သားသားမီးမီးလေးတွေ ဖျားနာတဲ့အခါမှာ မအီမသာဖြစ်တာတွေနဲ့ ဂျီကျတာတွေကို တွေ့ရပါတယ်။ တစ်ခါတစ်လေကျရင်လည်း အပူချိန်မြင့်တက်လာတာကို တွေ့နိုင်ပါတယ်။ သားသားမီးမီးလေးတွေ ဘာကြောင့်ဖျားတာလဲ။ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဖျားရခြင်းပါ။ အဖျားတက်တာကို မေမေတို့ ပေါ့ပေါ့ဆဆထားခဲ့ရင် နောက်ဆက်တွဲအနေနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ သားသားမီးမီးလေးတွေ ဖျားခဲ့ရင် သို့မဟုတ် အဖျားရှိတယ်လို့ သံသယဝင်ခဲ့ရင် ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသပေးပါ။

သားသားမီးမီးလေးတွေ ဖျားခဲ့ရင် သို့မဟုတ် အဖျားရှိတယ်လို့ သံသယဝင်ခဲ့ရင် ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသပေးပါ (Photo by 愛讀網)
ဖျားနေတဲ့ သားသားမီးမီးလေးတွေကို ဘယ်လိုကာကွယ်ပေးကြမလဲ
မိခင်နို့တိုက်ကျွေးပေးပါ
ကလေးငယ်တွေရဲ့ သာမန်အပူချိန်က လူကြီးတွေထက် ပိုများပါတယ်။ မိခင်နို့က သားသားမီးမီးလေးတွေကို အအေးမိဖျားနာခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ခြောက်လအောက် သားသားမီးမီးလေးတွေကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။ ခြောက်လအထက် သားသားမီးမီးလေးတွေကိုတော့ ဖြည့်စွက်စာအပြင် မိခင်နို့ကိုပါ ဆက်လက်တိုက်ကျွေးပေးပါ။ မိခင်နို့ကို အနည်းဆုံး အသက်(၁)နှစ်ကနေ (၂)နှစ်အထိ တိုက်ကျွေးနိုင်ပါတယ်။
အပြင်သွားတဲ့အခါမှာ
ဈေးဝယ်တဲ့အခါမှာ မေမေဖေဖေတို့အနေနဲ့ လက်ကို ပစ္စည်းတွေကိုင်ရပါတယ်။ ကောင်တာပေါ်လက်တင်တာတွေနဲ့ ပိုက်ဆံကိုင်တာတွေက လက်မှာ ပိုးမွှားတွေ ကပ်နေစေပါတယ်။ ဒါ့ကြောင့် သားသားမီးမီးလေးတွေကို ခေါ်သွားမယ်ဆိုရင်တော့ လက်ဆေးဆပ်ပြာကို ဆောင်ထားဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ သားသားမီးမီးလေးတွေကို ပြုစုမယ်ဆိုရင် သူတို့လေးတွေမှာ အအေးမိဖျားနာတာတွေ ဖြစ်ပေါ်စေပါတယ်။

ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဖျားရခြင်းပါ (Photo by ellahoy)
ဆေးကုသမှုခံယူရန်
- အဖျားတက်ခြင်း
- အပြင်းအထန်ငိုခြင်း
- နှုတ်ခမ်းဖျော့ခြင်း
- ဦးခေါင်းထိပ်မှာ အစက်အပြောက်များထခြင်း၊ ဖောရောင်ခြင်း၊ နာကျင်ခြင်း
- အသားအရေ အရောင်ပြောင်းလဲခြင်း၊ အဖုထခြင်း
- ဖြူဖက်ဖြူရော်ဖြစ်ခြင်း
- နို့သောက်ရန်ငြင်းဆန်ခြင်း
- နို့ကို မျိုချနိုင်စွမ်းမရှိခြင်း
- ဝမ်းလျောခြင်းနဲ့
- အန်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ကြုံနေရပြီဆိုရင်တော့ နီးရာဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးပြသပေးပါ။
မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေမှာ အအေးမိဖျားနာခြင်းတွေ မဖြစ်စေဖို့ အကာအကွယ်တွေ ပြုလုပ်ပေးထားသင့်ကြောင်းကို Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments