ခရီးသွားတဲ့အခါ ကလေးငယ် မငိုအောင် ဘာတွေယူမသွားမလဲ၊ ဘာတွေပြင်ဆင်မလဲ

by: Nang Htwe
 0 comments  0 love

ကလေးပါမယ်ဆိုရင် ခရီးစဉ်ကို အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။ ကလေးငယ်အတွက် အဆင်ပြေဖို့ နည်းလမ်းလေးတွေကိုလည်း ထည့်သွင်းထားသင့်ပါတယ်

ခရီးသွားတဲ့အခါ ကားအကြာကြီးထိုင်စီးရတာကို ကလေးငယ်တွေ အလွန်မုန်းပါတယ်။ ငြီးငွေ့တာပေါ့နော်။ ကလေးသဘာဝ လှုပ်လှုပ်ရှားရှား ကစားချင်တာကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့် လမ်းခရီးမှာ ကလေးငယ် ငိုတာနည်းအောင် မေမေတို့ ဘယ်လိုပြင်ဆင်မလဲ။

ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင်တော့ car seat လို့ခေါ်တဲ့ ကလေးငယ်တွေထိုင်တဲ့ ခုံ ကိုယူသွားပါ (Photo by Kidspot)

(၁) ထိုင်ခုံ

ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင်တော့ car seat လို့ခေါ်တဲ့ ကလေးငယ်တွေထိုင်တဲ့ ခုံ ကိုယူသွားပါ။ ကားမှ တပ်ဆင်ထားပြီး ကလေးငယ်ကို ထိုင်ခိုင်းတာ သာမန်ထိုင်တာနဲ့စာရင် သက်တောင့်သက်သာ ပိုဖြစ်စေပါတယ်။

(၂) အစီအစဉ်ဆွဲပါ

ကလေးငယ်ပါမယ်ဆိုရင် ခရီးစဉ်ကို အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။ ကလေးငယ်အတွက် အဆင်ပြေဖို့ နည်းလမ်းလေးတွေကိုလည်း ထည့်သွင်းထားသင့်ပါတယ်။ ဥပမာ ကလေးငယ် ကားစီးရတာ မငြီးငွေ့အောင် လမ်းမှာ ခဏနားတဲ့အခါ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာ၊ လမ်းခဏ ထွက်လျှောက်တာမျိုးနဲ့ ပတ်ဝန်းကျင်ကို ပြသတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

(၃) သက်တောင့်သက်သာဖြစ်အောင်

ကလေးငယ် ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာဖြစ်အောင် ကားအပူအချိန် (အပူ၊အအေး) ညှို့ဖို့ လိုအပ်ပါတယ်။

(၄) အပေါ့အပါးသွားခြင်း

လမ်းခရီးမှာ ခဏနားတဲ့အခါ ဒါမှမဟုတ် ရပ်နားစခန်းတွေနဲ့ ထမင်းဆိုင်တွေ ရောက်တဲ့အခါ ကလေးငယ်ကို အပေါ့အပါးသွားခိုင်းပါ။

(၅) အရုပ်လေးတွေ ယူသွားပါ

ကလေးငယ် ကားပေါ်မှာ ဆော့ကစားရအောင် ဒါမှမဟုတ် အာရုံပြောင်းအောင် အရုပ်လေးတွေကို ယူသွားပါ။ ကလေးငယ် ငိုတာနည်းသွားပါလိမ့်မယ်။

ပတ်ဝန်းကျင် မြင်ကွင်းကို ကလေးငယ်မြင်အောင် ပြသထားမယ်ဆိုရင် ကလေးငယ် ငိုဖို့ သတိရမှာမဟုတ်ပါဘူး (Photo by Amtrak blog)

(၆) ပုံပြပါ

ဓါတ်ပုံအရောင်စုံပါတဲ့ စာအုပ်လေးတွေကို ဆောင်သွားပါ။ ကလေးငယ်က ရောင်စုံပုံလေးတွေ စိတ်ဝင်စားတာကြောင့် ခရီးသွားတဲ့အခါ ငြိမ်နေပါလိမ့်မယ်။ ဒါကလည်း ကလေးငယ် အငိုနည်းစေမယ့် အာရုံပြောင်းနည်းတစ်မျိုးဖြစ်ပါတယ်။

(၇) သီချင်းလေး ဖွင့်ပေးထားပါ

သီချင်းသံလေး မတိုးမကျယ်ဖွင့်ပေးထားတာကလည်း ကလေးငယ် အငိုတိတ်စေမယ့် နည်းလမ်းဖြစ်ပါတယ်။

(၈) အစားအသောက်နဲ့ ရေ

ကလေးငယ်လမ်းမှာစားဖို့ အစားအသောက်နဲ့ သရေစာမုန့် အပြင် ရေကိုလည်း ယူခဲ့ပေးပါ။

(၉) ပတ်ဝန်းကျင်မြင်ကွင်း

ပတ်ဝန်းကျင် မြင်ကွင်းကို ကလေးငယ်မြင်အောင် ပြသထားပါ။ ဒါဆို ကလေးငယ် ငိုဖို့ သတိရမှာမဟုတ်ပါဘူး။

ကလေးငယ်အတွက် ပျော်ရွှင်တဲ့ ခရီးစဉ်လေးဖြစ်အောင် အစီအစဉ်လေးတွေ ကြိုတင်ရေးဆွဲထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: carstop crying

Comments

0 comments
Latest video
Refer to more useful articles
x