ညတိုင်း ကလေးငယ်တွေ အပူအပင်မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့

by: Nang Htwe
 0 comments  1 love

ကလေးငယ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာကလည်း အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်

ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေဟာဆိုရင် အစားအသောက်၊ လေ့ကျင့်ခန်း၊ အိပ်စက်ခြင်း စတဲ့ အချက်တွေပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့ အိပ်စက်ခြင်းကို ဂရုစိုက်ပါ။

ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေဟာဆိုရင် အစားအသောက်၊ လေ့ကျင့်ခန်း၊ အိပ်စက်ခြင်း စတဲ့ အချက်တွေပေါ်မှာ မူတည်နေပါတယ် (Photo by Evening Standard)

သားသားမီးမီးလေးတွေ ညတော်တော်နဲ့ မအိပ်တာကို မေမေတို့ဖြေရှင်းပေးရပါမယ်။ ကလေးငယ်က နေ့ခင်းဖက် အိပ်ချိန်များလို့ ညတော်တော်နဲ့ မအိပ်တာလည်း ဖြစ်နိုင်သလို အခန်းအမှောင်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး သရဲပုံပြင်တွေ၊ ထိပ်လန့်စရာကောင်းတဲ့ ဇာတ်ကားတွေ၊ screen အသုံးပြုများတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးငယ် ညပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်

  • မွေ့ယာကို မထူမပါး ရွေးချယ်ထားပေးပါ။
  • သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး ညဝတ်အိပ်င်္ကျီဝတ်ဆင်ပေးပါ။
  • အခန်းအပူချိန်ကို ရာသီဥတုအလိုက် ပြောင်းလဲပေးပါ။
  • အခန်းလေဝင်လေထွက်ကောင်းအောင် ထားပါ။
  • ကလေးငယ်မှာ အဖျားရှိနေလားဆိုတာ သာမိုမီတာနဲ့ တိုင်းပေးပါ။
  • အိမ်မက်ဆိုးတွေ မက်ထားခြင်းရှိမရှိ စစ်ဆေးပါ။
  • ကလေးငယ်ရဲ့ အမြင်အာရုံကို ဂရုစိုက်ပါ။
  • အိပ်ခါနီးမှာ အစာမကြေလွယ်တဲ့ အစားအသောက်တွေကို မကျွေးပါနဲ့။

ဖိအားနဲ့ စိတ်ဖိစီးမှုတွေ နည်းအောင်ထားပါ (Photo by PopSugar)

  • အိပ်နေချိန် လမ်းထလျှောက်တဲ့ပြဿနာရှိမရှိ သတိထားပါ။
  • အိပ်တဲ့အခါ ဟောက်တတ်ခြင်းရှိမရှိ သတိထားပါ။
  • ချောင်းဆိုးတာနဲ့ နှာခေါင်းပိတ်တာကလည်း ကလေးငယ်ကို အိပ်ရေးပျက်စေပါတယ်။
  • ဖိအားနဲ့ စိတ်ဖိစီးမှုတွေ နည်းအောင်ထားပါ။
  • အိပ်တဲ့အခါ အသက်ရှူကျပ်တဲ့ ပြဿနာ ရှိမရှိ စစ်ဆေးပါ။
  • မောပန်းနေတာနဲ့ ပင်ပန်းနေတယ်ဆိုရင်လည်း ကလေးငယ် ညအိပ်ပျော်ဖို့ ခက်နေပါလိမ့်မယ်။
  • ညအိပ်တဲ့အခါ ပါးစပ်ဖွင့်အိပ်ခြင်း ရှိမရှိ သတိထားပေးပါ။
  • ရာသီဥတုပူလွန်းတဲ့အခါမျိုးမှာလည်း ကလေးငယ် အိပ်မပျော်နိုင်ပါတယ်။
  • ပူတဲ့ရာသီမျိုးမှာ ကလေးငယ်အိပ်ယာထူနေတာ၊ စောင်ထူတာတွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။

ကလေးငယ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာကလည်း အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ကလေးငယ် ညအိပ်နောက်ကျတာက ဖွံ့ဖြိုးကြီးထွားမှု နှောင့်နှေးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: ChildrennightSweats


Comments

0 comments
Latest video
Refer to more useful articles