မဝယ်လည်းရပြီး ဝယ်မယ်ဆိုရင်လည်း အသုံးဝင်တဲ့ ကလေးပစ္စည်းများ

by: Nang Htwe
 0 comments  0 love

မဝယ်လည်း ပြဿနာမရှိတဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကို ပြောပြပေးပါ့မယ်။ ပိုက်ဆံအပိုမကုန်လိုတဲ့ မေမေဖေဖေတို့အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုတာပေါ့နော်

ပထမဆုံးအကြိမ် မိဘဖြစ်လာတော့မယ့်အခါ မကြာခင် မိသားစုဝင်တစ်ဦး ဖြစ်လာတော့မယ့် ကလေးငယ်အတွက် အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူရပါတယ်။ စီနီယာ သားသားမီးမီးလေးတွေရှိတဲ့ မေမေတို့အတွက်တော့ ဘယ်လိုပစ္စည်းမျိုး ဝယ်ရမယ်ဆိုတာ သိနေတာကြောင့် ပြဿနာမရှိပါဘူး။
မေမေဖေဖေအသစ်တွေအနေနဲ့ ကလေးပစ္စည်းဝယ်ယူတဲ့အခါ အခက်အခဲတွေရှိပါတယ်။ ဘာကို ဝယ်သင့်ပြီး ဘာတွေ သိပ်မလိုအပ်တာလဲဆိုတာပါ။ မိခင်တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ကလေးငယ်ကို ပြည့်ပြည့်စုံစုံထားချင်တာ မိဘမေတ္တာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ Kalay ကနေ မေမေဖေဖေအသစ်တွေအတွက် ဝယ်ရင်လည်းဖြစ်သလို မဝယ်လည်း ပြဿနာမရှိတဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကို ပြောပြပေးပါ့မယ်။ ပိုက်ဆံအပိုမကုန်လိုတဲ့ မေမေဖေဖေတို့အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုတာပေါ့နော်။

နို့ဗူးပေါင်းစက် ဝယ်သင့်မဝယ်သင့် မေမေဖေဖေတို့ စဉ်းစားရပါမယ် (Photo by Amazon.es)

နို့ဗူးပေါင်းစက်

နို့ဗူးပေါင်းစက် ဝယ်သင့်မဝယ်သင့် မေမေဖေဖေတို့ စဉ်းစားရပါမယ်။ နို့ဗူးပေါင်းစက်က ကလေးငယ်ရဲ့ နို့ဗူးတွေကို ပိုးသတ်ပေးပါတယ်။ ကလေးငယ်ရဲ့ ကျန်းမာရေး စိတ်ချရပါတယ်။ အလုပ်မအားတဲ့ မေမေတွေနဲ့ လုပ်ငန်းခွင်ပြန်ဝင်မယ့် မေမေတို့အတွက် အသုံးဝင်ပါတယ်။ တဖက်ကနေ ကြည့်မယ်ဆိုရင်လည်း နို့ဗူးတွေကို ရေနွေးပွက်ပွက်ဆူနဲ့ ပြုတ်ပေးလို့ရပါတယ်။ မေမေတို့ရဲ့ ငွေကြေးအခြေအနေပေါ်မူတည်ပြီး စဉ်းစားနိုင်ပါတယ်။

ကလေးပစ္စည်းတွေ သီးသန့်ထားဖို့အတွက် စင်ဝယ်ထားလို့ရပါတယ် (Photo by Mocka)

ကလေးပစ္စည်းစင်

ကလေးပစ္စည်းတွေ သီးသန့်ထားဖို့အတွက် စင်ဝယ်ထားလို့ရပါတယ်။ ဝယ်ထားမယ်ဆိုရင်လည်း အသုံးဝင်သလို မဝယ်ဘူးဆိုရင်လည်း မေမေတို့အသုံးပြုနေတဲ့ စင်တွေစားပွဲတွေပေါ်မှာလည်း ထားနိုင်ပါတယ်။

ကလေးငယ်ရဲ့ အဝတ်အစားအတွက် ကလေးဆပ်ပြာမှုန့် သီးသန့်ဝယ်ယူတာကောင်းပါတယ် (Photo by Best Consumer Reviews )

ကလေးဆပ်ပြာမှုန့်

ကလေးငယ်ရဲ့ အဝတ်အစားအတွက် ကလေးဆပ်ပြာမှုန့် သီးသန့်ဝယ်ယူတာကောင်းပါတယ်။ ဒါပေမယ့်လည်း လူကြီးတွေအသုံးပြုတဲ့ ဆပ်ပြာမှုန့်နဲ့လည်း ကလေးအဝတ်အစားတွေကို လျှော်လို့ရပါတယ်။ ဒါကတော့ မေမေတို့ရဲ့ ပိုက်ဆံအခြေအနေပေါ်မူတည်ပါတယ်။

  • Baby walker ဆိုတာ ဘီးလုံးလေးတွေပါတဲ့ ကလေးလမ်းလျှောက်တဲ့အခါ အထောက်အကူပြုတဲ့ ပစ္စည်းလေးပါ (Photo by MY DEAR)

Baby walker

Baby walker ဆိုတာ ဘီးလုံးလေးတွေပါတဲ့ ကလေးလမ်းလျှောက်တဲ့အခါ အထောက်အကူပြုတဲ့ ပစ္စည်းလေးပါ။ ဒီပစ္စည်းလေးကို ဝယ်ယူရင်လည်း ကလေးငယ်အတွက် အသုံးဝင်သလို မဝယ်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။

Teether ဆိုတာက ကလေးငယ်လေးတွေ သွားထွက်တဲ့အခါ အသုံးပြုလို့ရတဲ့ ပစ္စည်းလေးပါ (Photo by Comotomo)

Teether

Teether ဆိုတာက ကလေးငယ်လေးတွေ သွားထွက်တဲ့အခါ အသုံးပြုလို့ရတဲ့ ပစ္စည်းလေးပါ။ သွားဖုံးတွေ မနာကျင်ကောင် ကာကွယ်ပေးပါတယ်။ ဒီပစ္စည်းလေးကို ဝယ်ရင်လည်းဖြစ်သလို မဝယ်ရင်လည်း ဘာမှမဖြစ်ပါဘူး။

ဖြည့်စွက်စာ ပြုလုပ်တဲ့အခါမှာ အသုံးပြုပါတယ် (Photo by The Hyland Sisters)

Baby food maker/processor

ဖြည့်စွက်စာ ပြုလုပ်တဲ့အခါမှာ အသုံးပြုပါတယ်။ ဒီ ပစ္စည်းကို မေမေတို့ ဝယ်မယ်ဆိုရင်လည်း ဖြည့်စွက်စာပြုလုပ်တဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။ မဝယ်ဘူးဆိုရင်လည်း သာမန်နည်းလမ်းတွေနဲ့ ဖြည့်စွက်စာ ပြုလုပ်ပေးလို့ရပါတယ်။

ပုခက်ကိုတော့ တော်တော်များများ ဝယ်ကြပါတယ် (Photo by The Southern Maryland Chronicle)

ပုခက်

ပုခက်ကိုတော့ တော်တော်များများ ဝယ်ကြပါတယ်။ ဒါပေမယ့် တချို့ကလေးငယ်တွေက ပုခက်နဲ့ မအိပ်ကြပါဘူး။ နောက်ပြီး ကလေးငယ် ပုခက်အသုံးပြုချိန် နည်းတာကြောင့် ဝယ်ထားရင်လည်း အဆင်ပြေမလို မဝယ်ရင်လည်း ပြဿနာမရှိပါဘူး။

ရေချိုဇလုံးနဲ့ ကန်လေးတွေ ဝယ်ပေးမယ်ဆိုရင်လည်း အဆင်ပြေသလို မဝယ်ဘူးဆိုရင်လည်း ဒီအတိုင်း ချိုးပေးနိုင်ပါတယ် (Photo by LittleOneMag)

ရေချိုးဇလုံ၊ ကန်

ကလေးငယ်တွေ ရေချိုးတဲ့အခါ အသုံးပြုဖို့အတွက် ရေချိုဇလုံးနဲ့ ကန်လေးတွေ ဝယ်ပေးမယ်ဆိုရင်လည်း အဆင်ပြေသလို မဝယ်ဘူးဆိုရင်လည်း ဒီအတိုင်း ချိုးပေးနိုင်ပါတယ်။
မေမေဖေဖေတို့ရဲ့ ဝင်ငွေပေါ်မူတည်ပြီး ကလေးငယ်အသုံးအဆောင်ပစ္စည်းတွေကို လိုအပ်သလို ဝယ်ယူနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x