ကလေးငယ်နဲ့အတူ ခရီးသွားတဲ့အခါ မရှိမဖြစ် ဒိုက်ပါအပိုဆောင်ထားခြင်း

by: Nang Htwe
 0 comments  0 love

ဒိုက်ပါနဲ့အတူ ဘောင်းဘီအပို ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။ ဒိုက်ပါလဲပြီးတဲ့အခါ ဘောင်းဘီတစ်ခါတည်း ပြောင်းဝတ်ပေးဖို့ အသင့်ဖြစ်သွားပါပြီ

အီးအီးပါတာ ဒါမှမဟုတ် ရှုးရှုးပေါက်ပြီးပြီးချင်း ဒိုက်ပါကို ချက်ချင်း လဲပေးသင့်ပါတယ်။ ဒိုက်ပါအဟောင်းကို လဲပြီးတဲ့အခါ အသစ်မဝတ်ခင် အချိန်မှာ သားသားမီးမီးလေးရဲ့ ဆီးဝမ်းသွားထားတဲ့ ညစ်ပေနေတဲ့ နေရာတွေကို သန့်ရှင်းတဲ့ ဝါဂွမ်း သို့မဟုတ် wet tissue လေးကို အသုံးပြုပြီး သန့်စင်ပေးပါ။ ပြီးမှ ဒိုက်ပါအသစ်ကို ဝတ်ပေးပါ။ တစ်ခု သတိထားရမှာက သားသားမီးမီးတို့ရဲ့ ဆီးဝမ်းသွားအင်္ဂါကို မထိခိုက်မိအောင် ဂရုစိုက်ပါ။

ဒိုက်ပါအပိုကို ခရီးဆောင်အိတ်ထဲမထည့်ထားဘဲ မေမေတို့နဲ့အတူရှိနေမယ့် ဘေးလွယ်အိတ် ဒါမှမဟုတ် လက်ကိုင်အိတ်ထဲမှာ ထည့်ထားပါ (Photo by Embarazo)

ပိတ်ရက်မှာ ကလေးငယ်ကိုခေါ်ပြီး မိသားစုလိုက် ခရီးသွားမယ်ဆိုရင် ဒိုက်ပါတွေကို stand by ဖြစ်အောင် ဆောင်ထားသင့်ပါတယ်။ မေမေတို့ရဲ့ လက်ကိုင်အိတ်ထဲ ဒိုက်ပါအပိုထည့်ထားဖို့ လိုအပ်ပါတယ်။

(၁) အိတ်ထဲမှာ အသင့်ထည့်ထားပါ

ဒိုက်ပါအပိုကို ခရီးဆောင်အိတ်ထဲမထည့်ထားဘဲ မေမေတို့နဲ့အတူရှိနေမယ့် ဘေးလွယ်အိတ် ဒါမှမဟုတ် လက်ကိုင်အိတ်ထဲမှာ ထည့်ထားပါ။ ဘယ်နှစ်ခု ထည့်ရမယ်ဆိုတာကတော့ ကိုယ်သွားမယ့် ခရီးကြာချိန်ကို တွက်ပါ။ ပေါ့ပါးတဲ့ ဒိုက်ပါအမျိုးအစားကို ရွေးချယ်ပေးပါ။

(၂) လေယာဉ် ဒါမှမဟုတ် ကား

လေယာဉ်နဲ့ ခရီးသွားရင်တော့ ဒိုက်ပါလဲပေးဖို့ ပြဿနာမရှိပါဘူး။ ကားနဲ့ဆိုရင်တော့ ကားခဏနားချိန်တွေမှာ လဲပေးနိုင်ပါတယ်။

(၃) ဘောင်းဘီ

ဒိုက်ပါနဲ့အတူ ဘောင်းဘီအပို ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။ ဒိုက်ပါလဲပြီးတဲ့အခါ ဘောင်းဘီတစ်ခါတည်း ပြောင်းဝတ်ပေးဖို့ အသင့်ဖြစ်သွားပါပြီ။ နောက်ပြီး Wet tissue ကိုလည်း ဆောင်ထားသင့်ပါတယ်။ မေမေတို့လက်ဆေးဖို့ hand gel ကိုလည်း ဆောင်ထားပါ။

ဒိုက်ပါနဲ့အတူ ဘောင်းဘီအပို ဆောင်ထားဖို့လည်း လိုအပ်ပါတယ် (Photo by FamiliesGo! )

(၄) ပလတ်စတစ်အိတ်တစ်လုံး

ဒိုက်ပါအဟောင်းတွေကို စွန့်ပစ်ဖို့အတွက် ပလတ်စတစ်အိတ်တစ်လုံး ဆောင်ထားဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း မေမေတို့ မမေ့ပါနဲ့။

(၅) ဒိုက်ပါလဲခြင်း

ကလေးငယ် ဝမ်းတစ်ခါသွားတိုင်း ဒိုက်ပါတစ်ခါလဲပေးဖို့ မမေ့ပါနဲ့နော်။

(၆) လွင့်ပစ်ခြင်း

ကားနားနေချိန် ဒိုက်ပါလဲတဲ့အခါ ဒိုက်ပါအဟောင်းတွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။

ကလေးငယ်နဲ့ ခရီးသွားတဲ့အခါတိုင်း ဒိုက်ပါအပိုအသင့်ဆောင်ထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x