မွေးကင်းစကလေးငယ်တွေကို ဘာကြောင့် နွေးနွေးထွေးထွေး ထားဖို့လိုတာလဲ

by: Nang Htwe
 1 comments  0 love

 နွေးနွေးထွေးထွေးထားမှသာ ကလေးငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အသားအရည်နဲ့ ကျန်းမာရေးကို အထောက်အကူပြုလာမှာပါ

မွေးကင်းစ ကလေးငယ်ကို ဘာကြောင့် နွေးနွေးထွေးထွေးထားရတာလဲ။ မွေးကင်းစကလေးငယ်တွေရဲ့ ခန္ဓာကိုယ်က အပူချိန်လုံလုံလောက်လောက် မထုတ်ပေးနိုင်သေးတာကြောင့် မေမေတို့က ပြင်ပကနေ နွေးနွေးထွေးထွေးထားပေးရပါတယ်။ အထူးသဖြင့် ကလေးငယ်ရဲ့ နားနဲ့ ဦးခေါင်းလေး နွေးထွေးအောင် ဂရုစိုက်ပေးရပါမယ်။ မွေးကင်းစ ကလေးငယ်ကို နွေးနွေးထွေးထွေးမထားဘူးဆိုရင် ပြင်ပက လေအေးတွေကြောင့် နေမကောင်းတာတွေနဲ့ ကိုယ်ခံစွမ်းအားနည်းတာကြောင့် ရောဂါကူးစက်တာမျိုး ကြုံရနိုင်ပါတယ်။ ကလေးငယ်ရဲ့ လက်ချောင်း၊ ခြေချောင်းလေးတွေကိုလည်း နွေးနွေးထွေးထွေးထားပေးရပါမယ်။ နွေးနွေးထွေးထွေးထားမှသာ ကလေးငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အသားအရည်နဲ့ ကျန်းမာရေးကို အထောက်အကူပြုလာမှာပါ။

နွေးနွေးထွေးထွေးထားမှသာ ကလေးငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အသားအရည်နဲ့ ကျန်းမာရေးကို အထောက်အကူပြုလာမှာပါ (Photo by www.telemundo62.com)

ကလေးငယ်နဲ့ နွေးနွေးထွေးထွေး အဝတ်အစား

ကလေးငယ် နွေးနွေးထွေးထွေးဖြစ်ဖို့ အဝတ်အစားကို အဓိကထားရပါတယ်။ ဒီတော့ အရည်အသွေးကောင်းတဲ့ အဝတ်အစား၊ အနှီး တွေကိုသာ ရွေးချယ်ပေးပါ။ နွေးနွေးထွေးထွေးထားတဲ့အခါ မေမေတို့ စိုးရိမ်လွန်ပြီး အထူကြီးတွေဝတ်ပေးထားတာ၊ အဝတ်အစားနဲ့ ခန္ဓာကိုယ်ကြား လေဝင်လေထွက်မရှိတာမျိုးက ကလေးငယ်ကို အကျပ်အတည်းဖြစ်ကာ အလွန်ပူလာပြီး ကလေးငယ် အိပ်မပျော်တာ၊ ငိုတာနဲ့ ဂျီကျတာကို ကြုံရပါလိမ့်မယ်။

ဒါကြောင့် ကလေးအဝတ်အစားနဲ့ ပတ်သက်ပြီး မေမေတို့အနေနဲ့ ဈေးပေါတာတွေ၊ ဈေးချိုတာတွေ မဝယ်ဖို့ အရည်အသွေးကောင်းတာကိုပဲ ဝယ်ယူဖို့ တိုက်တွန်းပါတယ်။ မွေးကင်းစကလေးငယ်အတွက် အဝတ်အစား ရွေးချယ်တဲ့အခါ  နူးညံ့ရမယ်၊ နွေးနွေးထွေးထွေးဖြစ်ရမယ်၊ သက်တောင့်သက်သာဖြစ်ရမယ်၊ နောက်ပြီး လေဝင်လေထွက်ကောင်းရပါမယ်။ ညအိပ်ချိန်မှာ ကလေးငယ်အတွက် သီးသန့် ညအိပ်ဝတ်စုံ ဝယ်ပေးထားသင့်ပါတယ်။

ကလေးငယ်နေတဲ့ အခန်းကို နွေးနွေးထွေးထွေးရှိအောင် ပြုလုပ်ပေးထားပါ (Photo by Pinterest)

မွေးကင်းစကလေးငယ်အတွက် အဝတ်အစားနဲ့ ပတ်သက်ပြီး

  • ကလေးငယ်နေတဲ့ အခန်းကို နွေးနွေးထွေးထွေးရှိအောင် ပြုလုပ်ပေးထားပါ။
  • ဒိုက်ပါစိုတဲ့အခါ ချက်ချင်းလဲပေးပါ။
  • ဦးထုပ်ဆောင်းပေးတဲ့အခါ ကလေးငယ်ရဲ့ မျက်နှာမဖုံးအောင် သတိထားပါ။ ကလေးငယ်က သူတို့မျက်နှာရှေ့တခုခု ကွယ်နေတယ်ဆိုရင် အလွန်စိတ်ဆိုးပါတယ်။
  • အဝတ်အစားဝတ်ပေးတဲ့အခါ ကလေးမျက်နှာကို မထိခိုက်မိပါစေနဲ့။
  • ကလေးကို အဝတ်အစားဝတ်ပေးတဲ့အခါ လက်နဲ့ ခြေထောက်ကို ညင်ညင်သာသာ ကိုင်ပါ။
  • နေ့ခင်း အပြင်ထွက်တဲ့အခါ ကလေးငယ်ရဲ့ လက်နဲ့ ခြေထောက်လေးတွေ နေမလောင်အောင် သတိထားပါ။

ကလေးငယ်ကို နွေးနွေးထွေးထွေးဝတ်ပေးတာက သူတို့လေးတွေကို ပျော်ရွှင်စေသလို ကောင်းကောင်းမွန်မွန်အိပ်ပျော်ကာ ကျန်းမာရေးကောင်းလာစေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x