နူးညံ့အိစက်တဲ့ အသားအရည်မျိုး ကလေးလေးတွေဆီမှာ သဘာဝအတိုင်းရှိနေဖို့

by: Khin Nyein Lwin
 0 comments  1 love

Baby Products တွေက မေမေတို့ကလေးငယ်တွေရဲ့ အသားအရည်ကျန်းမာရေးအတွက် မရှိမဖြစ်ပါ။ ကလေးငယ်တွေရဲ့ အသားအရည်က အထိအခိုက်မခံနိုင်ပါဘူးနော်

ကလေးလေးတွေရဲ့ အသားအရည်အလွန်ကောင်းလွန်းတာကို မေမေတို့သတိထားမိကြမှာပါ။ ဒါပေမယ့် ကလေးငယ်ရဲ့ အသားအရည်က အထိအခိုက်မခံပါဘူး။ ပတ်ဝန်းကျင်၊ ရာသီဥတု၊ တကိုယ်ရည်သန့်ရှင်းမှုနဲ့ တခြားပြဿနာတွေကြောင့် ကလေးငယ်ရဲ့ နူးညံ့လှတဲ့ အသားအရည်တွေမှာ အနီဖုတွေပေါက်လာတာ၊ အင်ပြင်လိုမျိုးအကွက်တွေထလာတာမျိုး ရင်ဆိုင်ရပါတယ်။ ဒီလိုအသားအရည်ပြဿနာမျိုး ကလေးငယ်တွေကြုံလာရတဲ့အခါ baby products တွေကို မဖြစ်မနေ အသုံးပြုပေးရပါတယ်။ Baby Products တွေဟာဆိုရင် ကလေးငယ်လေးတွေရဲ့ အသားအရည်ပြဿနာတွေကို ဖြေရှင်းပေးတဲ့အပြင် မဖြစ်အောင်လည်း အကာအကွယ်တွေ ပေးပါတယ်။

ကလေးငယ်ရဲ့ အသားအရည် ကောင်းမွန်နေစေဖို့ ပြုလုပ်ပေးရမယ့်နည်းလမ်းများ

သန့်ရှင်းရေး မှန်မှန်ပြုလုပ်ပေးခြင်း

ကလေးငယ် ဝမ်းသွားပြီးတဲ့အခါ ဒါမှမဟုတ် ဒိုက်ပါလဲတဲ့အခါ ဆီးဝမ်းသွားအင်္ဂါတဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးရပါမယ်။ ကလေးငယ်ရဲ့ အသားအရည်က နူးညံ့လွန်းတာကြောင့် ဒိုက်ပါပွန်းတဲ့ပြဿနာ ကြုံရပါတယ်။ ဒိုက်ပါပွန်းတာကို ကာကွယ်ဖို့အတွက် Diaper cream ဒါမှမဟုတ် Baby Powder ဒါမှမဟုတ်  Baby lotion တစ်မျိုးမျိုး အသုံးပြုပေးပါ။

ရေချိုးပေးခြင်း

ကလေးငယ်လေးတွေကို တစ်ပတ် အနည်းဆုံး (၃)ကြိမ် ဒါမှမဟုတ် (၄)ကြိမ်ခန့် ရေချိုးပေးပါ။ ရေချိုးပေးတဲ့အခါမှာ ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာ (Baby Soap)နဲ့ Baby Shampoo ကို အသုံးပြုပေးပါ။ ရေချိုးပြီးတဲ့အခါ နူးညံ့တဲ့ တဘက် (cotton towels) လေးနဲ့ ရေပြောင်အောင် သုတ်ပေးပါ။ ပြီးရင် Baby Lotion ဒါမှမဟုတ် Baby Oil ကို လူးပေးပါ။ ကလေးငယ် ရေချိုးပြီးတိုင်း Baby Lotion ဒါမှမဟုတ် Baby Oil အသုံးပြုပေးခြင်းက အသားအရည်ခြောက်သွေ့တာနဲ့ ပွန်းတာတွေကို ကာကွယ်ပေးပါတယ်။ ကလေးငယ်ရဲ့ အသားအရည် သဘာဝအတိုင်း နူးညံ့အိစက်လာစေပါတယ်။

