ရေဓါတ်ခမ်းခြောက်တာတွေ ကလေးလေးမှာ မဖြစ်စေဖို့

by: Phyo Pyae Thu
 1 comments  3 love

 မေမေတို့ကလေးလေးမှာ လုံလောက်တဲ့ အာဟာရပြည့်ဝဖို့အတွက် အစားအစာတွေလည်း လိုအပ်သလို ရေဓါတ်လည်း လိုအပ်ပါတယ်။ကလေးလေးတွေမှာ ရေဓါတ်မခမ်းခြောက်ဖို့ အရမ်းအရေးကြီးပါတယ်။

ရေဓါတ်မခမ်းခြောက်ဖို့ အရမ်းအရေးကြီးပါတယ်  (photo: Wholesome Baby Food – Momtastic)

မေမေတို့ရေ ကလေးလေးတွေမှာ ရေဓါတ်မခမ်းခြောက်ဖို့ အရမ်းအရေးကြီးပါတယ်။ မေမေတို့ကလေးလေးမှာ လုံလောက်တဲ့ အာဟာရပြည့်ဝဖို့အတွက် အစားအစာတွေလည်း လိုအပ်သလို ရေဓါတ်လည်း လိုအပ်ပါတယ်။ မေမေ့ကလေးလေးမှာ ရေဓါတ်ပြည့်ဝနေဖို့ မေမေတို့ စောင့်ရှောက်ဖို့ လိုပါတယ်။

ရေများများ တိုက်ပါ (photo: Wholesome Baby Food – Momtastic)

ရေဓါတ်ခမ်းခြောက်ရင် ဘာတွေ ဖြစ်နိုင်မလဲ

  •  ပါးစပ်ခြောက်ခြင်း
  •  ရေငတ်ခြင်း
  •  ဆီးမထွက်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း။
  •   မျက်ရည်မထွက်ခြင်း
  •  စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်း
  • စိတ်ဝင်စားမှုကျခြင်း
  •  ခေါင်းကိုက်ခြင်း
  •  ခေါင်းမူးခြင်း
  •  ကြွက်တက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

မေမေ့ကလေးလေး ရေဓါတ်ဆုံးရှုံးမယ်ဆိုရင်

မေမေတို့ ကလေးလေးမှာ ချွေးထွက်လွန်ခြင်းကြောင့် ရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်မဖြည့်ဘူးဆိုရင်တော့ အပူကြောင့် ကလေးမှာ ကြွက်သားနာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ အပူကို ကောင်းကောင်းမစွန့်ထုတ်နိုင်ဘူးဆိုရင်လည်း အပူကြီးခြင်း၊ ဦးနှောက်ထိခိုက်နိုင်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။

ရေဓါတ်ဘာကြောင့် ခမ်းရတာလဲ

  • နာတာ ရှည်ရောဂါရှိတဲ့ ကလေးလေးများ
  • ဖျားနေတဲ့ ကလေးလေးများ
  • လေ့ကျင့်ခန်း များများလုပ်တဲ့ ကလေးတွေနဲ့
  • အပူဒဏ်ကို မခံနိုင်တဲ့ အဝလွန်ကလေးတွေမှာ ဖြစ်နိုင်ပါတယ်။

 ရေဓါတ်ခမ်းခြောက်တာတွေ မဖြစ်စေဖို့အတွက်

ရေများများတိုက်ပါ။ ကလေးလေးကို အေးတဲ့နေရာမှာပဲ ထားပါ။ ရေဓါတ်ခမ်းခြောက်တာက အပူများတာကြောင့် ဖြစ်တာမို့ ဂရုစိုက်ရပါမယ်။ အပူကြောင့်ဖြစ်တဲ့ ဖျားနာခြင်းကို ကာကွယ်ဖို့အတွက် ကလေးကို နေရောင်တိုက်ရိုက်ရတဲ့ နေရာမှာ မနက် (၁၀) နာရီမှ( ၂) နာရီကြားတွင် မထားပါနဲ့။ အရိပ်ကောင်းသောနေရာမှာ ရများများတိုက်ပြီး၊ ချောင်ချိတဲ့ အ၀တ်များကို ၀တ်ပေးထားပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ ရေဓါတ်ခမ်းခြောက်ခြင်းတွေ မဖြစ်စေဖို့အတွက်နဲ့ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် အပေါ်မှာ ပြောပြထားတဲ့ အချက်တွေကို လိုက်နာပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles