ကလေးငယ်အတွက် အဝတ်အစားအသစ်တွေကို လျှော်ပြီးမှ ဝတ်ပေးသင့်လား

by: Nang Htwe
 0 comments  0 love

အဝတ်အစားတွေက ကလေးငယ်ရဲ့ အသားအရည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အရာပါ။ အထူးသဖြင့် အဝတ်အအစား အသစ်တွေ ဝတ်ပေးတော့မယ်ဆိုရင် ပိုပြီးသတိထားရပါတယ်

ကလေးငယ်တွေ ဓါတ်မတည့်တဲ့ အခြေအနေတွေ အမျိုးမျိုးရှိပါတယ်။ ဆပ်ပြာမှုန့်တွေကြောင့်လည်း ဓါတ်မတည့်တာမျိုး ဖြစ်နိုင်သလို၊ အဝတ်အစားအသစ်တွေကြောင့်လည်း ဓါတ်မတည့်တာ ကြုံရပါတယ်။ အဝတ်အစားရဲ့ ချည်သား (နိုင်လွန်၊ ဝါဂွမ်း) ကြောင့်လည်း ဖြစ်နိုင်သလို ဇစ်၊ ကြယ်သီး စတဲ့ အသုံးအ‌ဆောင်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဝတ်အစားမှာ အသုံးပြုထားတဲ့ ဓါတုပစ္စည်းတွေကြောင့်လည်း ဓါတ်မတည့်တာကို ကြုံရပါတယ်။

အဝတ်အစားတွေက ကလေးငယ်ရဲ့ အသားအရည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အရာပါ (Photo by LiveAbout)

အဝတ်အစားအသစ်နဲ့ အသားအရည်

အဝတ်အစားတွေက ကလေးငယ်ရဲ့ အသားအရည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အရာပါ။ အထူးသဖြင့် အဝတ်အအစား အသစ်တွေ ဝတ်ပေးတော့မယ်ဆိုရင် ပိုပြီးသတိထားရပါတယ်။ လျှော်ပြီးမှ ဝတ်ပေးရမလား၊ ဒီအတိုင်း ဝတ်ပေးရမလားဆိုတာ စဉ်းစားရပါတယ်။ ကလေးအတွက် အဝတ်အစားအသစ်တွေ ဝတ်ပေးတော့မယ်ဆိုရင်တော့ လျှော်ပြီး ခြောက်မှ ဝတ်ပေးတာ အကောင်းဆုံးပါ။

လျှော်ပြီးမှ ဝတ်ပေးပါ

အဝတ်အစားအသစ်တိုင်းက ကလေးငယ်ရဲ့ အသားအရည်နဲ့ ဓါတ်မတည့်တာမဟုတ်ပါဘူး။ ဓါတုပစ္စည်းအသုံးများတဲ့ အဝတ်အစားအသစ်တွေနဲ့ ထိတွေ့တဲ့အခါမှာ ဓါတ်မတည့်တဲ့ အရည်ပြားယားယံတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့် အဝတ်အစားအသစ်တွေကို လျှော်ပြီးမှ ဝတ်ပေးတာ အကောင်းဆုံးပါ။

အဝတ်အစားအသစ်တွေကို လျှော်ပြီးမှ ဝတ်ပေးတာ စိတ်ချရဆုံး ဖြစ်ပါတယ် (Photo by Health Essentials – Cleveland Clinic)

အဝတ်အစားနဲ့ ပတ်သက်ပြီး ဓါတ်မတည့်တဲ့ လက္ခဏာများ

(၁) အမြင်အာရုံရောင်ရမ်းခြင်း

(၂) အသားအရည် နီလာခြင်း

(၃) အသားအရည်အပေါ်ယံ အရည်ပြားယားယံခြင်းနဲ့ ရောင်ရမ်းခြင်းနဲ့

(၄) ဝက်ခြံလိုမျိုး အဖုတွေထွက်လာခြင်း စတဲ့လက္ခဏာတွေ ပြလာပါတယ်။

တခြားအသားအရည်ပြဿနာတွေကြောင့် အထက်ပါလက္ခဏာတွေ ပေါ်လာနိုင်သလို အဝတ်အစားအသစ်မှာရှိတဲ့ ဓါတုပစ္စည်းတွေကြောင့်လည်း ကြုံရနိုင်ပါတယ်။

အဝတ်အစားနဲ့ ပတ်သက်တဲ့ ဓါမတည့်တာနည်းအောင်

(၁) ချည်သားအဝတ်အထည်တွေဟာဆိုရင် ကလေးငယ်နဲ့ ဓါတ်မတည့်တာ အနည်းဆုံးဖြစ်ပါတယ်။

(၂) အဝတ်အစားအသစ်တွေကို လျှော်ပြီးမှ ဝတ်ပေးပါ။

(၃) အဝတ်အစားအသစ်တွေ လျှော်တဲ့အခါ ရေနဲ့ ဆပ်ပြာကိုသုံးပြီး လျှော်ပါ။

(၄) ကလေးငယ်နဲ့ ဓါတ်မတည့်တဲ့ အဝတ်အစားတွေကို နောက်ထပ် ဝတ်ပေးတာမျိုး လုံးဝမလုပ်ပါနဲ့။

အဝတ်အစားအသစ်တွေကို လျှော်ပြီးမှ ဝတ်ပေးတာ စိတ်ချရဆုံး ဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles