ဇူလိုင်လဖွား ကလေးငယ်လေးတွေရဲ့ အားသာချက်လေးများ

by: Nang Htwe
 0 comments  0 love

မေမေတို့ ကလေးတွေထဲမှာ ဇူလိုင်လထဲမှာ မွေးဖွားတဲ့ ကလေးတွေ ရှိလား။ ဒါဆို ဇူလိုင်လမှာ မွေးဖွားတဲ့ကလေးလေးတွေက ဘာတွေထူးခြားနေမလဲ

ဇူလိုင်လဖွား သားသားမီးမီးလေးတွေရဲ့ ထူးခြားချက်က လူချစ်လူခင် ပေါများတာပါ။ ဒီလမှာတော့ ဇူလိုင်လဖွား ကလေးငယ်တွေရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လေးတွေကို Kalay ကနေ ပြောပြပေးပါမယ်။

ဇူလိုင်လဖွား ကလေးငယ်တွေမှာ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လေးတွေ ရှိနေပါတယ် (Photo by Clipart Tideas)

လူချစ်လူခင်များခြင်း

ဇူလိုင်လဖွား ကလေးငယ်တွေရဲ့ အားသာချက်ကတော့ လူချစ်လူခင်ပေါများတာပါ။ လူအများရှေ့မှာ ဟောပြောတဲ့အခါ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ရရှိနိုင်ပါတယ်။ လူအများကို လွမ်းမိုးနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။ ဇူလိုင်လဖွား ကလေးငယ်တွေဟာ လူတွေရဲ့ စိတ်ဝင်စားခြင်းကို ရနိုင်မယ့်သူတွေပါ။

အကောင်းမြင်စိတ်များခြင်း

ဇူလိုင်လဖွားလေးတွေရဲ့ ထူးခြားချက်က တောက်ပတဲ့ ရာသီခွင်ကို ပိုင်ဆိုင်ထားခြင်းပါ။ အကောင်းမြင်စိတ်များပြီး အမြဲတမ်းအပြုံးလေးတွေနဲ့ ဖော်ရွေတတ်ပါတယ်။ အမြင်ကျယ်သူဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ တည့်တဲ့ ကလေးငယ်လေးတွေပါ။

နာမည်ကျော်သူများ

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ နာမည်ကြီးသူအများစုက ဇူလိုင်ဖွားတွေဖြစ်ကြပါတယ်။ ရောမအင်ပါယာကို လွမ်းမိုးခဲ့တဲ့ Julius Caesar ဟာဆိုရင် ဇူလိုင်လဖွားတစ်ဦးပါ။ လူတွေကို လွမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တော်တော်များများကလည်း ဇူလိုင်ဖွားတွေပါပဲ။

ဇူလိုင်လဖွား သားသားမီးမီးလေးတွေရဲ့ ထူးခြားချက်က လူချစ်လူခင် ပေါများတာပါ (Photo by babycenter.com)

စိတ်ခံစားချက်

ဇူလိုင်လဖွား သားသားမီးမီးလေးတွေဟာဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ကြသူတွေပါ။ ဒါကြောင့် ပတ်ဝန်းကျင်၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ စကားများတာ၊ ရန်ဖြစ်တာမျိုး အလွန်နည်းပါတယ်။

ပညာရေး

ဇူလိုင်လဖွား သားသားမီးမီးလေးတွေက ပညာရေးနဲ့ အကျိုးပေးသူလေးတွေပါ။ ဒါကြောင့် မေမေတို့က ပညာရေးနဲ့ပတ်သက်ပြီး အစွမ်းကုန် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ နည်းလမ်းမှန်မှန် ညွှန်ပြပေးနိုင်တယ်ဆိုရင် စွန့်ဦးတီထွင်သူတွေ ဖြစ်လာနိုင်ပါတယ်။

အရပ်ရှည်

ဇူလိုင်လဖွားကလေးငယ်တိုင်း အရပ်မရှည်ကြပေမယ့်လည်း တော်တော်များများကတော့ အရပ်ရှည်ကြပါတယ်။ ဒါကြောင့် ရွယ်တူသူငယ်ချင်းတွေထဲမှာ ထင်ပေါ်ကျော်ကြားနေပါတယ်။

ဇူလိုင်လဖွား ကလေးငယ်လေးတွေက လူချစ်လူခင်များပြီး ပညာရေးပိုင်းမှာ ထူးချွန်မယ့် ကလေးငယ်တွေပါ။ နောက်အပတ်မှာတော့ သြဂုတ်လဖွား သားသားမီးမီးလေးတွေရဲ့ အားသာချက်လေးတွေကို Kalay ထပ်ပြီး ဝေမျှပေးသွားဦးမယ်နော်။

Ref: Born in July?

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: bornJuly


Comments

0 comments
Latest video
Refer to more useful articles