မိုးရွာနေချိန် သားသားမီးမီးလေးတွေ အိမ်ထဲမှာ ပျော်နေအောင်

by: Nang Htwe
 0 comments  0 love

အိမ်ထဲမှာ ကလေးငယ်ပျော်အောင် ကစားစရာနေရာတစ်ခု ဖန်တီးပေးထားပါ။ ဒါဆို သားသားမီးမီးလေးတွေ အပြင်ထွက်ဆော့ချင်စိတ် နည်းသွားပါလိမ့်မယ်။

မိုးရာသီက သားသားမီးမီးလေးတွေရဲ့ အပျော်ဆုံးလဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ အိမ်ထဲမှာပဲ ဆော့ကစားတဲ့လဖြစ်တာကြောင့် မေမေတို့ရဲ့ မျက်စိအောက်မှာပဲ ရှိနေပါတယ်။ မိုးရာသီမှာ သားသားမီးမီးလေးတွေ မိုးရေထဲ မထွက်ဆော့စေချင်ဘူးဆိုရင် အိမ်ထဲမှာ ပျော်အောင်ထားဖို့ လိုပါတယ်။

မိုးရာသီက သားသားမီးမီးလေးတွေရဲ့ အပျော်ဆုံးလဖြစ်ပါတယ် (Photo by Freepik)

(၁) ဖန်တီးပေးပါ

အိမ်ထဲမှာ ကလေးငယ်ပျော်အောင် ကစားစရာနေရာတစ်ခု ဖန်တီးပေးထားပါ။ ဒါဆို သားသားမီးမီးလေးတွေ အပြင်ထွက်ဆော့ချင်စိတ် နည်းသွားပါလိမ့်မယ်။

(၂) အနုပညာ

ရောင်စုံစာရွက်၊ စက္ကူနဲ့ ခဲတံ၊ ပေတံနဲ့ ကပ်ကြေးတွေကို အသုံးပြုပြီး အရုပ်လေးတွေ ဖန်တီးပေးနိုင်ပါတယ်။ အနုပညာဖန်တီးခြင်း ကျွမ်းကျင်လာပြီး အိမ်ထဲမှာပဲ ကစားနေတာကြောင့် မေမေတို့လည်း စိတ်ချရပါတယ်။

(၃) အရုပ်ဆက်ခြင်း

အတုံးလေးတွေ နဲ့ အရုပ်ဆက်ခြင်း ဒါမှမဟုတ် အိမ်ဆောက်တာနဲ့ ကားဆက်တာမျိုးကိုလည်း သားသားမီးမီးလေးတွေကို ဆော့ခိုင်းနိုင်ပါတယ်။ စက္ကူအထူစားမျိုးနဲ့လည်း အသုံးပြုနိုင်သလို ပလတ်စတစ်နဲ့လည်း လာပါတယ်။

(၄) ဇာတ်လမ်း

ရုပ်ရှင်ဇာတ်လမ်းတွေ၊ ကာတွန်းကားတွေကိုလည်း သားသားမီးမီးလေးတွေကို ပြနိုင်ပါတယ်။ သူတို့လေးတွေနဲ့ သင့်တော်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ပေးပါ။

(၅) အပင်စိုက်ခြင်း

မိုးတွင်းဟာဆိုရင် အပင်စိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ အိုးသေးသေးလေးတွေနဲ့ အပင်လေးတွေကို အိမ်ထဲမှာပဲ စိုက်ပျိုးနိုင်ပါတယ်။

 

Image result for fashion show theme for preschool

ရောင်စုံစာရွက်၊ စက္ကူနဲ့ ခဲတံ၊ ပေတံနဲ့ ကပ်ကြေးတွေကို အသုံးပြုပြီး အရုပ်လေးတွေ ဖန်တီးပေးနိုင်ပါတယ် (Photo by Manav Rachna International Schools)

(၆) ဟင်းချက်မယ်၊ မုန့်ဖုတ်မယ်

သားသားမီးမီးလေးတွေနဲ့ အတူတူ ကိတ်မုန့်အသေးလေးတွေဖုတ်တာ၊ cookie ပြုလုပ်တာမျိုး ရွေးချယ်ပေးနိုင်ပါတယ်။

(၇) အိမ်သန့်ရှင်းရေး

အိမ်သန့်ရှင်းရေးကို မိသားစုနဲ့ အတူတူပြုလုပ်တာမျိုးကိုလည်း ဒီလိုမိုးရာသီမှာ ပြုလုပ်နိုင်ပါတယ်။

(၈) ပုံပြင်

ပုံပြင်ပြောဖို့ အကောင်းဆုံးအချိန်ကတော့ မိုးရာသီအချိန်ပဲဖြစ်ပါတယ်။ မိုးအေးအေးလေးနဲ့ သားသားမီးမီးလေးတွေ ပုံပြင်ထဲ နှစ်မြောနေမှာ သေချာနေပါတယ်။

(၉) ပျော်ပွဲရွှင်ပွဲ

မိသားစုတွေ စုံစုံညီညီ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ပါတယ်။

(၁၀) ကျောင်း

အိမ်မှာပဲ ကလေးငယ်ကို စာသင်ပေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေ ကျောင်းမှာ မလိုက်နိုင်တဲ့ ဘာသာရပ်တွေကို မေမေတို့က ပြန်ရှင်းပြပေးနိုင်ပါတယ်။

မိုးရွာနေချိန် သားသားမီးမီးလေးတွေ အကျိုးရှိအောင် မေမေတို့ ပြုလုပ်ပေးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x