မေမေတို့ နည်းစနစ်မှန်မှန်နဲ့ ကလေးကို ဘယ်လို နို့တိုက်မလဲ
by: Nang Htwe
 0 comments  2 love
အခု တစ်ပတ်မှာတော့ Kalay ကနေ နို့တိုက်မေမေတွေ အားလုံးအတွက် မှန်ကန်တဲ့ ကလေးနို့တိုက်နည်းလမ်းတွေ ပြောပြပေးသွားပါမယ်။ မေမေတို့ အဆင်ပြေတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
ပုခက်ပုံစံ ကိုင်ပြီး နို့တိုက်နည်း (ပုံ-၁)
ဒီနည်းလမ်းကတော့ မွေးကင်းစ ကလေးငယ်တွေအတွက်ပါ။ မွေးကင်းစ ကလေးငယ်တွေက ဦးခေါင်းမထောင်နိုင်သေးတဲ့အတွက် ဒီနည်းလမ်းကို အသုံးပြုကြတာပါ။ နို့သီးခေါင်းနဲ့ ကလေးငယ်ရဲ့ ဦးခေါင်းအတည့်ဖြစ်နေပြီး လက်မောင်းက ကလေးငယ်ကို ထိန်းထားတယ်။ ကလေးရဲ့မျက်နှာကို အမေဖက်လှည့်ပြီး မြောက်ချီထားတယ်။ အခြားတစ်ဖက်က ရင်ထားကို ကိုင်ထားတာမျိုး ထောက်ပံ့ပေးနိုင်တယ်။ အသေးစိတ်ကို ပုံမှာကြည့်နိုင်ပါတယ်။
(ပုံ-၁) Photo by kidshealth
လက်ခြား ပုခက်ပုံစံနို့တိုက်နည်း (ပုံ-၂)
ပုံ(၁)ကနည်းလမ်းနဲ့တူပြီး ကလေးကို ချီတဲ့လက် ပြောင်းလဲသွားတာပါ။
(ပုံ-၂) (Photo by kidshealth)
(ပုံ-၃) (Photo by kidshealth)
ဘောလုံးကိုင်ထားသလို နို့တိုက်နည်း (ပုံ-၄)
ဒီနည်းလမ်းကတော့ အမြွာမွေးထားတဲ့ မေမေတွေအတွက်ပါ။ ဘောလုံးသမားက ဘောလုံးကိုင်ထားတဲ့ပုံစံအတိုင်း မိခင်နို့တိုက်တာပါ။ ခွဲမွေးထားတဲ့ မေမေအတွက်လည်း ကောင်းတဲ့နည်းလမ်းပါ။
(ပုံ-၄) (Photo by kidshealth)
ဖမ်းပြီး နို့တိုက်နည်း (ပုံ-၅)
(ပုံ-၅) (Photo by kidshealth)
ကလေးနို့ဝတဲ့အခါ မေမေတို့ကိုယ်တိုင် နို့သီးခေါင်းကို ဆွဲထုတ်ပေးပါ။ ကလေးအထုတ်ကို မစောင့်ပါနဲ့။ ကလေးတွေက မလွတ်တတ်လို့ပါ။ အကယ်လို့ ကလေးနို့စို့ချိန် နို့သီးခေါင်းချော်တာမျိုး ကြုံရရင် ဘက်ပြောင်းတိုက်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲဆိုတော့
  • နာကျင်တာမျိုးကြောင့်မဟုတ်ဘဲ ကလေးနို့တိုက်ဖို့ မလွယ်ကူနေရင်၊ အဆင်မပြေနေရင်
  • နို့နည်းနည်းပဲစို့ပြီး အိပ်ပျော်သွားရင်
  • ကလေးက နို့စို့ပေမယ့်လည်း စိတ်ကျေနပ်တဲ့ အမူအရာမပြတဲ့အခါ စတဲ့အခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ကလေးတွေအတွက် မိခင်နို့ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
မိခင်နို့ရည်ဆိုတာ မွေးကင်းစ ကလေးငယ်တွေအတွက်တော့ သဘာဝက ပေးတဲ့ လက်ဆောင်ပါ။ မိခင်နို့ရည်ထဲမှာ အမေတစ်ယောက်ရဲ့ မေတ္တာတွေ အများကြီးပါပါတယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေက အမေတွေကို ရွေးချယ်ခွင့်တွေ ပေးလာပါတယ်။ မိခင်နို့တိုက်မလား ဒါမှမဟုတ် ဖော်မြူလာနို့မှုန့်တိုက်မလား ဆိုတာ မေမေတို့ရဲ့ ရွေးချယ်ခွင့်ပါ။
ရင်သွေးငယ် ဒါမှမဟုတ် မိခင်ရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖော်မြူလာနို့မှုန့်ကို ရွေးချယ်လိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ်။ တချို့မေမေတွေဆိုရင်လည်း မီးတွင်းမှာ တခြားပြဿနာတွေကြောင့် မိခင်နို့မထွက်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မေမေတို့ကလည်း ကျန်းမာရေကောင်းပြီး ကလေးကလည်း လက်ခံနိုင်တယ်ဆိုရင် မိခင်နို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။
မိခင်နို့ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
မိခင်နို့ရည်ထဲမှာ ကလေးငယ်တွေလိုအပ်တဲ့ အာဟာရတွေ အကုန်ပါပြီးသားပါ။ ဒါကြောင့် အသက်(၆)လမပြည့်မချင်း အစားအစာနဲ့ ရေတိုက်တာ လုံးဝရှောင်ပါ။ မိခင်နို့ရည်မှာ အကုန်ပါပြီးသားမို့ ကျန်အရာတွေ အသက္(၆)လအထိ မလိုအပ်သေးပါဘူး။ နောက်ပြီး ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဖျားနာခြင်းနဲ့ ဓါတ်မတည့်တဲ့ ပြဿနာကိုလည်း မိခင်နို့ရည်က ကာကွယ်ပေးပါတယ်။ ဆီးချို၊ ကင်ဆာ စတဲ့ ရောဂါဆိုးတွေကိုလည်း မိခင်နို့ရည်က ကာကွယ်ပေးထားပါသေးတယ်။ ပြင်ပကနေ ရောဂါကူးစက်တာ (ဥပမာ နားကနေတဆင့် ရောဂါကူးစက်ခြင်း)မျိုးကိုလည်း ကာကွယ်ပေးတယ်။ မိခင်နို့ရည်က အစာကြေလွယ်လို့ ကလေးတွေ အဖြစ်များတဲ့ လေထိုးတာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးတယ်။ ကိုယ်အလေးချိန် ပြည့်တယ်။ နောက်ပြီး ကလေးဉာဏ်ကောင်းတယ်။
မိခင်နို့ရည်ရဲ့ လုံခြုံစိတ်ချရမှု
မိခင်နို့ရည်က ဘယ်နေရာ ဘယ်အချိန်မဆို လတ်လတ်ဆက်ဆက်တိုက်ကျွေးနိုင်တယ်။ နို့ရည်က သန့်ရှင်းပြီး အပူချိန်မှန်ကန်တယ်။ ပိုက်ဆံမကုန်ဘူး။ နို့ဘူးတွေ မဝယ်ရတော့ဘူး (နို့ဘူးအကောင်းစားတွေက ဈေးကြီးတယ်)။ မိခင်နို့ရည်က ပိုလျှံတာမျိုးမဖြစ်လို့ ပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ်။
မိခင်နို့တိုက်ကျွေးတဲ့အခါ
  • တစ်ရက်ကို (၈)ကြိမ်ကနေ (၁၂)ကြိမ်ထိ တိုက်ကျွေးနိုင်ပါတယ်။
  • ကလေးကို ချီပြီးအသားချင်းထိ တိုက်ရလို့ ကလေးရဲ့ အားကိုးမှုနဲ့ ချစ်ခြင်းပိုရပါတယ်။
  • နို့တိုက်တဲ့မေမေတို့အတွက်လည်း ရင်သားကင်ဆာနဲ့ ဆီးချိုရောဂါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
  • ကိုယ်အလေးချိန်ထိန်းပေးသလို နောက်ထပ်ကိုယ်ဝန်ထပ်ရဖို့ သဘာဝတားတဲ့ နည်းလမ်းပါ။
  • ကလေးငယ်ရဲ့ အရိုးနဲ့သွား ကျန်းမာသန်စွမ်းစေပါတယ်။
မေမေက နို့မထွက်တာ ဒါမှမဟုတ် ကလေးငယ်က မိခင်နို့နဲ့မတည့်တဲ့ ကျန်းမာရေးပြဿနာရှိတာကလွဲပြီး ပြဿနာမရှိတဲ့ မေမေတွေအကုန်လုံး ကိုယ့်ကလေးကို မိခင်နို့ချို အနည်းဆုံးအသက်(၆)လ အများဆုံးအသက်(၂)နှစ်အထိ တိုက်ကျွေးဖို့ တိုက်တွန်းပါရစေ။
နို့လမ်းကြောင်းပိတ်တာ သက်သာအောင် ဘယ်လိုလုပ်မလဲ
  • ရင်သားမှာ အနာလိုမျိုး အစက်အပြောက်တွေ စတွေ့တာနဲ့ ဆရာဝန်ထံ ပြသပါ။
  • များများအနားယူပါ။
  • ရေနွေးအိတ်ကပ်ပေးပါ။
  • နို့တိုက်တဲ့အခါ တစ်ဖက်ထဲတိုက်တာထက် နှစ်ဖက်စလုံး ပြောင်းတိုက်ပါ။
  • ဘော်လီတွေ (bra) တွေ တတ်နိုင်သလောက် မဝတ်ဘဲနေပါ။ ရင်သားကို ဗြောင်ထားတာ ပိုကောင်းပါတယ်။
  • မိခင်နို့မတိုက်ခင် မိနစ်အနည်းငယ်လောက်မှာ ရင်သားတဝိုက် ကြိတ်ချေသလိုမျိုး နှိပ်ပေးပါ။
  • ကလေးနို့စတိုက်ချိန်မှာ ကြုံတတ်ပါတယ်။ ကျွမ်းကျင်သူနာပြုတွေရဲ့ အကူအညီရယူပါ။
  • ကလေးနို့တိုက်တဲ့နည်းလမ်း မှန်ကန်ပါစေ။
  • မပျောက်ကင်းရင် ဒါမှမဟုတ် မသက်သာရင် ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှု ခံယူပါ။
  • နို့လမ်းကြောင်းပိတ်တာ သက်သာစေတဲ့ နည်းလမ်းနဲ့ ကာကွယ်ပေးတဲ့ နည်းလမ်းတွေကို ကိုယ်ဝန်ဆောင်နဲ့ ကလေးကျန်းမာရေး facebook pages တွေနဲ့ စာအုပ်တွေမှာ နည်းလမ်းတွေ ရှာဖွေနိုင်ပါတယ်။
မေမေတို့ရဲ့ ကလေးနို့တိုက်နည်း အတွေ့အကြုံတွေကို comment မှာ ဝေမျှပေးခဲ့ပါဦးနော်။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with
Comments
0 comments
Latest video
Refer to more useful articles