ကလေးတွေ ကျောင်းပိတ်ထားချိန် အိမ်မှာငြိမ်အောင် ဘယ်လိုထားကြမလဲ

by: Nang Htwe
 0 comments  0 love

လောလောဆယ် ကျန်းမာရေးပြဿနာတွေကြောင့် မူကြိုတွေ ခဏပိတ်ထားရပါတယ်။ ဒီတော့ အိမ်မှာ ကလေးကို ဘာတွေ ပြုလုပ်ခိုင်းထားလဲ။ ဖုန်း၊ တီဗီတွေ တစ်နေကုန်မကြည့်ဖို့ မေမေတို့ ဘယ်လိုစီစဉ်ပေးသင့်လဲ။

လောလောဆယ် ကျန်းမာရေးပြဿနာတွေကြောင့် မူကြိုတွေ ခဏပိတ်ထားရပါတယ်။ ဒီတော့ အိမ်မှာ ကလေးကို ဘာတွေ ပြုလုပ်ခိုင်းထားလဲ။ ဖုန်း၊ တီဗီတွေ တစ်နေကုန်မကြည့်ဖို့ မေမေတို့ ဘယ်လိုစီစဉ်ပေးသင့်လဲ။

စာအုပ်တွေ ဝယ်ပေးထားပြီး ကလေးကို ဖတ်ခိုင်းတာပါ (Photo by Babylist)

စာအုပ်

မေမေတွေ အများဆုံး အသုံးပြုတဲ့ နည်းလမ်းပါ။ စာအုပ်တွေ ဝယ်ပေးထားပြီး ကလေးကို ဖတ်ခိုင်းတာပါ။ အထူးသဖြင့် ရောင်စုံပုံပြင်စာအုပ်တွေကို မေမေတို့ အများဆုံးဝယ်ပေးဖြစ်ပါတယ်။ ဒီလိုမျိုး အားလပ်ချိန်မှာ ကလေးစာဖတ်တဲ့ အလေ့အထကောင်း ရသွားတာပေါ့နော်။

စာအုပ်က ပုံလေးတွေကို စက်နဲ့ထောက်လိုက်ရင် အသံလေးတွေထွက်လာတာပါ (Photo by YouTube)

စက်

သူကကျတော့ စာအုပ်က ပုံလေးတွေကို စက်နဲ့ထောက်လိုက်ရင် အသံလေးတွေထွက်လာတာပါ။ ကလေးတွေအတွက် အလွန်ကောင်းတဲ့ သင်ထောက်ကူပစ္စည်းပါ။ ကလေးက စာကို ပိုအာရုံရစေပါတယ်။

ဆေးရောင်ခြည်တာကို ကလေးတွေ အလွန်စိတ်ဝင်စားပါတယ် (Photo by AliExpress)

ဆေးရောင်ခြယ်

ဆေးရောင်ခြည်တာကို ကလေးတွေ အလွန်စိတ်ဝင်စားပါတယ်။ ဒါက သူတို့အတွက် ငြိမ်ဆေးလို့ ပြောလို့ရပါတယ်။

ကလေးတွေ အလွန်ဆော့တဲ့ ကစားနည်းပါ (Photo by IndiaMART)

Puzzle

ကလေးတွေ အလွန်ဆော့တဲ့ ကစားနည်းပါ။ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး စိတ်ကူးဥာဏ်တွေ တိုးတက်လာစေပါတယ်။

မီးမီးလေးတွေ အလွန်ဆော့တဲ့ ပစ္စည်းပါ (Photo by Amazon.com)

ဟင်းချက်စရာပစ္စည်းများ

ဒါကတော့ မီးမီးလေးအတွက်ပါ။ ကလေးတွေဆော့ဖို့ ဟင်းချက်စရာခွက်၊အိုး စတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။  မီးမီးလေးတွေ အလွန်ဆော့တဲ့ ပစ္စည်းပါ။

ကလေးအတွက် အသိပညာတွေ အထောက်အကူရပါတယ် (Photo by Free 4 Readers)

ကာတွန်း

ဒီလိုအားလပ်ချိန်မှာ ကာတွန်းစာအုပ်၊ ဂျာနယ်တွေ ဝယ်ပေးထားပါ။ ကလေးအတွက် အသိပညာတွေ အထောက်အကူရပါတယ်။ ယဉ်ကျေးလိမ္မာတဲ့ ကလေးတွေ ဖြစ်လာနိုင်ပါတယ်။

ကာတွန်းကားကြည့်တာ၊ ဗဟုသုတရမယ့် channel တွေကို ဖွင့်ပြတာမျိုး ပြုလုပ်နိုင်ပါတယ် (Photo by Freepik)

တီဗီ၊ ဖုန်း

အချိန် အကန့်အသတ်နဲ့ တီဗီ၊ ဖုန်း ပြပေးပါ။ ကာတွန်းကားကြည့်တာ၊ ဗဟုသုတရမယ့် channel တွေကို ဖွင့်ပြတာမျိုး ပြုလုပ်နိုင်ပါတယ်။

ပိတ်ရက်မှာ ကလေးအတွက် အကျိုးရှိရှိ အချိန်ကုန်ဖို့ မေမေတို့မှာ တာဝန်ရှိပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles