မိုးရာသီမှာ သားသားမီးမီးလေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေကို နေပူတဲ့အခါမှာ ချည်သားအင်္ကျီလေးတွေ ဝတ်ဆင်ထားပေးသင့်ပြီး အေးတဲ့အခါမှာတော့ လုံခြုံပြီး သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။

နွေရာသီမှာ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ရသလိုပဲ မိုးရာသီမှာလည်း လိုအပ်ပါတယ်။ မိုးရာသီမှာ သားသားမီးမီးလေးတွေကို အထူးသတိထားရမှာက ခြင်အန္တရာယ်ပါ။ မိုးရာသီမှာ ခြင်ပေါက်ဖွားနှုန်းမြင့်တက်ပြီး ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များပါတယ်။

 (Photo by youtube)

မိုးရာသီမှာ သားသားမီးမီးလေးတွေ ဒီလိုဂရုစိုက်ကြရအောင်

၁။ သန့်ရှင်းအောင်ထားပါ

သားသားမီးမီးလေးတွေကို သန့်ရှင်းအောင်ထားတာက မိုးရာသီမှာ အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ မိုးရာသီက မုတ်သုံရာသီဥတုဖြစ်တာကြောင့် ပူနွေးစိုစွတ်ကာ သားသားမီးမီးလေးတွေ ချွေးထွက်လာပါတယ်။ ချွေးတွေကို မကြာခဏ သုတ်ပေးဖို့လိုပြီး ရေမှန်မှန်ချိုးပေးပါ။ သားသားမီးမီးလေးတွေကို ဆပ်ပြာရည်အပျော့စားနဲ့ ရေမှန်မှန်ချိုးပေးတာက ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။

သားသားမီးမီးလေးတွေကို သန့်ရှင်အောင်ထားတာက မိုးရာသီမှာ အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ် (Photo by ParentMap)

၂။ အဝတ်အစား

ဒီမုတ်သုံရာသီက အပူအအေးမညီမျှပါဘူး။ နေထွက်တဲ့အခါမှာ ရာသီဥတုပူပြီး မိုးရွာတဲ့အခါမှာတော့ အေးလာတာကို တွေ့ကြုံရပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို နေပူတဲ့အခါမှာ ချည်သားအင်္ကျီလေးတွေ ဝတ်ဆင်ထားပေးသင့်ပြီး အေးတဲ့အခါမှာတော့ လုံခြုံပြီး သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။

၃။ အစားအစာနဲ့ ရေ

မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေက သားသားမီးမီးလေးတွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်စေပါတယ်။ ရေကို ကျိုချက်သောက်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ အသုံးပြုတဲ့ ပန်းကန်၊ ခွက်၊ နို့ဗူးနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ပြုတ်ပေးဖို့ မမေ့ပါနဲ့။ အစားအစာတွေကို လုံလုံခြုံခြုံ သိမ်းဆည်းထားပေးပါ။ သားသားမီးမီးလေးတွေ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက် မိခင်နို့များများတိုက်ပေးဖို့ အရေးကြီးပါတယ်။

၎။ ပတ်ဝန်းကျင်

မေမေတို့အိမ်ပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ဖယ်ရှားပေးပါ။ ခြင်ပေါက်ဖွားနိုင်တဲ့ ရေစည်၊ရေကန်တွေကို အဖုံးအုပ်ပေးပါ။ ခြင်ဆေးဖြန်းပေးပါ။ ညအိပ်တဲ့အခါမှာ ခြင်ထောင်ထောင်ပါ။ မေမေဖေဖေတို့သတိထားရမှာက ခြင်ဆေးခွေပါ။ ခြင်ဆေးခွေအငွေ့က သားသားမီးမီးလေးတွေကို အသက်ရှုရ ခက်ခဲစေပါတယ်။

၅။ အအေးမိ၊ တုပ်ကွေး

သားသားမီးမီးလေးတွေမှာ ကိုယ်ခံစွမ်းအားနည်းတာကြောင့် အအေးမိ၊တုပ်ကွေး ဖြစ်ပွားလွယ်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က အကာအကွယ်တွေ ပြုလုပ်ပေးထားဖို့ အရေးကြီးပါတယ်။

သားသားမီးမီးလေးတွေမှာ အအေးမိ၊ တုပ်ကွေးဖြစ်လာခဲ့ရင် ဆရာဝန်တွေဆီကို အမြန်ဆုံးကုသမှုခံယူပေးဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

 

 

 

From Kalay with


Comments

0 comments
Latest video