ကလေးအတွက် လိုအပ်တဲ့ အခြေခံအကျဆုံးပစ္စည်းများ

by: Nang Htwe
 0 comments  0 love

ကလေးငယ်အတွက် လိုအပ်တဲ့ အခြေခံပစ္စည်းလေးတွေကို မေမေတို့အနေနဲ့ ကိုယ်ဝန်ဆာင်ချိန်ကတည်းက တဖြည်းဖြည်း ဝယ်ယူစုဆောင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။

လူကြီးတွေမှာ မရှိမဖြစ် ပစ္စည်းတွေ လိုအပ်သလို မွေးကင်းစ ကလေးငယ်တွေမှာလည်း ရှိပါတယ်။ စီနီယာ သားသားမီးမီးလေးတွေရှိတဲ့ မေမေဖေဖေတို့အတွက်တော့ ဘာပစ္စည်းတွေ လိုအပ်တယ်ဆိုတာ သိကြပေမယ့်လည်း သားဦးမေမေဖေဖေတွေမှာတော့ အခက်အခဲ တွေရှိပါတယ်။ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အခြေခံအကျဆုံး ပစ္စည်းတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

လူကြီးတွေမှာ မရှိမဖြစ် ပစ္စည်းတွေ လိုအပ်သလို မွေးကင်းစ ကလေးငယ်တွေမှာလည်း ရှိပါတယ် (Photo by mom365)

ကလေးအတွက် လိုအပ်တဲ့ အခြေခံအကျဆုံးပစ္စည်းများ

ကလေးအဝတ်အစား

ကလေးငယ်တွေအတွက် နွေးထွေးတဲ့ အဝတ်အစားလေးတွေ လိုအပ်ပါတယ်။

  • အက်ႌ
  • ဦးထုပ်
  • အနှီး
  • ဘောင်းဘီ
  • ညအိပ်အင်္ကျီနဲ့ ဘောင်းဘီ
  • စောင်
  • လက်အိတ်
  • အခင်း
  • အနွေးထည်
  • ဖိနပ် (လမ်းစလျှောက်တဲ့ကလေးငယ်တွေအတွက်) တို့ မဖြစ်မနေ ဝယ်ထားသင့်ပါတယ်။

ကလေးထိန်းပစ္စည်း

  • ပုခက်
  • ကုတင်
  • ကလေးအဝတ်ဗီရို
  • ကစားစရာများနဲ့
  • ကလေးထိုင်ခုံ တို့လိုအပ်ပါတယ်။

မွေးကင်းစကလေးငယ် ကားစီးတဲ့အခါ လိုအပ်တဲ့ ထိုင်ခုံကိုလည်း ဝယ်ယူထားရပါမယ် (Photo by mom365)

ကလေးအိပ်ယာ

  • ကလေးမွေ့ယာ
  • မွေ့ယာခင်း
  • နူးညံ့ပျော့ပျောင်းတဲ့ စောင်နဲ့
  • စောင်အထူ (ဆောင်ရာသီအတွက်) တို့လိုအပ်ပါတယ်။

ဒိုက်ပါ

  • ဒိုက်ပါ
  • ဒိုက်ပါ ခရင်
  • ဂွမ်း
  • wet tissue
  • နူးညံ့တဲ့ ပုဝါ နဲ့
  • ဒိုက်ပါ ဘောင်းဘီ တို့လိုအပ်ပါတယ်။

ပုခတ်လေးတွေကိုလည်း ဝယ်ပေးထားသင့်ပါတယ် (Photo by mom365)

ရေချိုးပစ္စည်း

  • ရေချိုးကန်
  • ဆပ်ပြာ
  • ခေါင်းလျှော်ရည်
  • ပုဝါ
  • တဘက် နဲ့
  • ကလေးဆပ်ပြာမှုန့် (ကလေးအဝတ်အစားလျှော်ရန်) တို့ဝယ်ထားရပါမယ်။

မိခင်နို့တိုက်ခြင်း

  • နို့ဗူး
  • အိတ် (နို့ဗူးနဲ့ ကလေးအသုံးအဆောင်ပစ္စည်းများ ထည့်ရန်)
  • နို့ကပ်ဖော့ (မေမေတို့အတွက်)
  • Nipple cream
  • Nursing pillow (ကလေးငယ်ကို နို့တိုက်တဲ့အခါ သက်တောင့်သက်သာဖြစ်စေဖို့)
  • နို့ဗူးဆေးတံ
  • ခြင်း (ကလေးငယ်ရဲ့ နို့ဗူးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ထည့်သွင်းသိမ်းဆည်းရန်)
  • ရင်ခံ
  • Burp cloths (ကလေးငယ်က မေမေတို့အပေါ် မှီပြီးအိပ်ပျော်သွားခဲ့တဲ့အခါ သူတို့လေးတွေ မနာအောင် ခံပေးထားတဲ့ ပုဝါ)
  • ချိုလိမ်နဲ့
  • ဖော်မြူလာနို့မှုန့် (အကြောင်း အမျိုးမျိုးကြောင့် မိခင်နို့ မတိုက်ဖြစ်ဘူးဆိုရင်) တို့လိုအပ်ပါတယ်။

ကျန်းမာရေး

  • ကလေး လက်သည်းညှပ်
  • သာမိုမီတာ
  • Petroleum jelly နဲ့
  • ကလေးငယ်အတွက် အရေးပေါ်သုံး ပစ္စည်းသေတ္တာ တို့ ဝယ်ယူထားရပါမယ်။

ကားစီးတဲ့အခါ

  • မွေးကင်းစကလေးငယ် ကားစီးတဲ့အခါ လိုအပ်တဲ့ ထိုင်ခုံ
  • တွန်းလှည်းနဲ့
  • ထမင်းစား ထိုင်ခုံ တို့လိုအပ်ပါတယ်။

ကလေးငယ်အတွက် လိုအပ်တဲ့ အခြေခံပစ္စည်းလေးတွေကို မေမေတို့အနေနဲ့ ကိုယ်ဝန်ဆာင်ချိန်ကတည်းက တဖြည်းဖြည်း ဝယ်ယူစုဆောင်းထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video