ဆံပင်ညှပ်တာကြောက်တဲ့ ကလေးတွေကို ဘယ်လိုညှပ်ပေးမလဲ

by: Nang Htwe
 0 comments  0 love

ကလေးငယ်က ဆံပင်ညှပ်တဲ့သူကို ရွေးချယ်ပါတယ်။ မျက်နှာခပ်တည်တည် ဒါမှမဟုတ် စိတ်မရှည်တဲ့ ပုံစံဖြစ်နေတဲ့ ဆံပင်ညှပ်ပေးသူတွေကို ကြောက်လန့်ပါတယ်။

မေမေ့ကလေးငယ်ဟာ ဆံပင်ညှပ်ရမှာ ကြောက်တယ်တဲ့လား။ ကလေးငယ်ကို ဆံပင်သွားညှပ်ပေးတဲ့အခါ အောင်ဟစ်ငိုတာတွေနဲ့ သောင်းကျန်းတာတွေကို ကြုံတွေ့ရနိုင်တယ်နော်။ ဆံပင်ညှပ်တာ ကြောက်တဲ့ ကလေးငယ်တွေအတွက် နည်းလမ်းကောင်းလေးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

ကျွမ်းကျင်တဲ့ ဆံပင်ညှပ်သူတွေဆီမှာသာ ကလေးငယ်ကို ညှပ်ပေးသင့်ပါတယ် (Photo by موقع 24 الإخباري)

ဆံပင်ညှပ်တာကြောက်တဲ့ ကလေးတွေအတွက် နည်းလမ်းကောင်းများ

ဆံပင်ညှပ်ဆိုင်

ကလေးငယ်နဲ့ စိမ်းတဲ့ ဆံပင်ညှပ်ဆိုင်တွေကို ရှောင်ရှားပါ။ မရင်းနှီးတဲ့ ဆံပင်ညှပ်ဆိုင် တွေကို ကလေးငယ်က ကြောက်လန့်တာကြောင့် ညှပ်ဖို့ ငြင်းဆန်ပါလိမ့်မယ်။

ဆံသပညာရှင်

ကလေးငယ်က ဆံပင်ညှပ်တဲ့သူကို ရွေးချယ်ပါတယ်။ မျက်နှာခပ်တည်တည် ဒါမှမဟုတ် စိတ်မရှည်တဲ့ ပုံစံဖြစ်နေတဲ့ ဆံပင်ညှပ်ပေးသူတွေကို ကြောက်လန့်ပါတယ်။ ဒါကြောင့် ဖော်ဖော်ရွေရွေရှိနိုင်တဲ့ ဆံပင်ညှပ်ပေးသူကို ရွေးချယ်ပါ။

ဆူညံသံ

ဆူညံသံတွေ တအားများနေတဲ့ ဆံပင်ညှပ်ဆိုင်တွေကို ကလေးငယ်က မကြိုက်ကြပါဘူး။

ကလေးငယ်က ဆံပင်ညှပ်တဲ့သူကို ရွေးချယ်ပါတယ် (Photo by gazetashneta)

ကျွမ်းကျင်သူ

ကျွမ်းကျင်တဲ့ ဆံပင်ညှပ်သူတွေဆီမှာသာ ကလေးငယ်ကို ညှပ်ပေးသင့်ပါတယ်။ ကလေးငယ်ရဲ့ အသားအရေက နူးညံ့လွန်းတာကြောင့် ထိခိုက်သွားခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။

ဆံပင်ညှပ်တာကြောက်တဲ့ ကလေးတွေအတွက် မေမေတို့ သိထားသင့်တာက

  • ဖေဖေ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးနဲ့ ဆံပင်အတူတူလိုက်ညှပ်ပေးမယ်ဆိုရင် ကလေးငယ်ကို အလွယ်တကူ ညှပ်ပေးလို့ရပါတယ်။
  • လူများနေတဲ့နေရာ ဒါမှမဟုတ် ဆူညံနေတယ်ဆိုရင် ကလေးငယ်က ဆံပင်ညှပ်ဖို့ ငြင်းဆန်နေပါလိမ့်မယ်။
  • ကလေးငယ်ကို ဆံပင်ညှပ်ပြီးသွားတဲ့အခါ ချီးကျူးစကားပြောပေးပါ။ ဒါဆိုရင် ကလေးငယ်က နောက်တစ်ကြိမ်ညှပ်ဖို့ ဝန်မလေးတော့ပါဘူး။
  • ဆံပင်ညှပ်ပေးတော့မယ်ဆိုရင် ကလေးငယ်အဆင်ပြေအောင် အရုပ်တစ်ရုပ်ကို သူတို့လေးတွေရဲ့ လက်ထဲမှာ ထည့်သွင်းပေးထားသင့်ပါတယ်။
  • ဆံပင်ညှပ်ပေးပြီးတဲ့အခါ ကလေးငယ်ကို ဆုချတဲ့အနေနဲ့ အရုပ်ဝယ်ပေးတာ ဒါမှမဟုတ် ကစားကွင်းလိုက်ပို့တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

မေမေတို့ရေ ကလေးငယ်က ဆံပင်ညှပ်ဖို့ ငြင်းဆန်တဲ့အခါ အော်ဟစ်တာတွေ၊ ရိုက်တာတွေနဲ့ ဆူငေါက်တာတွေ မပြုလုပ်ဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

 

 

 

From Kalay with


Comments

0 comments
Latest video