FAQs


1. Kalay ဆိုတာ ဘာလဲ ?

Kalay ဆိုတာ ကိုယ်ဝန်မဆောင်မီအချိန်၊ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မိဘအုပ်ထိန်းမှု အကြောင်းအရာများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို ဖတ်ရှုရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။

2. Kalay မှာ ဘယ်လိုအကြောင်းအရာအချက်အလက်တွေ ပါဝင်မလဲ ?

ကိုယ်ဝန်ဆောင်နိုင်ဖို့ မျိုးစအောင်တဲ့အချိန်မှစပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ အချက်အလက်တွေကို ကောင်းမွန်လှပတဲ့ ပုံများနဲ့တကွ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

Kalay မှာ အောက်ပါအကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်:

  • ကိုယ်ဝန်စဆောင်တာနဲ့ သိသင့်တဲ့ အခြေခံ အသိပညာ အပိုင်း၊ အစားအသောက်အနေအထိုင်အပိုင်း၊ ကိုယ်ဝန်ဆောင် ဗဟုသုတအပိုင်း
  • ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့်များ၊ ကိုယ်ဝန်ကောင်းစွာ ဖွံ့ဖြိုးဖို့အတွက် လုပ်သင့်တာနဲ့မလုပ်သင့်တာများ
  • မွေးဖွားပြီးတာနဲ့ မိခင်နဲ့ကလေး ဆက်စပ်မှုအကြောင်းအရာများ၊ ကလေးထိန်းသိမ်းစောင့်ရှောက်နည်းများ
  • ကြီးထွားလာတဲ့ကလေးနဲ့အတူ လေးနှစ်နဲ့အထက် ကလေးနဲ့မိဘအကြားပြုစုပျိုးထောင်နည်းလမ်းများကို အဆင့်ဆင့် ရှင်းလင်းဖော်ပြထားတဲ့ အကြောင်းအရာများစွာကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Community

  • Group: စိုးရိမ်ပူပန်မှုတွေကို တခြားမိခင်များနဲ့ ပြောဆိုဆွေးနွေးနိုင်ခြင်း။
  • Blog: ကိုယ့်ခံစားချက်များကို မျှဝေနိုင်ခြင်း။
  • FAQ: မြန်မာနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်သူများထံသို့ မေးခွန်းများမေးနိုင်ခြင်း။
  • Album: ကိုယ့်ကလေးရဲ့ချစ်စရာဓါတ်ပုံလေးများ ပြသလို့ရခြင်း။
  • News: မိခင်နဲ့ကလေးစောင့်ရှောက်ခြင်း၊ သတင်းများ အချိန်နဲ့တပြေးညီ ဖတ်ရှုလို့ရခြင်း။

3. Kalay မှာရှိတဲ့ ဆောင်းပါးများနဲ့အဖွဲ့ဝင်များအတွက် အဓိကအချက်က ဘာလဲ ?

ဆောင်းပါးတစ်ပုဒ်မှာ ပါဝင်တဲ့ အချက်အလက်တွေက ဘယ်လောက်အသုံးဝင်တဲ့များအချက်တွေ ပါဝင်လဲဆိုတာ ကြည့်ပြီး တွက်ချက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ရှုသူ ဘယ်လောက်ရှိလဲ၊ ကြိုက်နှစ်သက်သူ ဘယ်လောက်လဲ၊ မှတ်ချက်တွေက ကောင်းလား ဆိုတာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ အဓိကကအနေနဲ့ တခြားဖတ်ရှုသူတွေက ဆောင်းပါးကို Love ပေးတဲ့သူ အပေါ်လည်း မူတည်ပါတယ်။
အဖွဲ့ဝင်အတွက်ကတော့ အသင်းအဖွဲ့တွေတိုင်းမှာ ဘယ်လိုတက်ကြွစွာ ပါဝင်လှုပ်ရှားလဲဆိုတာ နဲ့ ဆုံးဖြတ်ပါတယ်။ ဘလော့တွေမှာ ဝင်ရေးလား၊ ကလေးပုံတွေ တင်ရဲ့လား၊ တခြားသူတွေနဲ့ ဘယ်လိုဆွေးနွေးလဲ စတဲ့အချက်တွေကို ကြည့်ပြီး အဖွဲ့ဝင်အတွက် ဆုံးဖြတ်ပေးပါတယ်။

4. Kalay ပေါ်မှာ blog များရေခြင်း၊ ကလေးပုံများတင်ခြင်း နဲ့ အကြောင်းအရာများဆွေးနွေးခြင်းကို လုပ်ဆောင်လို့ရပါသလား ?

Kalay မှ ဒီလိုပါဝင်မှုကို အမြဲတမ်း ကြိုဆိုလျှက်ရှိပါတယ်။ Kalay မှ မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုများအတွက် အကောင်းဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်မှုမရှိပဲ ပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

5. Kalay မှာဘာကြောင့်စာရင်းပေးသွားဖို့ လိုအပ်တာလဲ ? ဒါက အခမဲ့ ပဲလား ?

အခမဲ့ဖြစ်ပါတယ်။ ဒီလို အကောင့်ပြုလုပ်ပြီး စာရင်းပေးသွားတာနဲ့ အချက်အလက်တွေကို ကိုယ်တိုင်ရှာဖွေ ဖတ်နေစရာ မလိုတော့ပဲ Kalay ကနေ အချိန်နဲ့တစ်ပြေးညီ အရောက် ပို့ဆောင်ပေးသွားမှာလည်း ကူညီသွားမှာ ဖြစ်ပါတယ်။

6. Kalay ကိုဘယ်လိုဆက်သွယ်မလဲ ?

တကယ်လို့ Kalay အတွက် မေးစရာအကြောင်းအရာများရှိရင် ဒါမှမဟုတ် လိုအပ်မှုများအတွက် @marry.com.mm ကိုဆက်သွယ်လို့ရနိုင်ပါတယ်။