မေမေတို့ ကလေးငယ်နဲ့အတူ ရုပ်ရှင်သွားကြည့်တော့မယ်ဆိုရင်

by: Nang Htwe
 0 comments  0 love

ရုပ်ရှင်ရုံဟာဆိုရင် အေးစိမ့်ပြီး မှောင်နေတဲ့အတွက် ကလေးငယ်ကို မသက်မသာဖြစ်စေပါတယ်။ ကလေးငယ်ငိုနိုင်ချေများပါတယ်။ သက်တောင့်သက်သာဖြစ်အောင်ထားဖို့ အရေးကြီးပါတယ်

ကလေးငယ်နဲ့အတူ ရုပ်ရှင်သွားကြည့်ဖို့ဆိုတာ မေမေတို့အတွက် စိန်ခေါ်မှုတစ်ခုပါ။ ဘယ်အချိန်မှာ ကလေးငယ်နဲ့အတူ ရုပ်ရှင်သွားကြည့်သင့်လဲ။ ကလေးအသက်(၂)နှစ်လောက်မှာ ရုပ်ရှင်ရုံခေါ်သွားလို့ရပါပြီ။ မေမေတို့က သားသားမီးမီးလေးတွေကို ရုပ်ရှင်ရုံခေါ်သွားတော့မယ်ဆိုရင် အောက်ပါအချက်တွေကို သိထားဖို့တော့ လိုအပ်ပါတယ်။

ကလေးငယ်နဲ့အတူ ရုပ်ရှင်သွားကြည့်ဖို့ဆိုတာ မေမေတို့အတွက် စိန်ခေါ်မှုတစ်ခုပါ (Photo by Little Steps Asia)

မေမေတို့ သိထားရမယ့် အချက်များ

  • ရုပ်ရှင်ရုံဟာဆိုရင် အေးစိမ့်ပြီး မှောင်နေတဲ့အတွက် ကလေးငယ်ကို မသက်မသာဖြစ်စေပါတယ်။ ကလေးငယ်ငိုနိုင်ချေများပါတယ်။ သက်တောင့်သက်သာဖြစ်အောင်ထားဖို့ အရေးကြီးပါတယ်။
  •  ရုပ်ရှင်ကြည့်နေချိန်မှာ ကလေးငယ်က တခြားသူတွေကို ထိမိတာ၊ တိုက်မိတာမျိုး အနှောက်အယှက်ပြုနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မေမေတို့က တခြားသူတွေကို တောင်းပန်ဖို့ လိုပါတယ်။
  •  ရုပ်ရှင်ကြည့်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ ကလေးငယ်ကို ကူညီထိန်းပေးဖို့ သူငယ်ချင်း မိတ်ဆွေ တစ်ယောက် အဖော်ခေါ်သွားဖို့ လိုအပ်ပါတယ်။
  •  အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်ပါ။
  •  လူနည်းတဲ့အချိန် တနင်္လာ မှ သောကြာ ရက်မျိုးမှာ ရွေးကြည့်ပါ။ ကလေးငိုရင် အပြင်ခဏထွက်ပြီး ထိန်းပေးပါ။
  •  ရုပ်ရှင်ရုံထဲမှာ ကလေးငယ်အတွက် စားမယ့်သရေစာမုန့်ကို အိမ်ကနေ စီစဉ်လာပါ။

လူနည်းတဲ့အချိန် တနင်္လာ မှ သောကြာ ရက်မျိုးမှာ ရွေးကြည့်ပါ။ ကလေးငိုရင် အပြင်ခဏထွက်ပြီး ထိန်းပေးပါ (Photo by www.picturehouses.com)

  •  ရုပ်ရှင်အသံက ကျယ်တာကြောင့် ကလေးငယ်အတွက် နားအုပ်လေး ယူလာခဲ့ပါ။
  •  ကလေးငယ်ဟာဆိုရင် ရုပ်ရှင်ရုံထဲက ခုံတွေ၊ နံရံတွေနဲ့ ထိမိတာမျိုး ကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လက်ဆေးပေးဖို့အတွက် hand gel ဆောင်လာပါ။
  •  ကလေးငိုတဲ့အခါ အပြင်ခဏထွက်ပြီး အငိုတိတ်မှာ ပြန်ဝင်လာခဲ့ပါ။
  •   3D, 4D နဲ့ ကြောက်စရာကောင်းတဲ့ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို ရှောင်ရှားပါ။
  •  ဒိုက်ပါ အပိုဆောင်သွားပါ။
  •  အရုပ်လေးတွေ ပေးထားပါ။
  •  မှောင်သွားတဲ့အချိန် ဇာတ်လမ်းစပြတဲ့အခါ ကလေးငယ်မျက်လုံးမစူးအောင် သတိထားပါ။
  •  ကလေးငယ် ငိုတဲ့အခါ ဘေးကသူတွေကို တောင်းပန်ပါ။

ကလေးငယ်နဲ့အတူ ရုပ်ရှင်သွားကြည့်တဲ့ အတွေ့အကြုံလေးတွေကိုလည်း ပြောပြပေးသွားပါဦးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles