မေမေတို့ရေ ကလေးငယ်များက နူးညံ့ပျော့ပျောင်းတဲ့ လက်သည်းများကို ပိုင်ဆိုင်ထားသောကြောင့် ကလေးများရဲ့ လက်သည်းများကို ညှပ်ရတဲ့အခါ မိဘအသစ်များစွာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ အချက်များကို မေမေသိရင်တော့ ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။
ကလေးများရဲ့ လက်သည်းရှည်များက ပိုးမွှားများ ခိုအောင်းစေနိုင်တာကြောင့် လက်သည်းများကို အခါအားလျော်စွာ ဖြတ်တောက်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆို ကလေးငယ်များက သူတို့ရဲ့ ပါးစပ်ထဲကို လက်ချောင်းများကို မကြာခဏ ထည့်လေ့ရှိတဲ့အပြင် ရှည်တဲ့လက်သည်းများက ကလေးတို့ရဲ့ ကိုယ်ကို ခြစ်မိစေနိုင်ပါတယ်။
ကလေးရဲ့ လက်သည်းတွေကို ဘယ်နှစ်ကြိမ် ဖြတ်သင့်လဲ?
ကလေးများရဲ့ လက်သည်းများက များသောအားဖြင့် မြန်မြန် ရှည်လာတတ်ကြပါတယ်။ ဒါကြောင့် မေမေအနေနဲ့ လက်သည်းညှပ်ဖို့ လိုပြီလို့ ခံစားရတိုင်း လက်သည်းညှပ်ပေးနိုင်ပါတယ်။ လက်သည်းညှပ်တဲ့ အကြိမ်အရေအတွက်ကတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ကလေးရဲ့ ခြေသည်း လက်သည်းများကို တစ်လကို နှစ်ကြိမ်ခန့် ဖြတ်တောက်ပေးဖို့ လိုအပ်သော်လည်း ကလေးရဲ့ အရှည်အရ တစ်ပတ် တစ်ကြိမ် ညှပ်ပေးရလေ့ရှိပါတယ်။
ကလေးလက်သည်း ညှပ်ဖို့ ဘာတွေလိုအပ်မလဲ?
- ကလေးလက်သည်းညှပ်
- လက်သည်းတိုက်တဲ့ တံစဥ◌်း
- တစ်ရှူး ဒါမှမဟုတ် ဂွမ်းလုံး
လူကြီးညှပ်တဲ့ လက်သည်းညှပ်တွေက ကြီးမားတဲ့အတွက် ကလေးလက်သေးသေးလေးကို ညှပ်မိနိုင်ပါတယ်။ ဒါကြောင့် ကလေးလက်ကို ညှပ်တဲ့အခါ ကလေးလက်သည်းညှပ်အသေးကို အသုံးပြုပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးလက်သည်းတွေကို ကပ်ကျေးအသေးလေးနဲ့လဲ အသုံးပြုပြီး ညှပ်ပေးနိုင်ပါတယ်။ တစ်ရှူးပေပါတွေကတော့ ကလေးလက်သည်းညှပ်ပြီး ထွက်လာတဲ့ လက်သည်းအမှုန်အမွှားတွေကို သုတ်ပေးဖို့ ဖြစ်ပါတယ်။
မတော်တဆ ကလေးအရေပြား ညှပ်မိတဲ့အခါ ဘယ်လိုလုပ်မလဲ?
လက်သည်းညှပ်နေစဉ် ကလေးရဲ့ အရေပြားကို မတော်တဆ ညှပ်မိရင် အောက်ဖော်ပြပါ အဆင့်များကို လိုက်နာပါနော်
- သွေးများကို ဂွမ်းလုံး သို့မဟုတ် တစ်ရှူးစက္ကူဖြင့် သုတ်ပါ။ လက်ချောင်းထိပ်ကို မနှိပ်ပါနဲ့၊ သွေးကို သဘာဝအတိုင်း စီးဆင်းပါစေ။
- ဂွမ်းလုံးတစ်လုံးကို အရက် ဒါမှမဟုတ် ပိုးသတ်ဆေးရည်ဖြင့် ပွတ်တိုက်ပါ။ ဒဏ်ရာကို ညင်သာစွာ ဆေးကြောပေးပါ။
- တစ်နည်းအားဖြင့် ဒဏ်ရာကို ဆပ်ပြာနှင့် ရေဖြင့် ချက်ချင်းဆေးကြောနိုင်ပါတယ်။
- ရေ သို့မဟုတ် အယ်လ်ကိုဟော/ ပိုးသတ်ဆေး များ သုတ်ပေးပါ။
Comments