ကလေးနို့တိုက်နေတယ်ဆိုရင် ဘာကြောင့် မေမေတို့ ဖုန်းမသုံးသင့်တာလဲ

by: Nang Htwe
 0 comments  1 love

ကလေးငယ်ဟာ မေမေတို့ရဲ့ အာရုံစူးစိုက်မှုကို ရယူလိုပါတယ်။ မေမေတို့က ဖုန်းသုံးနေမယ်ဆိုရင် ကလေးငယ်လိုချင်တဲ့ အာရုံစူးစိုက်မှုကို မရတော့ပါဘူး။

ကလေးကို မိခင်နို့တိုက်ကျွေးခြင်းဟာ မေမေတို့အတွက် လှပတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ မိခင်နို့ကနေ ကလေးငယ်အတွက် အာဟာရတွေရရှိစေတဲ့အပြင် မိခင်နဲ့ ကလေးကြားသံယောဇဉ်တွေ ပိုပြီးချည်နှောင်လာစေပါတယ်။

Image result for Reasons to Avoid Using Your Mobile Phone While Breastfeeding

ကလေးနို့တိုက်နေရင်း ဖုန်းမသုံးသင့်ပါ (Photo by FirstCry Parenting)

ကလေးငယ်ကို စောင့်ရှောက်နေရတဲ့ မိခင် တွေမှာ အချိန်မအားလပ်ကြပါဘူး။ ကလေးငယ်ကို တစ်နေကုန်ဂရုစိုက်နေရတာကြောင့်လည်း ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကုန်ပါတယ်။ ဖုန်းသုံးခြင်းက ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြန်ရစေတဲ့ နည်းလမ်းပါ။ ဒါပေမယ့်လည်း မေမေတို့မှာ အချိန်မရှိတာကြောင့် ကလေးနို့တိုက်ရင်း ဖုန်းအသုံးပြုကြပါတယ်။ တကယ်တမ်းတော့ ကလေးနို့တိုက်နေရင်း ဖုန်းသုံးတာ ကောင်းတဲ့အပြုအမူမဟုတ်ပါဘူး။ ဒါကြောင့် မေမေတို့ဒီအကျင့်လေးရှိတယ်ဆိုရင် ရပ်လိုက်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။ ဘာကြောင့် ကလေးနို့တိုက်နေရင်း ဖုန်းမသုံးသင့်တာလဲဆိုတာ

(၁) မျက်လုံးချင်းဆက်သွယ်ခြင်း

မွေးကင်းစကနေ အသက်(၆)လအထိ မေမေနဲ့ ကလေးငယ်ရဲ့ အဓိကဆက်သွယ်ချက်က မျက်လုံးအကြည့်ပဲဖြစ်ပါတယ်။ နို့တိုက်နေစဉ် ဖုန်းသုံးတာက ကလေးနဲ့ မိခင် မျက်လုံးချင်းအဆက်အသွယ် ပြတ်တောက်စေပါတယ်။ ကလေးငယ်ရဲ့ အနာဂါတ်သင်ယူမှုတွေနဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုတွေ တိုးမြင့်လာစေပါတယ်။

(၂) အာရုံစူးစိုက်မှု

ကလေးငယ်ဟာ မေမေတို့ရဲ့ အာရုံစူးစိုက်မှုကို ရယူလိုပါတယ်။ မေမေတို့က ဖုန်းသုံးနေမယ်ဆိုရင် ကလေးငယ်လိုချင်တဲ့ အာရုံစူးစိုက်မှုကို မရတော့ပါဘူး။ အာရုံစူးစိုက်မှုမရတဲ့အခါ ကလေးငယ်မှာ စိတ်ဖိစီးတွေ ပိုတိုးလာပါတယ်။ နို့တိုက်ချိန်တိုင်း ဖုန်းသုံးနေမယ်ဆိုရင် ကလေးငယ်မှာ စိုးရိမ်ထိပ်လန့်ပြီး အငိုမတိတ်တော့တာကို ကြုံရနိုင်ပါတယ်။

Related image

ဖုန်းသုံးနေတဲ့အခါ ကလေးငယ်ကို ဂရုစိုက်မှုနည်းသွားပါတယ် (Photo by psiga.org)

(၃) အန္တရာယ်

ကလေးငယ်ကို ဂရုစိုက်ရမှာ မေမေတို့ရဲ့ တာဝန်ပါ။ ဒါပေမယ့်လည်း ဖုန်းသုံးနေတဲ့အခါ ကလေးငယ်ကို ဂရုစိုက်မှုနည်းသွားပါတယ်။ ဒါဟာ ကလေးငယ်အတွက် အန္တရာယ်များပါတယ်။ ဒါကြောင့် ကလေးငယ်အန္တရာယ်ကင်းအောင် မေမေတို့က နို့တိုက်ရင်း ဖုန်းမသုံးဖို့ သတိပေးလိုက်ပါတယ်။

(၄) ဓါတ်ရောင်ခြည်ထိတွေ့မှု အန္တရာယ်

ဖုန်းကနေ ထုတ်တဲ့ သေးငယ်တဲ့ ဓါတ်ရောင်ခြည်က ကလေးငယ်အပေါ်ကျရောက်စေပါတယ်။ ကျရောက်တာများလာတဲ့အခါ DNA ဖွဲ့စည်းပုံကို ပျက်စီးစေပြီး ဦးနှောက်ဆဲလ်ပျက်စီးမှုနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

(၅) သက်တောင့်သက်သာ

ကလေးငယ်ကို နို့တိုက်တဲ့အခါ မေမေရောကလေးငယ်ပါ သက်တောင့်သက်သာရှိစေမယ့် ပုံစံဖြစ်နေဖို့ လိုအပ်ပါတယ်။ မေမေတို့က ဖုန်းသုံးနေတဲ့အခါ အာရုံမရောက်တော့ဘဲ ဖြစ်နေနိုင်ပါတယ်။ ကလေးငယ် နို့စို့နည်းတာ၊ ပုံစံမမှန်တာကြောင့် နို့မစို့တာမျိုး ကြုံရနိုင်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ်ကိုနို့တိုက်တဲ့အခါ ဖုန်းမသုံးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x