ကလေးငယ်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး နို့ဗူး ဝယ်နည်း

by: Nang Htwe
 0 comments  0 love

မေမေတို့ မအားလပ်ချိန်မျိုးမှာ ဖေဖေတို့အနေနဲ့ ကလေးနို့တိုက်ဖို့ လိုအပ်လို့ပါ။ ဒီလိုအချိန်မျိုးမှာ မိခင်နို့ထည့်ဖို့ နို့ဗူးရှိနို့ဗူးထားဖို့ လိုလာပါပြီ

မိခင်နို့က ကလေးငယ်တွေအတွက် အကောင်းဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးပါ။ ဒါပေမယ့်လည်း နို့ဗူးတစ်ဗူးတော့ အနည်းဆုံး ရှိထားသင့်ပါတယ်။ မေမေတို့ လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ၊ ကလေးနဲ့အတူ အပြင်ထွက်ချိန် ဒါမှမဟုတ် မေမေတို့ မအားလပ်ချိန်မျိုးမှာ ဖေဖေတို့အနေနဲ့ ကလေးနို့တိုက်ဖို့ လိုအပ်လို့ပါ။ ဒီလိုအချိန်မျိုးမှာ မိခင်နို့ထည့်ဖို့ နို့ဗူးရှိနို့ဗူးထားဖို့ လိုလာပါပြီ။

အရင်တုန်းက နို့ဗူးတွေကို ဖန်သားနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ် (Photo by rosiepope.com)

ကလေးငယ်နဲ့ အသင့်တော်ဆုံး နို့ဗူးကို ဘယ်လိုရွေးချယ်ဝယ်မလဲ။ အခု Kalay ကနေ ပြောပြပေးသွားမှာပါ။

ဖန် ဒါမှမဟုတ် ပလတ်စတစ်

အရင်တုန်းက နို့ဗူးတွေကို ဖန်သားနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဖန်နို့ဗူးဟာဆိုရင် ဓါတုကင်းစင်ပြီး ကြာကြာအသုံးပြုလို့ရပါတယ်။ ဖန်နို့ဗူးရဲ့ အားနည်းချက်ကတော့ ဈေးကြီးတာနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ ကွဲတာမျိုး ဖြစ်နိုင်တာပါ။ ဖန်နို့ဗူးကို စီလီကွန်အဖုံးအုပ်ထားရင်တော့ ဒီလိုပြဿနာတွေ နည်းသွားပါပြီ။

ပလတ်စတစ်နို့ဗူးတွေက ကွဲဖို့ ခက်ပါတယ်။ ပျက်စီးလွယ်တာကြောင့် ခဏခဏတော့ ဝယ်ရပါတယ်။ ပလတ်စတစ်နို့ဗူး ဝယ်တဲ့အခါ အကွဲအရာလေးတွေ ပါမပါ သတိထားပေးပါ။ နောက်ပြီး ဓါတုကင်းစင်တဲ့ အထူးသဖြင့် BPA-Free လို့တံဆိပ်ကပ်ထားတဲ့ အမျိုးအစားကို ရွေးပါ။

မွေးကင်းစ ကလေးလေးအတွက်တော့ (၄)အောင်စ အရွယ်အစားရှိတဲ့ နို့ဗူးကို ရွေးရမှာဖြစ်ပြီး ကလေးငယ်ကြီးလာတဲ့အခါမှာတော့ (၈)အောင်စ ဒါမှမဟုတ် (၉)အောင်စ ရှိတဲ့ နို့ဗူးကို ရွေးပေးပါ။

နို့ဗူးနဲ့ ပတ်သက်ပြီး သတိထားရမှာက

  • ရင်သားနဲ့တူတဲ့ နို့ဗူးအမျိုးအစားကို ရွေးချယ်ပါ။
  • အဝကျယ်တဲ့ နို့ဗူးအမျိုးအစားကို ရွေးချယ်ပါ။ သူတို့တွေက သန့်ရှင်း‌ရေးပြုလုပ်ရတာ လွယ်ကူလို့ပါ။
  • ကလေးငယ် ကြီးလာတဲ့အခါ နို့ဗူး ပြောင်းပေးပါ။

ကလေးငယ် ကြီးလာတဲ့အခါ နို့ဗူး ပြောင်းပေးပါ (Photo by www.verywellfamily.com)

နို့သီးခေါင်း ရွေးချယ်ခြင်း

Latex ဒါမှမဟုတ် စီလီကွန်

Latex ဆိုတာ ရာဘာပင် (သဘာဝရာဘာ) ကနေ ထုတ်လုပ်ထားတာပါ။ သူက မိခင်ရဲ့ နို့သီးခေါင်းနဲ့ တူသလို ပျော့ပျောင်းပြီး ပြုလွယ်ပြင်လွယ်ရှိပါတယ်။ စီလီကွန်ကတော့ အကြာကြီးအသုံးခံသလို ဈေးလည်းချိုပါတယ်။ နောက်ထပ်အားသာချက်ကတော့ ဆေးကြာတာတွေ ပြုတ်တာတွေကို ခံနိုင်ရည်ရှိတာပါ။

နို့သီးခေါင်းအရွယ်အစား

ကလေးငယ်ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ‌ရွေးချယ်ဝယ်ယူသင့်ပါတယ်။ နို့သီးခေါင်းက သေးနေမယ်ဆိုရင် ကလေးဆီ နို့ရောက်တာနည်းနေမှာဖြစ်ပြီး ကြီးနေမယ်ဆိုရင်လည်း နို့သီးတာတွေ ဖြစ်လာနိုင်တာကို သတိပြုပါ။

ကလေးအတွက် နို့ဗူးဝယ်တဲ့အခါမှာ သတိထားစရာလေးတွေ ရှိနေတတ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: bottlechoosing


Comments

0 comments
Latest video
Refer to more useful articles
x