမ်းဆီကို အသုံးပြုပြီး ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါတယ်။ အိမ်မှာအမြဲရှိနေတဲ့ နှမ်းဆီက မေမေတို့ရဲ့ အသားအရေခြောက်သွေ့ ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

  • နှမ်းဆီနဲ့ မျက်နှာကို ပေါင်းတင်ပေးမယ်ဆိုရင် ဗက်တီးရီးယားကြောင့် ဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ နှမ်းဆီကိုသုံးပြီး မကြာခဏ ပေါင်းတင်ပေးပါ။
  • နှမ်းဆီမှာ အရေပြားကို ကျန်းမာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ကျန်းမာပြီး သန့်ရှင်းစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် နှမ်းဆီနဲ့ ခန္ဓာကိုယ်ကိုပေါင်းတင်ပေးပါ။
  • အသားအရေခြောက်သွေ့တဲ့ မေမေတွေဆိုရင်တော့ နှမ်းဆီကို ရွေးချယ်ပေးပါ။ နှမ်းဆီမှာ အသားအရေကို စိုစွတ်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ခြောက်သွေ့တဲ့ အရေပြားကို စိုပြေစေပါတယ်။
  • နှမ်းဆီမှာ anti-oxidants ကြွယ်ဝစွာပါဝင်တာကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေ မထွက်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုချင်တဲ့ မေမေတွေအတွက် ပိုက်ဆံကုန်သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။
  • နှမ်းဆီမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် မေမေတို့ရဲ့ မျက်နှာပေါ်မှာရှိတဲ့ အမာရွတ်နဲ့အမဲစက်တွေကို ပျောက်ကင်းစေပါတယ်။
  • နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အမဲစက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။
  • အသားအရေကြမ်းတမ်းသူတွေအတွက်လည်း နှမ်းဆီကအရမ်းအသုံးဝင်ပါတယ်။ နှမ်းဆီနဲ့ ပေါင်းတင်ပေးတာက ကြမ်းတမ်းတဲ့အသားအရေကို နူးညံ့ချောမွေ့လာစေပါတယ်။
  • ဝက်ခြံထွက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့လည်း အလှအပအတွက် နှမ်းဆီကိုအသုံးပြုပေးတာက ဝက်ခြံထွက်တာတွေကို သက်သာစေပါတယ်။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles