ပူတူတူလေးတွေ ဆံပင်စညှပ်ဖို့ အသင့်တော်ဆုံးအသက်အရွယ်

by: Nang Htwe
 0 comments  0 love

ကလေးငယ်ကို ဘယ်အချိန်မှာ ဆံပင်စညှပ်ပေးရမယ်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး။ မေမေတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်

သားသားမီမီးလေးတွေရဲ့ ဆံပင်နဲ့ ပတ်သက်ပြီး အယူအဆတွေအမျိုးမျိုးရှိပါတယ်။ တချို့အယူအဆတွေက ဆေးပညာအရ ဘယ်လိုမှ ဆက်စပ်လို့မရပါဘူး။ လက်ဆင့်ကမ်းလာတဲ့ စကားတွေပါပဲ။

Image result for Your Baby’s First Haircut: Everything You Need to Know

သားသားမီမီးလေးတွေရဲ့ ဆံပင်နဲ့ ပတ်သက်ပြီး အယူအဆတွေအမျိုးမျိုးရှိပါတယ် (Photo by Smart Parenting)

သားသားမီးမီးလေးတွေကို ဆံပင်ဘယ်အချိန် စညှပ်ပေးမယ်ဆိုတာ မေမေတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ မွေးခါကစတုန်းကတော့ သူတို့လေးတွေမှာ ဆံပင်လေးနည်းနည်းလေးသာ ပါပါတယ်။ တဖြည်းဖြည်းနဲ့ ရက်တွေ ကြာလာတဲ့အခါ ဦးခေါင်းတစ်ခုလုံးမှာ ဆံပင်တွေ ပြည့်လာပါတယ်။ မျိုးရိုးပေါ်မူတည်ပြီး ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ဆံပင်ထူတာ၊ ပါးတာ ကွဲသွားနိုင်ပါတယ်။

ကလေးငယ်ရဲ့ ဘယ်အသက်အရွယ်မှာ ဆံပင်စညှပ်ပေးသင့်လဲ

ကလေးငယ်ကို ဘယ်အချိန်မှာ ဆံပင်စညှပ်ပေးရမယ်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး။ မေမေတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။ မေမေတို့ သိထားသင့်တာက သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကို မထိခိုက်မိစေဖို့ပါ။ သားသားမီးမီးလေးတွေရဲ့ ဆံပင်ကိုညှပ်လိုက်တဲ့အခါ ကလေးငယ်တွေ အပူချိန်အပြောင်းအလဲဖြစ်ပြီး ဖျားနာတာတွေ ကြုံရနိုင်ပါတယ်။

Image result for Your Baby’s First Haircut: Everything You Need to Know

ကလေးငယ်ကို ဘယ်အချိန်မှာ ဆံပင်စညှပ်ပေးရမယ်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး (Photo by Tinystep)

ဒါကြောင့် ကလေးငယ်ကို ပထမဆုံး ဆံပင်ညှပ်ပေးတော့မယ်ဆိုရင် ရာသီဥတုအခြေအနေပေါ် စောင့်ကြည့်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ အသက်(၃)လပြည့်မှ ဆံပင်စညှပ်ပေးသင့်ပါတယ်။ အသက်(၃)လနောက်ပိုင်းဟာ ကလေးငယ်တွေအတွက် ဆံပင်စညှပ်ဖို့ အကောင်းချိန်အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကလေးငယ်ရဲ့ အသက်(၁)လနဲ့ (၂)လဟာ ဆံညှပ်ဖို့ အလွန်စောလွန်းပါတယ်။ အသက်(၃)လကျော်လာရင်တော့ ကလေးငယ်ရဲ့ ဦးခေါင်းဟာ မေမေတို့အကူအညီနဲ့ ကောင်းကောင်းမွန်မွန်ထောင်မတ်လာနိုင်ပြီမို့ ဆံပင်စညှပ်ပေးဖို့ အကောင်းဆုံးအချိန်ဖြစ်လာတာပါ။

တချို့မေမေတွေဆိုရင် ကလေးငယ်တွေထိုင်နိုင်တဲ့အရွယ် (၅)လနဲ့ (၆)လကြားမှာ ဆံပင်စတင်ညှပ်ပေးကြပါတယ်။

မေမေတို့ကိုယ်တိုင် ညှပ်ပေးတာထက် ဆံပင်ညှပ်ဆိုင်က ကျွမ်းကျင်သူကိုခေါ်ပြီး ညှပ်ပေးစေတာက သားသားမီးမီးလေးတွေအတွက် ပိုအဆင်ပြေပါတယ် (Photo by Birth Matters NYC)

ဘယ်နေရာမှာ ဆံပင်စညှပ်ပေးမလဲ

အိမ်မှာပဲ စတင်ညှပ်ပေးတာ အကောင်းဆုံးပါ။ မေမေတို့ကိုယ်တိုင် ညှပ်ပေးတာထက် ဆံပင်ညှပ်ဆိုင်က ကျွမ်းကျင်သူကိုခေါ်ပြီး ညှပ်ပေးစေတာက သားသားမီးမီးလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ ဆံပင်စညှပ်တဲ့အခါ ဓါးနဲ့ ကတ်ကြေးတွေအစား electric clippers ကို အသုံးပြုပေးတာ  ကလေးလေးအတွက် ပိုအဆင်ပြေပါတယ်။ Clippers အသုံးပြုတဲ့အခါ ဖြေးဖြေးချင်းညှပ်ပေးပါ။ အမြန်ညှပ်တာက ကလေးငယ်ရဲ့ ဦးခေါင်းကို ဖိအားတွေ သက်ရောက်စေပါတယ်။ ဆံပင်စညှပ်တဲ့အခါ ကလေးငယ်ကို သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးပါ။ ဆံပင်ညှပ်ချိန်မှာ အရုပ်လေးတွေပေးထားတာ ကလေးငယ်တွေကို စိတ်ဖိစီးမှု လျှော့စေပြီး ကြောက်လန့်ပြီးငိုတာမျိုး နည်းသွားမှာပါ။

သားသားမီးမီးလေးတွေကို ဘယ်အချိန်ဆံပင်စညှပ်ပေးရမယ်ဆိုတာ မေမေတို့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး ကလေးငယ်အတွက် ဆံပင်ညှပ်တာနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတတွေ သိထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x