ကလေးငယ်ရှိတဲ့ အိမ်မှာ အိမ်မွေးတိရစ္ဆာန် မွေးသင့် မမွေးသင့်

by: Khin Nyein Lwin
 0 comments  1 love

တိရစ္ဆာန်လေးတွေက သဘာဝတရားကို ရှာဖွေတွေ့ရှိဖို့ သင်ကြားပေးပြီး တိရစ္ဆာန်လေးတွေ ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနေထိုင်ကြလဲဆိုတာ သိစေပါတယ်တဲ့

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကလေးတွေဆိုတာက သူတို့အချင်းချင်းမှာ ကောင်းခြင်းတွေ ဖလှယ်နိုင်ပါတယ်။ ဥပမာ – ခွေးလေးတစ်ကောင်ရှိခြင်းက ကလေးကို ပျော်ရွှင်စေနိုင်ပါတယ်။ ကလေးငယ်ရှိရင် အိမ်မွေးတိရစ္ဆာန်မွေးသင့် မမွေးသင့်တွေဝေနေမယ့် မေမေတို့အတွက် ပြောပြပေးလိုက်ပါတယ်နော်။

အိမ်မွေးတိရစ္ဆာန်ရှိခြင်းက ကလေးအတွက် စိတ်ရော ကိုယ်ပါ ကောင်းကျိုးရှိစေပါတယ်။

လေ့လာချက်များအရ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုစိုက်တတ်တဲ့ကလေးတွေက

  • တာဝန်သိမှုအပြင် တစ်စုံတစ်ခုကို ဂရုစိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှုကို အခြားကလေးတွေထက်ပိုပြီး သင်ယူနိုင်ကြပါတယ်။
  • သဘာဝတရားကို ရှာဖွေတွေ့ရှိဖို့ သင်ကြားပေးပြီး တိရစ္ဆာန်လေးတွေ ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနေထိုင်ကြလဲဆိုတာ သိစေပါတယ်တဲ့။
  • တည်ငြိမ်မှုရှိစေပြီး အပန်းပြေစေတာကလည်း အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။
  • ခံစားချက်တွေ ချိတ်ဆက်နိုင်ဖို့နဲ့ မိသားစုအချင်းချင်း မျှဝေခံစားတတ်ဖို့လဲ အထောက်အကူပြုပါတယ်။

အိမ်မှာ ကလေးငယ်နဲ့အတူ အိမ်မွေးတိရစ္ဆာန်လေးတွေပါရှိတယ်ဆိုရင်တော့

  •  ကလေးငယ်ကို ထည့်ထားတဲ့ ပုခက်ကို မဖုံးအုပ်ပဲ မထားခဲ့ပါနဲ့။ ဘာလို့ဆို ကြောင်လေးတွေအတွက် အိပ်စရာနေရာ ရှာရင်း ကလေးငယ် နားဝင်အိပ်နေနိုင်တာကြောင့်ပါ။
  • ကလေးငယ်ကို အိမ်မွေးတိရစ္ဆာန်နဲ့ဘယ်တော့မှ အတူမထားခဲ့ပါနဲ့။ ကလေးငယ်က ရုတ်တရတ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတဲ့အခါ အိမ်မွေးတိရစ္ဆာန်လေးတွေက ပြန်ကိုက်တာ၊ ကုတ်တာမျိုးပြုလုပ်နိုင်လို့ပါ။
  • ကလေးငယ်ကို တိရစ္ဆာန်လေးတွေနဲ့ အတူ အစားမစားမိအောင် သင်ကြားပေးထားသင့်ပါတယ်။
  • အိမ်မွေးတိရစ္ဆာန်လေးတွေကို ညင်သာစွာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ထားပေးသင့်တဲ့အပြင်၊ တိရစ္ဆာန်လေးတွေ ဒေါသထွက်နေတဲ့အခါ ၊ ကြောက်နေတဲ့အခါ ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာပါ သင်ထားပေးသင့်ပါတယ်။
  • ကလေးတွေကို လျှာနဲ့ အလျက်မခံဖို့ သင်ထားပေးရမှာဖြစ်ပြီး တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးဖို့လဲ သင်ထားပေးရမှာပါ။
  • အိမ်မွေးတိရစ္ဆာန်လေးတွေကို အိပ်ရာနဲ့ဝေးရာမှာ ထားရပါမယ်။

ဒါဆိုရင်တော့ ကလေးအတွက်အန္တရာယ်ကင်းကင်းနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးနိုင်မှာပဲ ဖြစ်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles