မကြာခဏ ငိုတတ်တဲ့ သားသားမီးမီးလေးတွေကို ဒီလိုဂရုစိုက်ပေးမယ်

by: Nang Htwe
 0 comments  8 love

တခါတရံမှာ အငိုတိတ်ဖို့လိုလွယ်ကူပြီး တခါတလေမှာလည်း မရပ်တမ်းငိုတာကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

နေကောင်းနေတဲ့ သားသားမီးမီးလေးတွေကို နို့တိုက်တဲ့အခါ ငိုကြွေးတာရပ်သွားပြီး နေမကောင်းတဲ့ သားသားမီးမီးလေးတွေမှာတော့ ဆက်တိုက်ငိုပါတယ်။ နေကောင်းတဲ့ သားသားမီးမီးလေးတွေရဲ့ ငိုသံက ငြိမ်နေပြီး နေမကောင်းတဲ့ သားသားမီးမီးလေးတွေကတော့ စူးစူးရှရှအသံနဲ့ ငိုပါတယ်။ သားသားမီးမီးလေးတွေရဲ့ အဓိကပြဿနာက ဝမ်းဗိုက်မှာ လေအောင့်တာပါ။ သားသားမီးမီးလေးတွေ နေမကောင်းတဲ့အခါမှာ တက်နိုင်သမျှ မြန်မြန် ဆရာဝန်တွေဆီပြသပေးဖို့ အရေးကြီးပါတယ်။

သာားသားမီးမီးလေးတွေကို ဂရုတစိုက် စောင့်ကြည့်ပေးနေဖို့လိုပါတယ် (Photo by Getty Images)

သားသားမီးမီးလေးတွေ အငိုနည်းအောင် မေမေဖေဖေတို့ ဘယ်လိုပြုလုပ်ပေးမလဲ

၁။ စောင် သို့မဟုတ် အနှီး ပတ်ပေးခြင်း

သားသားမီးမီးလေးတွေကို နွေးထွေးအောင် စောင် သို့မဟုတ် အနှီးနဲ့ ပတ်ပေးထားကြပါတယ်။ ဒီလိုပတ်ပေးထားတာက သားသားမီးမီးလေးတွေကို နွေးထွေးစေပါတယ်။ ဒါပေမယ့်လည်း သားသားမီးမီးလေးတွေက ဒီလို စောင်တွေ၊ အနှီးတွေကို ပတ်ပေးတာ မကြိုက်ကြပါဘူး။ သူတို့လေးတွေက လွတ်လွတ်လပ်လပ်နေတာကို သဘောကြကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က တင်းတင်းကျပ်ကျပ် မပတ်ပေးထားဘဲ လက်လေးတွေကို အပြင်ထုတ်ပေးပြီး ပတ်ပေးထားပါ။

ကျောပိုးအင်္ကျီလေးတွေက မေမေနဲ့ သားသားမီးမီးလေးတွေကြား သံယောဇဉ်တွေ ပိုမိုခိုင်မြဲစေပါတယ် (Photo by Getty Images)

၂။ ကျောပိုးအင်္ကျီ

ကျောပိုးအင်္ကျီလေးတွေက မေမေနဲ့ သားသားမီးမီးလေးတွေကြား သံယောဇဉ်တွေ ပိုမိုခိုင်မြဲစေပါတယ်။ နောက်ကိုလည်းပိုးနိုင်သလို၊ ရှေ့ကိုလည်း ပိုးလို့ရပါတယ်။ မေမေတို့ထိုင်ရင်းနဲ့လည်း ပိုးထားလို့ရပါတယ်။ သားသားမီးမီးလေးတွေအတွက်လည်း အဆင်ပြေသလို မေမေတို့အတွက်လည်း သက်သာစေပါတယ်။ ဖေဖေတို့လည်း ကျောပိုးအင်္ကျီလေးတွေကိုသုံးပြီး ထိန်းပေးလို့ရတယ်နော်။

၃။ အသံပြုခြင်း

ဗိုက်ထဲမှာနေကတည်းက မေမေတို့အသံကို အမြဲတမ်းကြားချင်နေပါတယ်။ မကြာခဏ စကားပြောပေးတာ၊ သီချင်းဆိုတာ၊ စနှောက်သလို အသံပြုတာ၊ သူတို့လေးတွေရဲ့ ဆံပင်ကို မေမေတို့က လေမှုတ်ပေးတာနဲ့ မျက်နှာဝှက်တမ်းကစားတာတွေက သားသားမီးမီးလေးတွေကို အငိုတိတ်ပြီး ပျော်ရွင်စေပါတယ်။

၎။ ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်း

သားသားမီးမီးလေးတွေကို ရေချိုးပေးတာက လန်းဆန်းစေပြီး အငိုနည်းစေပါတယ်။ နေ့တိုင်းရေချိုးပေးဖို့တော့ မလိုအပ်ပါဘူး။ သားသားမီးမီးလေးတွေက နှိပ်နှယ်ပေးတာကို အရမ်းသဘောကျပါတယ်။ မကြာခဏ နှိပ်နယ်ပေးတာက သားသားမီးမီးလေးတွေကို ကျန်းမာရေးကောင်းစေပြီး ပျော်ရွင်စေပါတယ်။

၅။ အပြင်ထွက်လည်ခြင်း

သားသားမီးမီးလေးတွေ ငိုတဲ့အခါမှာ သူတို့လေးတွေကိုချီပြီး အပြင်ထွက်လည်ပေးပါ။ အပြင်ထွက်လည်တာကို သားသားမီးမီးလေးတွေက အရမ်းကြိုက်ကြပါတယ်။

သားသားမီးမီးလေးတွေက သာမန်ငိုတာမဟုတ်ဘဲ အသံခြစ်ငိုတာတွေနဲ့ ဆက်တိုက်မနားတမ်းငိုတာတွေကို ကြုံတွေ့နေရတယ်ဆိုရင်တော့ မေမေဖေဖေတို့ သတိထားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles