ကလေးငယ်ကို ရေချိုးပေးတဲ့အခါတိုင်း ခေါင်းလျှော်ပေးသင့်၊ မသင့်ဆိုတာ သားသားမီးမီးလေးတွေရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အသားအရည်ပေါ်မှာ မူတည်နေပါတယ်။ ကလေးငယ်က ဖုန်နဲ့သဲတွေနဲ့ ကစားတာ ဒါမှမဟုတ် ပန်းချီခဏခဏ ဆွဲတယ်ဆိုရင်တော့ ခေါင်းလျှော်ပေးသင့်ပါတယ်။ နောက်ပြီး ကလေးငယ်က ခေါင်းခဏခဏယားတာကို ခံစားရတယ်ဆိုရင်လည်း လျှော်ပေးနိုင်ပါတယ်။

ကလေးငယ်ကို တစ်ပတ်(၃)ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ် (Photo by tes.com)
အသားအရည်ပေါ်မူတည်
ကလေးငယ်ရဲ့ အသားအရည်က အထိအခိုက်မခံဘူးဆိုရင် ခဏခဏ ခေါင်းမလျှော်ပေးသင့်ပါဘူး။ မေမေတို့ လက်ကနေ ကလေးငယ်ဆီ ကူးဆက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ကလေးငယ်ကို တစ်ပတ်(၃)ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရေအေးထက် ရေနွေးနွေးလေးကို အသုံးပြုပေးသင့်ပါတယ်။ ခေါင်းလျှော်ပေးတဲ့အခါ အသားအရည်ထိခိုက်မှုမရှိအောင် ကလေးငယ်အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးချယ်အသုံးပြုပေးပါ။ နားနဲ့ မျက်စိကို ကာကွယ်ပေးပါ။
ဆံပင်ရှည်တဲ့ မီးမီးလေးတွေကို သတိထားရမှာက
ဆံပင်ရှည်ထားတဲ့ မီးမီးလေးတွေကို ခေါင်းလျှော်ပေးတဲ့အခါ သတိထားစရာလေးတွေရှိပါတယ်။
- ရက်ခြား ခေါင်းလျှော်ပေးပါ။
- ကလေးသုံး ပျော့ဆေးနဲ့ ခေါင်းလျှော်ရည် အသုံးပြုပေးပါ။
- ရေနွေးနွေးလေးကို အသုံးပြုပါ။
- ခေါင်းလျှော်ပြီးတဲ့အခါ ခြောက်အောင် သုတ်ပေးပါ။
- အဖျားလေးတွေ ညှပ်ပေးပါ။
ကလေးငယ်တွေကို ခေါင်းလျှော်ပေးပြီးတဲ့အခါ သတိထားရမှာက
- ခေါင်းမခြောက်ခင် အိပ်တာကို ရှောင်ရှားပါ။
- သန့်ရှင်းခြောက်သွေ့တဲ့ တဘက်ကိုသာ အသုံးပြုပါ။
- ရေစုပ်တဲ့ တဘတ်ကိုသာ သုံးပါ။

ခေါင်းလျှော်တဲ့အခါ ရေအေးထက် ရေနွေးနွေးလေးကို အသုံးပြုပေးသင့်ပါတယ် (Photo by smarthomekeeping.com)
သားသားမီးမီးလေးတွေ ဆံပင်ကောင်းမွန်ဖို့အတွက်
အသက်(၆)လအထက် ဖြည့်စွက်စာ စားနေတဲ့ သားသားမီးမီးလေးတွေ ဆံပင်ကောင်းနေစေဖို့
- ကြက်ဥ
- ချိစ့်
- ဒိန်ချဉ်
- ပေါင်မုန့်ညို
- ဆာဒင်းငါး
- ထောပတ်သီး
- ငှက်ပျောသီး
- ခရမ်းချဉ်သီးနဲ့
- အစေ့အဆန်တွေကို စားသုံးပေးသင့်ပါတယ်။ ဒီအစားအစာတွေက ကလေးငယ်တွေရဲ့ ဆံပင်ကို သန်စွမ်းပြီး ရှည်လာစေပါတယ်။ သန့်ရှင်းတဲ့ ဆံပင်ကို ရစေပါတယ်။
ကလေးငယ်ရဲ့ ဆံပင်အတွက် အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုပေးသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments