ချစ်စရာကောင်းတဲ့ သီတင်းကျွတ်ပွဲတော်နဲ့ ကလေးငယ်ကိုမိတ်ဆက်ပေးပါ

by: Nang Htwe
 0 comments  0 love

သီတင်းကျွတ်မှာ ခရီးမထွက်ဖြစ်ဘူးဆိုရင်တော့ ကလေးငယ်ပျင်းမနေအောင် နီးနီးနားနားတစ်နေရာ ပို့ပေးသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်

သီတင်းကျွတ်ပိတ်ရက် (၅)ရက်မှာ မေမေတို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးမထွက်ဖြစ်ခဲ့ဘူးဆိုရင် ကလေးငယ်ကို နီးနီးနားနား မြို့ထဲ လိုက်ပို့သင့်ပါတယ်။ သီတင်းကျွတ်ရာသီက ဘုရားပွဲတော်တွေ ကျင်းပနေချိန်ဖြစ်ပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာလည်း ပွဲလေးတွေပြုလုပ်ကြသလို တခြားရပ်ကွက်တွေမှာလည်း အပြိုင်အဆိုင်ကျင်းပကြပါတယ်။ ဒီလိုမျိုးပွဲလေးတွေကို ကလေးငယ်ပျော်အောင် လိုက်ပို့သင့်ပါတယ်။

ရပ်ကွက်ဘုရားပွဲများ

ဒီလိုပွဲလေးတွေမှာ ကလေးငယ်ကို ခေါ်သွားပြီး မုန့်ဝယ်ကျွေးတာ၊ အရုပ်ဝယ်ပေးတာနဲ့ ချားရဟတ် စီးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ ကလေးငယ်အတွက်လည်း ဘဝမှာ အမှတ်တရဖြစ်သလို ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လေး ဖြစ်သွားတာပေါ့နော်။ မိသားစုလိုက် တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး ဘုရားပွဲဈေးလျှောက်လည်ပေးနိုင်ပါတယ်။

ဘုရားပွဲဈေးကြီး

မြို့လုံးကျွတ်ကျင်းပတဲ့ ဘုရားပွဲဈေးအကြီးကြီးတွေလည်း ရှိပါတယ်။ နောက်ပြီး ဈေးဝယ်စင်တာတွေမှာလည်း သီတင်းကျွတ်လျှော့ဈေးတွေ၊ တစ်ခုဝယ်တစ်ခုရတွေ၊ လက်ဆောင်တွေ အမျိုးမျိုးရှိပါတယ်။ အခုချိန်က ဈေးဝယ်အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် ဝယ်ယူဖို့ အကောင်းဆုံးပါ။ နောက်ပြီး သားသားမီးမီးလေးတွေ ဒီလိုသီတင်းကျွတ်အခါသမယမှာ ဘိုးဘိုးဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ်တို့ကို ကန်တော့ရအောင် မေမေတို့စီစဉ်ပေးသင့်ပါတယ်။

အလှူအတန်းများ

ဗျောက်အိုးဖောက်တာတွေကိုတော့ သတိထားပေးပါ။ ကလေးငယ်အတွက် အန္တရာယ်များပါတယ်။ သီတင်းကျွတ်အခါသမယမှာ မိသားစုလိုက် အလှူလုပ်တာ၊ ဘုရားသွားတာ၊ ကုသိုလ်ရေးရာတွေ ပြုလုပ်တဲ့အခါ သားသားမီးမီးလေးတွေကိုလည်း ပါဝင်ခိုင်းပါ။ ဒါက ချစ်စရာကောင်းတဲ့ မြန်မာ့ ရိုးရာဓလေ့တွေကို ကလေးငယ်ဆီ လက်ဆင့်ကမ်းသင်ပေးခြင်းတစ်မျိုးပါ။

ပျော်ရွှင်စရာ အစီအစဉ်

သီတင်းကျွတ်ပိတ်ရက်က မိသားစုဝင်တွေ စုံညီချိန်ဖြစ်တာကြောင့် အိမ်မှာစုပြီး ဟင်းချက်စားကြတာ၊ မုန့်လုပ်စားတာနဲ့ အိမ်နီးနားချင်းတွေကို ဝေပေးတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်တွေကို ခရီးမပို့နိုင်ပေမယ့်လည်း အရမ်းပျော်ရွှင်စေမယ့် အစီစဉ်လေးတွေဖြစ်ပါတယ်။

အရုပ်ဝယ်ပေးခြင်း

ဈေးဝယ်အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ကလေးငယ်အတွက် အရုပ်တွေ ဝယ်ပေးထားသင့်ပါတယ်။ ပိတ်ရက်မှာ အေးအေးဆေးဆေး ဆော့ကစားဖို့ အကောင်းဆုံးဖြစ်ပြီး ကလေးငယ်တွေ ပျင်းနေမှာ မစိုးရိမ်ရတော့ပါဘူး။

မေမေတို့ရေ သီတင်းကျွတ်မှာ ခရီးမထွက်ဖြစ်ဘူးဆိုရင်တော့ ကလေးငယ်ပျင်းမနေအောင် နီးနီးနားနားတစ်နေရာ ပို့ပေးသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x