သီတင်းကျွတ်ပိတ်ရက် ကမ်းခြေအလည်သွားရင် ကလေးအတွက် ဘာတွေယူလာမလဲ

by: Nang Htwe
 0 comments  0 love

(၂) ယောက်ထဲဆိုရင်တော့ ပစ္စည်းနည်းနည်းယူသွားရုံပါပဲ။ သားသားမီးမီးလေးတွေကိုပါ ခေါ်မယ်ဆိုရင်တော့ ပစ္စည်းတွေအများကြီးထည့်ဖို့ လိုလာပါပြီ

သီတင်းကျွတ်ပိတ်ရက် (၅)ရက် ဖြစ်တာကြောင့်လည်း မိသားစုလိုက် အလည်အပတ်ခရီးတွေ အေးအေးဆေးဆေး သွားဖို့ ပြင်ဆင်နိုင်ပါတယ်။ ပိတ်ရက်အများစုမှာ မိသားစုလိုက် ကမ်းခြေခရီးတွေ အများဆုံး ထွက်ကြပါတယ်။ မိုးအကုန် ဆောင်းအကူးဖြစ်တာကြောင့် ကမ်းခြေသွားဖို့ အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။ မေမေနဲ့ဖေဖေ (၂) ယောက်ထဲဆိုရင်တော့ ပစ္စည်းနည်းနည်းယူသွားရုံပါပဲ။ သားသားမီးမီးလေးတွေကိုပါ ခေါ်မယ်ဆိုရင်တော့ ပစ္စည်းတွေအများကြီးထည့်ဖို့ လိုလာပါပြီ။

နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် ဦးထုပ် လိုအပ်ပါတယ် (Photo by Family Vacation Critic )

ဘေးလွယ်အိတ်ကြီးကြီးတစ်လုံး

ဘေးလွယ်အိတ်ကြီးကြီးတစ်လုံးထဲမှာ ကလေးငယ်သွားလေရာ လိုအပ်တဲ့ပစ္စည်းတွေထည့်ဖို့ အတွက်ပါ။ ဘောင်းဘီ၊ ဒိုက်ပါ၊ နို့ဗူး၊ အစားအသောက်အနည်းငယ်၊ အင်္ကျီ၊ ဘောင်းဘီ ၊ we tissue စတဲ့ ပစ္စည်းတွေ ထည့်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်နဲ့သွားလေရာ ယူဆောင်သွားဖို့ လိုအပ်ပါတယ်။

Swim Diaper ( ရေစိုခံဒိုက်ပါ)

ရေစိုခံဒိုက်ပါ ( waterproof) ကို ယူခဲ့ဖို့လိုအပ်ပါတယ်။ မဖြစ်မနေ ဝယ်ထားရမယ့် အရာဖြစ်ပါတယ်။

Baby Sunscreen

ကလေးငယ်အသားအရည်အတွက် မဖြစ်မနေယူခဲ့ပေးပါ။ ပင်လယ်ကမ်းခြေရဲ့ နေရောင်ခြည်က UV ပါဝင်နှုန်းမြင့်မားတာကြောင့် နူးညံ့တဲ့ကလေးအသားအရည် ပျက်စီးစေမှာ စိုးရိမ်တာကြောင့်ပါ။

ဦးထုပ်

နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် ဦးထုပ် လိုအပ်ပါတယ်။ Sunscreen လိမ်းတဲ့အပြင် မျက်လုံးနဲ့ ဆံပင်တွေ နေရောင်ခြည်မထိအောင် ကာကွယ်ဖို့အတွက်ပါ။

Baby Sunscreen လိမ်းပေးထားပါ (Photo by stocksy.com)

မုန့်နဲ့ရေ

မေမေ့ကလေးငယ်လေး ဗိုက်ဆာတဲ့အခါ စားဖို့အတွက် မုန်နဲ့ ရေ အသင့်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ကြိုတင်ဝယ်ယူပြင်ဆင်ထားရမယ့် အရာတွေပဲဖြစ်ပါတယ်။

Baby Powder

ကလေးပေါင်ဒါမှုန့် အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်ကြောင့် ကလေးငယ်ရဲ့ အသားအရည်နီရဲတဲ့အခါနဲ့ အသားအရည် ပြဿနာတွေ ဖြစ်လာတဲ့အခါမျိုးမှာ ပေါင်ဒါမုန့်ကို အသုံးပြုပေးရပါမယ်။

ဆော့စရာပစ္စည်းများ

ကလေးငယ် ကမ်းခြေမှာ ဆော့ဖို့ မေမေတို့အိမ်ကနေ ဆော့ကစားစရာ ပစ္စည်းတချို့ယူလာခဲ့ပေးပါ။ သဲတွေထည့်ဆော့လို့ရမယ့် ပစ္စည်းမျိုးက အကောင်းဆုံးဖြစ်ပါတယ်။

အခင်း

ကမ်းခြေမှာ ကလေးငယ် သက်တောင့်သက်သာနဲ့ ထိုင်ကစားနိုင်ဖို့ အခင်းတစ်ခု ယူခဲ့ဖို့ လိုအပ်ပါသေးတယ်။

သီတင်းကျွတ်ပိတ်ရက်လေးမှာ ကမ်းခြေခရီးသွားမယ်ဆိုရင် အထက်မှာပြောပြထားတဲ့ ကလေးပစ္စည်းလေးတွေကို မဖြစ်မနေ ယူသွားပေးပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: babythings

Comments

0 comments
Latest video
Refer to more useful articles
x