ကလေးတွေကို Water Training ပြုလုပ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

by: Khin Nyein Lwin
 0 comments  0 love

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးတိုးတက်လာခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာစေပါတယ်

မေမေတို့ရဲ့ ဘေဘီလေးတွေက မေမေ့ဝမ်းဗိုက်ထဲမှာနေကတည်းက ရေထဲမှာအဆင်ပြေအောင် ဘယ်လိုနေရမလဲ ဆိုတာကို သိရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေရဲ့ ဘဝအစပိုင်းမှာထဲက ရေနဲ့ စောစောစီးစီး ထိတွေ့ မှုရရှိအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်နော်။ ဒီလို ပြုလုပ်ပေးတာက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

  •  Water Training မစခင် သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်း။
  •  Water Training ကို 15-30 မိနစ် အထိ လေ့ကျင့်ပေးပြီးနောက် သွေးလည်ပတ်မှုကောင်းအောင် ဆီများလိမ်း၍ နှိပ်နယ်ပေးခြင်း။
  •  နုနယ်တဲ့ ဘေဘီလေးတွေကို Water Training လုပ်တဲ့အခါမှာ ရောဂါပိုးကူးစက်မှုနှင့် allergy မဖြစ်စေရန် တစ်ဦးချင်းသီးသန့်  ရေကန်ထားရှိပေးခြင်း။
  • မည်သည့် ဓါတုဆေးဝါးမှ ထည့်ထားခြင်း မရှိသော ရေကန်ကို သုံးပေးခြင်း။
  • ရေအပူချိန်ကို ဘေဘီလေးတို့အတွက် 36-37ံC သာ ထားရှိပေးခြင်း။
  •  Water Training လုပ်ပြီးတိုင်း ရေကန်ထဲမှရေများကို လဲလှယ်သန့်ရှင်းပေးခြင်း။

Water Training ပြုလုပ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

  •  ကြွက်သားနဲ့ အရိုးများပိုသန်မာလာစေခြင်း
  •  အကူအညီမပါတဲ့ လှုပ်ရှားမှုတွေကိုကလေးငယ်ကစိတ်ဝင်စားလာခြင်း
  •  နှလုံးသွေးကြောလည်ပတ်မှု ကောင်းမွန်ခြင်း
  • Water Trainingကိုပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နှလုံးသွေးကြောစနစ် အကျိုးရှိလာခြင်း
  •  ရင်ဘတ်ပေါ် ရေဖိအားသက်ရောက်တာကြောင့် အသက်ရှူစွမ်းရည်တိုးတက်လာပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်းကိုအထောက်အကူပြုခြင်း
  •  အာဟာရစုပ်ယူနိုင်စွမ်းကောင်းမွန်လာပြီးအစာခြေစနစ် တိုးတက်လာခြင်း၊ ဝမ်းချုပ်တာနည်းသွားခြင်း
  •  ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ ပိုမိုတိုးတက်လာခြင်း
  • အရေးပြားကနေတဆင့် အာရုံခံအင်္ဂါတွေကို နိုးဆွနိုင်ပြီးဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိခြင်း
  • ဦးနှောက်နဲ့ ကြွက်သားကိုပိုပြီးအသုံးချလာနိုင်ခြင်း
  •  လွတ်လပ်မှုကိုခံစားရတာကြောင့် ကလေးငယ်ပျော်ရွှင်ခြင်း
  •  အရိုး၊ ဦးနှောက်ဆဲလ်၊ ကြွက်သားတွေကိုပိုမိုလှုံ့ဆော်ပေးနိုင်ခြင်း
  •  မိဘနဲ့ ကလေးငယ်ရဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာခြင်း
  •  အဆုတ်အားကောင်းလာခြင်း
  •  ကလေးငယ်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးတက်လာခြင်းနဲ့
  •  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးတိုးတက်လာခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာစေပါတယ်။

ကလေးငယ်ကို နှိပ်နယ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

  •  ပတ်ဝန်းကျင်နဲ့ ပိုမိုဆက်သွယ်လာနိုင်ခြင်း
  •  သွေးလည်ပတ်မှုနဲ့ အစာခြေစနစ် ပိုမိုကောင်းမွန်လာခြင်း
  • ဟော်မုန်းနဲ့ ကိုယ်ခံအားစနစ် ညီမျှလာခြင်း
  •  ဦးနှောက်အာရုံကြောစနစ် တိုးတက်လာခြင်း
  •  သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကိုအကူအညီပြုခြင်းနဲ့
  •  ကြွက်သားများဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြီးထွားခြင်းအပေါ် အထောက်အကူပြုခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာစေပါတယ်။

ဒါကြောင့် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုတဲ့ WeCare Baby Spa ကို ဖွင့်လှစ်လိုက်ပါပြီ။ (၁) လ ကနေ (၂) နှစ် အထိ ဘေဘီလေးများအတွက် ဒီလိုဝန်ဆောင်မှုတွေကို  WeCare Baby Spa မှ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်နော်။  အထူးသဖြင့် လမစေ့ဘဲ မွေးဖွားခဲ့တဲ့ ဘေဘီလေးများ အတွက် Water Training & Body Message ကို လုပ်ပေးမယ်ဆို ဘေဘီလေးတွေရဲ့ ခန္ဓာကိုယ် ဖွ့ံဖြိုးကြီးထွားမှုကို အထောက်အကူ ဖြစ်စေပါတယ်နော်။ အမှတ် (၇၈) ၊ မြေညီထပ် ၊ အုန်းပင်လမ်း ၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်။ ဖုန်း။ 09 764 757 564 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။

From Kalay with

Comments

0 comments
Latest video
Refer to more useful articles
x