သဘာဝနဲ့ အော်ဂဲနစ်ပစ္စည်းများ

Baby Products တွေက ကလေးငယ်တွေရဲ့ အသားအရည်ကျန်းမာရေးအတွက် မရှိမဖြစ်ပါ။ ကလေးငယ်တွေရဲ့ အသားအရည်က အထိအခိုက်မခံနိုင်ပါဘူး။ ဒါကြောင့် သဘာဝနဲ့ အော်ဂဲနစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ Baby Products တွေကိုသာ ရွေးချယ်အသုံးပြုပေးပါ။ သဘာဝနဲ့ အော်ဂဲနစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ Baby Products တွေဟာဆိုရင် ကလေးငယ်တွေကြုံရတဲ့ အသားအရည်ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ဗီတာမင် E

ဗီတာမင် E ပါဝင်တဲ့ Baby Products တွေဟာဆိုရင် ကလေးငယ်ရဲ့ ဘယ်လိုအသားအရည်အမျိုးအစားမဆို ကိုက်ညီမှုရှိပါတယ်။ ဗီတာမင် E ရဲ့ အားသာချက်တစ်ခုပါ။  ဗီတာမင် E မှာ ကြီးမားတဲ့ antioxidant စွမ်းရည်တွေ ပါဝင်နေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင် E မှာ အသားအရည်အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။ အသားအရည်အတွက် လိုအပ်တဲ့ မရှိမဖြစ် ဗီတာမင်တစ်ခုပါ။

ဗီတာမင် E မှာ အသားအရည်အတွက် အရေးပါတဲ့ antioxidant ပါဝင်တာကြောင့် ကလေးငယ်ရဲ့ အသားအရည် သဘာဝအတိုင်း နူးညံ့အိစက်နေစေပါတယ်။ ဒါကြောင့် ဗီတာမင် E ပါဝင်တဲ့ Baby Powder, Baby Cream နဲ့ Baby Lotion တွေကို ရွေးချယ်ပေးပါ။ နောက်ထပ် အားသာချက်က နေရောင်ခြည်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အသားအရည်ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် E ပါတဲ့ Oil နဲ့ Shampoo တို့ဟာဆိုရင် ကလေးငယ်ရဲ့ ဆံသားတွေ ကျန်းမာစေပြီး သန်စွမ်းလာအောင် အထောက်အကူပြုပါတယ်။

နှိပ်နယ်ပေးခြင်း

Baby Oil ကို အသုံးပြုပြီး ကလေးငယ်ရဲ့ အသားအရည်ကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ အကျိုးကျေးဇူးကတော့ အသားအရည်အတွက် လိုအပ်တဲ့အာဟာရတွေရစေပြီး စိုစွတ်နေကာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ သဘာဝနဲ့ အော်ဂဲနစ်ပစ္စည်းတွေကို အသုံးပြုထားတဲ့ ဗီတာမင် E ပါတဲ့ Baby Oil တွေကို အသုံးပြုပေးပါ။

ကလေးတွေအတွက် နူးညံ့မှု၊ အိစက်မှုများစွာပေးစွမ်းမယ့် NEW! Babi Mild Sweet Almond

Babi Mild ရဲ့အသစ်ထပ်မံထွက်ရှိလာတဲ့ Babi Mild Sweet Almond မှာ ကြွယ်ဝတဲ့ ဗီတာမင် E (၂၂) ဆ ပါဝင်လို့ မေမေတို့ကလေးတွေရဲ့ အသားအရည်ကို နူးညံ့အိစက်စေပါတယ်နော်။ ကလေးငယ်တွေရဲ့ အသားအရည်အတွက် နူးညံ့အိစက်စေဖို့ အဓိကထားပြီး ထုတ်လုပ်လိုက်တဲ့ Babi Mild ရဲ့ Super New Product ပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ Almond သီးရဲ့ အဆီအနှစ်ကနေ ထုတ်လုပ်ထားတာကြောင့် ကလေးတွေအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုပြီး နူးညံ့အိစက်တဲ့ အသားအရည်ကို အခုပဲ ပိုင်ဆိုင်လိုက်ရအောင်နော်။

Babi Mild ယုံကြည်မှုရှိရှိ နူးညံ့စေသော အသားအရည်!

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x