မုန့်ဖုတ်ဆော်ဒါက ကလေးငယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေတာလဲ

by: Nang Htwe
 0 comments  0 love

ကလေးငယ်ရဲ့ နို့ဗူးတွေဆေးတဲ့အခါ ဆပ်ပြာရည်နဲ့ မဆေးခင် မုန့်ဖုတ်ဆော်ဒါနဲ့ အရင်ဆေးပါ။ မုန့်ဖုတ်ဆော်ဒါနဲ့ ပထမဆုံးတစ်ကြိမ်ဆေးပြီးမှ ဒုတိယအကြိမ်မှာ ဆပ်ပြာနဲ့ဆေးပါ။

မုန့်ဖုတ်ဆော်ဒါဟာဆိုရင် မီးဖိုချောင်အတွက်ကော အလှအပအတွက်ပါ အလွန်အသုံးဝင်တဲ့ ပစ္စည်းပါ။ ကလေးငယ်အတွက်ကော မုန့်ုဖုတ်ဆော်ဒါက အသုံးဝင်လား။ မုန့်ဖုတ်ဆော်ဒါဟာဆိုရင် ကလေးငယ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် အထောက်အကူပြုပါတယ်။ ဘယ်လိုအထောက်အကူပြုလဲဆိုတာ Kalay ကနေ ပြောပြပေးမယ်နော်။

Baking Soda for Babies - Benefits and Ways to Use

မုန့်ဖုတ်ဆော်ဒါဟာဆိုရင် မီးဖိုချောင်အတွက်ကော အလှအပအတွက်ပါ အလွန်အသုံးဝင်တဲ့ ပစ္စည်းပါ (Photo by parenting.firstcry)

(၁) ရေချိုးကန်

ကလေးငယ်ရဲ့ ရေချိုးကန်ကို အမြဲသန့်ရှင်းရေးပြုလုပ်ပေးရမယ်။ ကလေးငယ်ရဲ့ ရေချိုးကန်မသန့်ရှင်းဘူးဆိုရင် ယားယံတာနဲ့ ကလေးဝက်ခြံထွက်တာ ကြုံရနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကိုသုံးပြီး ရေချိုးကန်သန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။

(၂) နို့ဗူး

ကလေးငယ်ရဲ့ နို့ဗူးတွေဆေးကြောတဲ့အခါ ဆပ်ပြာရည်နဲ့ မဆေးခင် မုန့်ဖုတ်ဆော်ဒါနဲ့ အရင်ဆေးပါ။ မုန့်ဖုတ်ဆော်ဒါနဲ့ ပထမဆုံးတစ်ကြိမ်ဆေးပြီးမှ ဒုတိယအကြိမ်မှာ ဆပ်ပြာနဲ့ဆေးပါ။

(၃) အဝတ်အစား

ကလေးငယ်ရဲ့ အဝတ်အစားတွေလျှော်တဲ့အခါ ဆပ်ပြာနဲ့အတူတူ မုန့်ဖုတ်ဆော်ဒါ ထည့်ပါ။ မုန့်ဖုတ်ဆော်ဒါထည့်လျှော်ခြင်းဖြင့် အင်္ကျီရဲ့လည်ပင်းမှာ ကပ်နေတဲ့ အညစ်အကြေးတွေ သန့်စင်စေပါတယ်။

Image result for Baking Soda for Babies – Benefits and Ways to Use

ကလေးငယ်ရဲ့ နို့ဗူးတွေဆေးကြောတဲ့အခါ ဆပ်ပြာရည်နဲ့ မဆေးခင် မုန့်ဖုတ်ဆော်ဒါနဲ့ အရင်ဆေးပါ (Photo by FirstCry Parenting)

(၄) အနှီး

ကလေးငယ်ရဲ့ အနှီး၊ ဘောင်းဘီနဲ့ ဒိုက်ပါအောက်ခံဘောင်းဘီတို့ လျှော်တဲ့အခါ မုန့်ဖုတ်ဆော်ဒါကို ဆပ်ပြာနဲ့အတူတူ ထည့်ပြီးလျှော်ပေးသင့်ပါတယ်။ အနံ့အသက်တွေ ကင်းစင်စေပါတယ်။

(၅) အရုပ်

ကလေးငယ်ရဲ့ ကစားစရာအရုပ်တွေ ဆေးကြောတဲ့အခါမှာလည်း မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါအသုံးပြုခြင်းဖြင့် အရုပ်တွေပိုပြီး သန့်စင်သွားစေပါတယ်။

(၆) နံရံ

ကလေးငယ်ဟာ နံရံတွေပေါ်မှာ အရုပ်တွေရေဆွဲတာ၊ ခြစ်တာတွေ ပြုလုပ်ထားတယ်ဆိုရင် မုန့်ုဖုတ်ဆော်ဒါကိုသုံးပြီး နံရံပေါ်က အရုပ်တွေကို ပြောင်အောင် သန့်စင်ပေးနိုင်ပါတယ်။

ကလေးငယ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဆေးကြောသန့်စင်တဲ့အခါ မုန့်ဖုတ်ဆော်ဒါအသုံးပြုပေးခြင်းဖြင့် ပိုပြီးသန့်ရှင်းစင်ကြယ်စေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x