ကလေးငယ်အသုံးပြုတဲ့ ပစ္စည်းအများစုဟာ အရွယ်ရောက်လာတဲ့အခါ ဆက်ပြီးသုံးလို့မရတော့တာ ကြုံရပါတယ်။ ကလေးပစ္စည်းတွေကို မေမေတို့က အဓိကဝယ်ယူပြီး မွေးနေ့တွေမှာလည်း လက်ဆောင်အနေနဲ့ လည်းရကြပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်တွေဆီ ပစ္စည်းတွေအများကြီးစုပုံလာပါတယ်။ ဒီပစ္စည်းတွေထဲမှာ ကလေးငယ် အရွယ်ရောက်လာတဲ့အထိ အသုံးပြုလို့ရနိုင်တဲ့ ပစ္စည်းတွေကို Kalay ကနေ ပြောပြပေးပါ့မယ်။
ကလေးငယ် တော်တော်ကြီးတဲ့အထိ အသုံးပြုလို့ရနိုင်တဲ့ ပစ္စည်းအများစုက အသားအရေ(skin care) ပစ္စည်းတွေပဲ ဖြစ်ကြပါတယ်။ ဘယ်ပစ္စည်းတွေလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ကြမယ်နော်။

သားသားမီးမီးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ lotion တွေလေးတွေဟာဆိုရင် ပေါက်စလေးကတည်းကနေ အရွယ်ရောက်တဲ့အထိ အသုံးပြုလို့ရပါတယ် (Photo by Shutterstock)
(၁) Baby Lotion
သားသားမီးမီးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ lotion တွေလေးတွေဟာဆိုရင် ပေါက်စလေးကတည်းကနေ အရွယ်ရောက်တဲ့အထိ အသုံးပြုလို့ရပါတယ်။ မေမေတို့ကိုယ်တိုင်ကလည်း ဝယ်ယူသလို မွေးနေ့တွေမှာလည်း လက်ဆောင်အဖြစ် တော်တော်များများရနိုင်တာမို့ သူများကို ပေးစရာမလိုဘဲ ကလေးငယ်အရွယ်ရောက်လာတဲ့အထိ သုံးနိုင်ပါတယ်။ မေမေတို့ သတိထားရမှာက lotion မှာပါတဲ့ ကုန်ဆုံးရက်ကို သိထားဖို့ပါပဲ။
(၂) ကလေးပေါင်ဒါမှုန့်
ကလေးပေါင်ဒါလေးတွေဟာ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ မိသားစုဝင်တွေလည်းအသုံးပြုလို့ရသလို ကလေးငယ်အရွယ်ရောက်တဲ့အထိ ဆက်လက်သုံးလို့ရပါတယ်။ မွေးနေ့တွေမှာ လက်ဆောင်အရဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။
(၃) Baby Oil
Baby Oil လေးတွေက ကလေးငယ်အတွက် အသုံးပြုတာနည်းပေးမယ့်လည်း မေမေတို့က လိုရမယ်ရ ဝယ်ယူထားတတ်ပါတယ်။ ကလေးပစ္စည်းဝယ်တဲ့အခါမှာလည်း ပါလာတတ်ပါတယ်။ လက်ဆောင်အနေနဲ့လည်း ရကြပါတယ်။ ဒီ baby oil လေးတွေဟာဆိုရင် ကလေးငယ် အရွယ်ရောက်တဲ့အထိ အသားအရေ အစိုဓါတ်ရဖို့နဲ့ အသားအရေကျန်းမာရေးအတွက် ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ နောက်ပြီး မေမေတို့အတွက်လည်း မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုလို့ရပါတယ်။

ကလေးငယ်တွေအတွက် မေမေတို့ အများဆုံးဝယ်တဲ့ ပစ္စည်းတွေထဲမှာ Baby Wet Tissue လေးတွေလည်းပါပါတယ် (Photo by indiamart)
(၄) Baby Cream
Baby Cream လေးတွေဟာဆိုရင် ကလေးငယ်တွေရဲ့ အသားခြောက်တဲ့ပြဿနာကို ကာကွယ်ပေးပြီး နူးညံ့လာစေပါတယ်။ အသားအရေကို အစိုဓါတ်ဖြည့်ပေးတဲ့ Baby Cream လေးတွေကို အရွယ်ရောက်တဲ့အထိ အသုံးပြုပေးလို့ရပါတယ်။ Baby Cream ကို လက်ဆောင်အနေနဲ့ အများဆုံးရတတ်ကြပါတယ်။
(၅) Baby Wet Tissue
ကလေးငယ်တွေအတွက် မေမေတို့ အများဆုံးဝယ်တဲ့ ပစ္စည်းတွေထဲမှာ Baby Wet Tissue လေးတွေလည်းပါပါတယ်။ ဒီ wet tissue လေးတွေကို ကလေးငယ် အရွယ်ရောက်တဲ့အထိ သန့်ရှင်းရေးပြုလုပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
လက်ဆောင်ပစ္စည်းရလို့ပဲဖြစ်ဖြစ်၊ ပိုဝယ်ထားမိလို့ပဲဖြစ်ဖြစ် Kalay ကနေ ပြောပြထားတဲ့ ပစ္စည်းလေးတွေကိုတော့ တခြားသူတွေကို ပေးလိုက်စရာမလိုဘဲ ကလေးငယ်အရွယ်ရောက်တဲ့အထိ မိသားစုဝင်တွေပါ အသုံးပြုလို့ရနိုင်ပါတယ်နော်။
Comments