မွေးကင်းစကလေးငယ်တွေမှာ တွေ့ရမယ့် ဝမ်းနဲ့ဆိုင်တဲ့လက္ခဏာရပ်များ

by: Nang Htwe
 0 comments  0 love

မိခင်နို့မတိုက်တဲ့ သားသားမီးမီးလေးတွေအနေနဲ့တော့ ဝမ်းသွားနည်းနိုင်ပါတယ်။ မော်ဖြူလာနို့မှုန့်တွေက မိခင်နို့ထက်စာရင် အူလှုပ်ရှားမှု နည်းစေပါတယ်။

မေမေဖေဖေအသစ်တွေအနေနဲ့ သားသားမီးမီးလေးတွေ ဝမ်းသွားတာ နည်းတဲ့အခါမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အခက်အခဲတွေရှိနိုင်ပါတယ်။ သားသားမီးမီးလေးတွေမွေးဖူးတဲ့ မေမေဖေဖေတွေအနေနဲ့တော့ အတွေ့အကြုံရှိတာကြောင့် ပြဿနာနည်းပေမယ့် မေမေဖေဖေအသစ်တွေမှာတော့ ပြဿနာရှိလာပါတယ်။

မေမေဖေဖေအသစ်တွေအနေနဲ့ သားသားမီးမီးလေးတွေ ဝမ်းသွားတာ နည်းတဲ့အခါမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အခက်အခဲတွေရှိနိုင်ပါတယ် (Photo by Shutterstock)

မွေးကင်းစ သားသားမီးမီးလေးတွေမှာ ဘာကြောင့် ဝမ်းသွားတာ နည်းရတာလဲ

  • မွေးကင်းစ သားသားမီးမီးလေးတွေ ဝမ်းမသွားတဲ့အခါမှာ မေမေဖေဖေတို့စိတ်ပူကြပါတယ်။ ဒါက စိတ်ပူစရာမလိုပါဘူး။ မွေးကင်းစသားသားမီးမီးလေးတွေက အစားများများမစားနိုင်သေးတာကြောင့် ဝမ်းသွားတဲ့ အကြိမ်အရေအတွက်မမှန်ရတာပါ။ ရက်အနည်းငယ်ကြာတဲ့အထိ ဝမ်းမသွားဘူးဆိုရင်တော့ မေမေဖေဖေတို့အနေနဲ့ ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ်။
  • မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ အူလုပ်ရှားမှုတွေက တစ်ရက်ကို (၈)ကြိမ်ကနေ (၁၀)အကြိမ် လှုပ်ရှားပါတယ်။
  • နို့မဝတဲ့ သားသားမီးမီးလေးတွေမှာ ဝမ်းသွားနည်းတာကိုတွေ့ရပါတယ်။ ဝမ်းသွားနည်းတာက ပူစရာမလိုပါဘူး။ တစ်ရက်ကို အနည်းဆုံး (၅)ကြိမ် သို့မဟုတ် (၆)ကြိမ်လောက် ဒိုက်ပါလဲပေးရတယ်ဆိုရင် သာမန်ကောင်းမွန်တဲ့အခြေအနေပါ။
  • သားသားမီးမီးလေးတွေ နို့စို့တဲ့ အကြိမ်အရေအတွက် များလာတာနဲ့အညီ ဝမ်းသွားတဲ့ အကြိမ်အရေအတွက်လည်းများလာပါတယ်။ အနည်းဆုံးတစ်ရက်ကို (၆)ကြိမ်ကနေ အများဆုံး (၁၀)ကြိမ်အထိ တိုးလာနိုင်ပါတယ်။

သားသားမီးမီးလေးတွေ နို့စို့တဲ့ အကြိမ်အရေအတွက် များလာတာနဲ့အညီ ဝမ်းသွားတဲ့ အကြိမ်အရေအတွက်လည်းများလာပါတယ် (Photo by MummySG)

  • မိခင်နို့မတိုက်တဲ့ သားသားမီးမီးလေးတွေအနေနဲ့တော့ ဝမ်းသွားတာ နည်းနိုင်ပါတယ်။ ဖော်ဖြူလာနို့မှုန့်တွေက မိခင်နို့ထက်စာရင် အူလှုပ်ရှားမှု နည်းစေပါတယ်။ ဖော်မြူလာနို့မှုန့် တိုက်တဲ့ သားသားမီးမီးလေးတွေရဲ့ဝမ်းက အရည်များပြီး ခပ်ကျဲကျဲ အနေအထားမှာ ရှိပါတယ်။ ဝမ်းလျှောနေတယ်လို့ သံသယဝင်ခဲ့မယ်ဆိုရင် ဆရာဝန်တွေဆီမှာ အမြန်ဆုံးပြသပေးဖို့လိုပါတယ်။
  • မွေးကင်းစ သားသားမီးမီးလေးတွေမှာ ဝမ်းသွားဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုရင် ဆရာဝန်တွေဆီမှာ ပြသဖို့လိုပါတယ်။ တစ်ရက်အတွင်း ဝမ်းသွားတဲ့ အကြိမ်အရေများနေခဲ့ရင် ဝမ်းလျှောနေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဝမ်းလျှောတဲ့အခါမှာ ရေဓာတ် ခမ်းခြောက်နိုင်တာကို သတိထားဖို့လိုပါတယ်။ ဝမ်းလျှောတဲ့ အခါမှာ မိခင်နို့များများတိုက်ပေးဖို့လိုပါတယ်။ ဝမ်းသွားတဲ့အခါမှာ သွေးပါခြင်း သို့မဟုတ် အဖြူရောင် သို့မဟုတ် မီးခိုးရောင်ဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေဆီမှာ အမြန်ဆုံးပြသပေးဖို့ လိုပါတယ်။

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတွေ ဝမ်းသွားတဲ့အခါမှာ ဂရုတစိုက် သေသေချာချာစောင့်ကြည့်နေပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video