မေမေတို့ရေ မိဘဖြစ်ရတာ အရမ်းခက်ခဲပါတယ်။ ကလေးတွေ ရုတ်တရက် ဝုန်းဒိုင်းကြဲခြင်းကနေမှ စပြီး အိမ်မှုကိစ္စများကို စီမံခန့်ခွဲရတာတွေ၊ အစားစားအောင် ကျွေးရတာတွေနဲ့ ကလေး စားသောက်တတ်အောင် သင်ပေးရတာတွေအထိ မိဘများက ပိန်လှီပြီး စိတ်ဖိစီးမှုကို နေ့တိုင်းခံနေကြရတာနော်။
မိဘများရဲ့ စိတ်ဖိစီးမှုအဆင့်က ကလေးများရဲ့ မတူညီတဲ့ရောဂါများနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေများနဲ့ ဆက်စပ်တယ်လို့ လေ့လာမှုများစွာရှိပါတယ်။ ခုတစ်ကြိမ်တွင် လေ့လာမှုအသစ်တစ်ခုက မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးများရဲ့ ကိုယ်အလေးချိန်ကြီးထွားမှုကို အလွန်အဆိပ်ဖြစ်စေတယ်လို့ ဆိုပါတယ်။
မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးများတွင် အဝလွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်တဲ့။ အထူးသဖြင့် ကလေးရဲ့ ဘဝ ပထမနှစ်မှာ ဒီလို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးများအပေါ် ရေရှည် အကျိုးသက်ရောက်မှုရှိကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ ကိုယ်ဝန်ပထမနှစ်အထိ မိခင်ရဲ့စိတ်ဖိစီးမှုအဆင့်မှာ မြင့်မားပါက ကလေးက ပထမငါးနှစ်တွင် အဝလွန်နိုင်ခြေ ပိုများကြောင်း ရလဒ်များက ဖော်ပြထားပါတယ်။ Berlin Institute for Health Research မှ ဒေါက်တာ Saskia Trump ရဲ့ အဆိုအရ မိခင်များက ဖခင်များထက် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် ပို၍ ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုအချက်များ
မိခင်တွေအတွက် စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ရံဖန်ရံခါ ရုပ်ဆိုးတဲ့ ကလေးများအပြင် စိတ်ဖိစီးမှုရဲ့ အဓိကအရင်းအမြစ်များထဲမှတစ်ခုမှာ ပတ်ဝန်းကျင်နဲ့ ငွေကြေးဆိုင်ရာအချက်များဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာမှုအရ စိတ်ဖိစီးမှုများသော မိခင်များသည် များသောအားဖြင့် နေရေးထိုင်ရေး ညံ့ဖျင်းသော ဒါမှမဟုတ် အိမ်ထောင်စုဝင်ငွေနည်းသူများ ဖြစ်ကြပါတယ်တဲ့။ အသွားအလာများတာ ဒါမှမဟုတ် ဆူညံသံများတဲ့ ပတ်ဝန်းကျင်ရှိရင်လဲ စိတ်ဖိစီးမှုကိုလည်း သက်ရောက်မှုရှိပါတယ်တဲ့။ သုတေသီများက ကလေးများရဲ့ ဘဝပထမနှစ်ကို ထိလွယ်ရှလွယ်အဆင့်ဟု ခေါ်သည်။ ဒီကာလအတွင်း မိခင်များရဲ့ အခြေအနေကို အာရုံစိုက်ပြီး စိတ်ဖိစီးမှုကို အလေးအနက်ထားရန် အရေးကြီးပါတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် မေမေများရဲ့ ကျန်းမာအောင် နေခြင်း၊ စိတ်ဖီစီးမှု ကင်းအောင် နေပေးခြင်းဖြင့် မေမေတို့ရဲ့ ကလေးများကို အဝလွန်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မျှဝေပေးလိုက်ပါတယ်။
Comments