သားဥိးမေမေများအတွက် မွေးကင်းစကလေးကို ဘယ်လိုစောင့်ရှောက်ကြမလဲ

by: Khin Nyein Lwin
 0 comments  0 love

မွေးကင်းစကလေးမွေးဖွားချိန်မှာ မေမေပျော်ရပေမဲ့ တစ်ချိန်တည်းမှာပဲ မိဘဘဝခရီးလမ်းအတွက် စိုးရိမ်စိတ်ပူနေတဲ့ ရောထွေးနေတဲ့ ခံစားချက်အချို့ ရှိနိုင်ပါတယ်။

မေမေတို့ရေ မွေးကင်းစကလေးမွေးဖွားချိန်မှာ မေမေပျော်ရပေမဲ့ တစ်ချိန်တည်းမှာပဲ မိဘဘဝခရီးလမ်းအတွက် စိုးရိမ်စိတ်ပူနေတဲ့ ရောထွေးနေတဲ့ ခံစားချက်အချို့ ရှိနိုင်ပါတယ်။ ကလေးကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ပါ့မလား? နို့တိုက်နိုင်ပါ့မလား ? စတဲ့ အချက်များအပြင် ခုမှ သားဥိးဖြစ်တဲ့အတွက် ကလေးဘယ်လို ထိန်းရမှာလဲ စတာတွေကို စိတ်ပူနေနိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစကလေးအား ပြုစုနည်းနဲ့ မိဘအုပ်ထိန်းမှုကို ပျော်ရွှင်စေဖို့အတွက် မေမေ့ကို ပြောပြပေးချင်ပါတယ်။

ကလေးချီခြင်း

ကလေးရဲ့ လည်ပင်း ကြွက်သားများက မဖွံ့ဖြိုးသေးတာကြောင့် မေမေအနေနဲ့ ကလေးကို ချီတဲ့အခါတိုင်း ကလေးရဲ့ ဦးခေါင်းကို လက်ဖြင့် ထောက်ထားပြီး ချီဖို့ လိုအပ်ပါတယ်။

ရေချိုးပေးခြင်း

စိန်ခေါ်မှု ရှိနိုင်သော်လည်း မှန်ကန်စွာနဲ့ လုပ်ဆောင်သင့်ပါတယ်။  အပျော့စား ကလေးခေါင်းလျှော်ရည်ကို သုံးပါ။ ကလေးကို မှန်ကန်တဲ့ အနေအထားမှာ ထားပြီး အရမ်းမကြမ်းပါနဲ့။ ကလေးအတွက် မေမေရွေးချယ်တဲ့ ဘယ်ပစ္စည်းမဆို  အရည်အသွေးကောင်းမွန်ပြီး ဆေးခန်းတွင် စမ်းသပ်စစ်ဆေးသင့်ပြီး ကလေးရဲ့ အသားအရေကို ခြောက်သွေ့စေခြင်းမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို အချိန်မှန်မှန် နို့တိုက်ပေးဖို့ လိုပါတယ်။ ကလေးဆာတဲ့ အခါတိုင်းလဲ နို့တိုက်ပေးပါ။ ကလေးက ငိုတာ၊ ပါးစပ်ကို လက်နဲ့ဆွဲတာ၊ လျှာသပ်တာ၊  လက်ချောင်းတွေကို ဆုပ်တာက ကလေးဗိုက်ဆာတယ်ဆိုတဲ့ လက္ခဏာအချို့ပါ။ ဒါကြောင့် ကလေးကို အချိန်မှန် နို့တိုက်ပေးဖို့ လိုပါတယ်။

ဧည့်သည်များကို ကန့်သတ်ခြင်း

လူတိုင်းက ကလေးလေးကို တွေ့ရဖို့ စိတ်လှုပ်ရှားနေမှာပါ။ ဒါပေမဲ့ ယဉ်ကျေးစွာနဲ့ မေမေတို့က  ဧည့်သည်များကို ကန့်သတ်ဖို့ လိုအပ်ပါတယ်။ ကလေးက ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိကြောင်း  ရှင်းပြပါနော်။

ဒိုင်ဘာလဲလှယ်ခြင်း

မေမေက ပထမဦးစွာ မိဘဖြစ်ပါက ကလေး တစ်နေ့ကို ဒိုင်ဘာ ဘယ်လောက်သုံးရလဲဆိုတာ သိရင် အံ့သြမိပါလိမ့်မည်။ ဒါကြောင့် ပိုမိုလွယ်ကူစေရန်အတွက် ကလေးကို အိမ်မခေါ်မီ အနှီးများများ စုထားပါနော်။  အနှီးပြောင်းတဲ့အခါ diaper rash cream သုံးဖို့ မမေ့ပါနဲ့။ diaper rash cream က အရေပြားပေါ်ပွတ်တိုက်မှုကို လျှော့ချပေးပြီး ကလေးအတွက် လုံလောက်တဲ့ အကာအကွယ်ပေးပါတယ်။

နှိပ်နယ်ပေးခြင်း

ကလေးနဲ့ ဆက်သွယ်ရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ကလေးကို နှိပ်နယ်ပေးတဲ့အခါ နူးညံ့သိမ်မွေ့ပါစေ။  နှိပ်နယ်ပေးခြင်းက ကလေးရဲ့ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပြီး စိတ်ကို ပြေလျော့စေပါတယ်။

ကလေးအိပ်စက်ခြင်း

ကလေးက အချိန်အများစုကို အိပ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးက ညအချိန်တွင်လည်း နိုးထနေနိုင်တာကို မေမေသတိရပါ။ ဒါကြောင့် စိတ်တိုဒေါသထွက်နေမယ့်အစား ပြင်ဆင်ထားပါ။

ကလေး ကျန်းမာရေး

ကလေးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရင်ဘတ်မအီမသာဖြစ်ခြင်း၊ နို့တိုက်ခြင်းကို လက်မခံဘဲ မကြာခဏ အော့အန်ခြင်းရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles