လူတိုင်းလူတိုင်း တစ်ရက်ကို အချိန်(၂၄)နာရီ ပိုင်ဆိုင်ထားကြပါတယ်။ အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲမှုပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ မေမေတို့အနေနဲ့ ကိုယ့်သားသမီးကို ဘယ်လောက်ထိ အချိန်ပေးနိုင်လဲဆိုတာ အခုနောက်ပိုင်းမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ အဓိက ကတော့ ခေတ်အခြေအနေအရ လုပ်ငန်းခွင် ဝင်ရောက်ရတာပါ။ အရင်တုန်းကလို သားသမီးကို အချိန်ပြည့်မပေးမပေးနိုင်တော့တာကို ကြုံရပါတယ်။
သားသားမီးမီးတွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့ မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်ခြင်းတွေ လိုအပ်ပါတယ်။ မိဘ(၂)ပါးစလုံး လုပ်ငန်းခွင် ဝင်ရတဲ့အခါ သူတို့လေးတွေကို အချိန်ပေးပြီး ဂရုစိုက်တာနည်းလာတာကြောင့် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို အချိန်ပြည့် ဂရုမစိုက်ရင်တောင် ကိုယ့်ရဲ့အချိန်ထဲက သားသမီးအတွက် သီးသန့်ခွဲထုတ်ပြီး ပေးသင့်ပါတယ်။ အထူးသဖြင့် မေမေတို့ရဲ့ အားလပ်ချိန်၊ ရုံးဆင်းချိန်၊ ပိတ်ရက်တွေမှာ အချိန်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
အချိန်ပေးခြင်း (၁)
ပထမဆုံး မေမေတို့အနေနဲ့ သူတို့လေးတွေရဲ့ဘေးမှာ အချိန်ပြည့်မနေဖြစ်တဲ့ အကြောင်းအရင်းကို နားလည်အောင်ရှင်းပြထားရပါမယ်။ မေမေတို့ဘာကြောင့် အလုပ်လုပ်ရတယ်ဆိုတာကို သားသားမီးမီးလေးတွေ နားလည်လွယ်တဲ့ စကားလုံးတွေသုံးပြီး စိတ်ရှည်ရှည်နဲ့ ပြောပြပါ။
အချိန်ပေးခြင်း (၂)
မနက်ခင်း သားသားမီးမီးတွေ အိပ်ယာထဖို့ နိုးတာ၊ သွားတိုက်မျက်နှာသစ်ချိန်ကို ဂရုစိုက်လမ်းညွှန်ပေးတာ၊ အဝတ်အစားကူလဲပေးတာ၊ မနက်စာပြင်ပေးတာ၊ ကျောင်းလွယ်အိတ်ကို စစ်ပေးတာမျိုး နောက်ပြီး ညနေပြန်ရောက်တဲ့အခါမှာ ညစာဂရုတစိုက်ကျွေးတာ၊ စာကူကျက်ပေးတာနဲ့ တစ်နေ့တာ ကြုံရတဲ့ အခက်အခဲတွေကို အကြံပေးတာမျိုး၊ နားထောင်ပေးတာမျိုး ပြုလုပ်ပေးပါ။
အချိန်ပေးခြင်း (၃)
ရုံးဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ သားသားမီးမီးတွေနဲ့ အတူတူနေပေးပါ။ သူတို့လေးတွေ သွားချင်တဲ့နေရာတွေဆီကို လိုက်ပို့ပါ။ တိရစ္ဆာန်ဥယျာဉ်၊ ကစားကွင်း၊ ကလေးပွဲတော် စတဲ့ နေရာတွေဆီကို မိသားစုလိုက် မကြာခဏ သွားရောက်လည်ပတ်ပါ။

ရုံးဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ သားသားမီးမီးတွေနဲ့ အတူတူနေပေးပါ (Photo by cdph.ca.gov )
အချိန်ပေးခြင်း (၄)
မေမေတို့ ဈေးဝယ်သွားတဲ့အခါ ၊ ကားမောင်းတဲ့အခါ၊ မင်္ဂလာဆောင်မွေးနေ့အလှူပွဲတွေ သွားတဲ့အခါမျိုးမှာ သားသားမီးမီးတွေကို ခေါ်သွားပေးပါ။
အချိန်ပေးခြင်း (၅)
နေ့တိုင်းမဟုတ်ပေမယ့် တစ်ရက်တစ်လေ သားသားမီးမီးတွေကို ကျောင်းလိုက်ပို့ပေးတာ၊ သင်တန်းအပို့အကြိုလုပ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
အချိန်ပေးခြင်း (၆)
မနက်စာနဲ့ ညစာကို သားသားမီးမီးတွေနဲ့ အတူတူစားပါ။ ပိတ်ရက်တွေမှာ မိသားစုလိုက် အပြင်ထွက် မုန့်စားတာမျိုး သရေစာပြုလုပ်စားတာနဲ့ တီဗီအတူတူကြည့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
NAN OPTIPRO 3 က အသက် (၂) နှစ်နဲ့အထက် ကလေးများအတွက် အထူးဖော်စပ်ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့်နို့မှုန့်ဖြစ်ပါတယ်နော်။ NAN OPTIPRO 3 က Nestle Co., Ltd ရဲ့ Premium Brand တစ်ခုဖြစ်ပြီး Switzerland နိုင်ငံမှ ဖော်မြူလာနဲ့ ဖိလစ်နိုင်ငံတွင်ထုတ်လုပ်ထားပါတယ်။ (၂) နှစ် နဲ့ အထက် ကလေးငယ်များ၏ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသည့် NAN OPTIPRO 3 မှာ Nestle ရဲ့ မူပိုင် Fractionation နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားသည့် အရည်အသွေးမြင့် OPTIPRO ပရိုတင်းဓာတ်ပေါင်း ပါဝင်ပါတယ်။
Nestle ရဲ့ အရည်အသွေးမြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ OPTIPRO ပရိုတင်းဓာတ်ပေါင်းမှာ ကလေးငယ်များအတွက်အဓိကလိုအပ်တဲ့ အမိုင်နိုအက်ဆစ် ဓာတ်ပေါင်းကို ကလေးငယ်များရဲ့ လိုအပ်ချက်ပမာဏအတိုင်း ထည့်သွင်းထုတ်လုပ်ထားသောကြောင့် ကလေးငယ်များ ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေနိုင်သလို အဝလွန်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုသက်သာစေနိုင်ပါတယ်။ NAN OPTIPRO 3 ကိုနှစ်ပေါင်း ၅၀ ကျော်ကြာလေ့လာဆန်းစစ်ပြီး အရည်အသွေးမြင့် ဖန်တီးထုတ်လုပ်ထားလို့ စိတ်ချလက်ချ တိုက်ကျွေးနိုင်ပါတယ်နော်။
NAN OPTIPRO 3 ကိုတစ်နေ့လျှင် နှစ်ခွက် ပုံမှန်တိုက်ကွျှေးပြီး မေမေ့ကလေးငယ်အတွက် ကျန်းမာပျော်ရွှင်တဲ့ အနာဂါတ်ကိုဖန်တီးပေးကြပါစို့။
Comments