ကလေးပစ္စည်းနဲ့ ပတ်သက်ပြီး ပိုက်ဆံအလေအလွင့်မဖြစ်ရအောင်

by: Nang Htwe
 0 comments  77 love

ကလေးငယ်အတွက် အိပ်ယာခင်းက မရှိမဖြစ်လိုပါတယ်။ မေမေတို့အနေနဲ့ အိပ်ယာခင်းဝယ်တဲ့အခါ ရေစိုခံနိုင်တဲ့ အမျိုးအစားကို ရွေးချယ်ပေးပါ။

ကလေးငယ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တပြိုင်နက်တည်းဝယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မေမေတို့ရဲ့ ငွေကြေးအခြေအနေပေါ်မှာလည်း အများကြီးမူတည်နေပါသေးတယ်။ တဖြည်းဖြည်းဝယ်ယူ စုဆောင်းတာကတော့ အကောင်းဆုံးပါပဲ။ တချို့ပစ္စည်းတွေက ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်သလို တချို့ကလည်း အများကြီး အသုံးမတည့်ပါဘူး။ ဒါကြောင့် မေမေတို့အနေနဲ့ ငွေကြေးအလေအလွင့်မဖြစ်အောင် မရှိမဖြစ် ဝယ်ယူထားရမယ့် ကလေးပစ္စည်း (၁၀)မျိုးကို Kalay ကနေ ပြောပြပေးသွားမယ်နော်။

ကလေးငယ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တပြိုင်နက်တည်းဝယ်ဖို့ဆိုတာ မလွယ်ကူပါဘူး (Photo by mom365)

ကလေးငယ်တွေအတွက် မရှိမဖြစ် ဝယ်ထားရမယ့် ပစ္စည်း(၁၀)မျိုး

၁။ ဒိုက်ပါ (Diaper)

ကလေးငယ်အတွက် တစ်နေ့ကို ဒိုက်ပါ (၅)ကြိမ်ကနေ (၈)ကြိမ်အထိ လှဲလှယ်ပေးရပါတယ်။ ကလေးငယ်အတွက် အသင့်တော်ဆုံး ဒိုက်ပါနံပါတ်ကတော့ size (1) ပါ။ ဒါကြောင့် မေမေတို့အနေနဲ့ လည်း ဒိုက်ပါတွေ ဝယ်ယူစုဆောင်းတဲ့အခါမှာ ဆိုဒ်ကြီးတွေ မဝယ်ဘဲ ကလေးငယ်နဲ့ သင့်တော်တဲ့ နံပါတ်ကို ရွေးချယ်ဝယ်ယူပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလေးငယ်အတွက် တစ်နေ့ကို ဒိုက်ပါ (၅)ကြိမ်ကနေ (၈)ကြိမ်အထိ လှဲလှယ်ပေးရပါတယ် (Photo by mom365)

၂။ ခြေအိတ်

ကလေးငယ်အတွက် ခြေအိတ်လေးတွေက မရှိမဖြစ် လိုအပ်ပါတယ်။ ရာသီဥတုအေးတဲ့အခါ ဒါမှမဟုတ် အေးတဲ့အခန်းထဲမှာ ကလေးငယ်ရှိနေမယ်ဆိုရင် ခြေအိတ်လေးကို မဖြစ်မနေ စွပ်ပေးထားဖို့ လိုအပ်ပါတယ်။ ကလေးငယ်အတွက်လည်း နွေးနွေးထွေးထွေး ဖြစ်စေပါတယ်။

ကလေးငယ်အတွက် ခြေအိတ်လေးတွေက မရှိမဖြစ် လိုအပ်ပါတယ် (Photo by mom365)

၃။ အိပ်ယာခင်း

ကလေးငယ်အတွက် အိပ်ယာခင်းက မရှိမဖြစ်လိုပါတယ်။ မေမေတို့အနေနဲ့ အိပ်ယာခင်းဝယ်တဲ့အခါ ရေစိုခံနိုင်တဲ့ အမျိုးအစားကို ရွေးချယ်ပေးပါ။ နူးညံ့လွန်းတဲ့ အိပ်ယာခင်းတွေက ကလေးငယ်အတွက် အန္တရာယ်တွေ ရှိစေပါတယ်။

ကလေးငယ်အတွက် အိပ်ယာခင်းက မရှိမဖြစ်လိုပါတယ် (Photo by mom365)

၎။ ညအိပ်ဝတ်စုံ

အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည် တွဲလျှက်ပါတဲ့ ဝတ်စုံလေးတွေကလည်း ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ။ နေ့ခင်း ဒါမှမဟုတ် ညအချိန်မှာ ခြင်မကိုက်စေဖို့နဲ့ နွေးနွေးထွေးထွေးဖြစ်စေဖို့အတွက် ဒီဝတ်စုံလေးတွေ မရှိမဖြစ်ဝယ်ယူထားသင့်ပါတယ်။

အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည် တွဲလျှက်ပါတဲ့ ဝတ်စုံလေးတွေကလည်း ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ (Photo by mom365)

 

၅။ ကလေးအင်္ကျီဘောင်းဘီ

အင်္ကျီနဲ့ ဘောင်းဘီဆက်ထားတဲ့ ဝတ်စုံလေးတွေက ကလေးငယ်တွေအတွက် မဖြစ်မနေ ဝယ်ယူထားသင့်ပါတယ်။ ကလေးငယ်အတွက် ပေါ့ပေါ့ပါးပါးခံစားနိုင်သလို ဒိုက်ပါ အလှဲအလယ်ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူအဆင်ပြေစေပါတယ်။

အင်္ကျီနဲ့ ဘောင်းဘီဆက်ထားတဲ့ ဝတ်စုံလေးတွေက ကလေးငယ်တွေအတွက် မဖြစ်မနေ ဝယ်ယူထားသင့်ပါတယ် (Photo by mom365)

၆။ ကလေး wet-tissue

Wet-tissue တွေက ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ။ ကလေးငယ်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်သလို ဒိုက်ပါလှဲတဲ့အခါမှာလည်း မဖြစ်မနေလိုအပ်ပါတယ်။

Wet-tissue တွေက ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ (Photo by mom365)

၇။ ကုတင်

ကလေးငယ်အိပ်ဖို့အတွက် သီးသန့်ကုတင်တစ်ခု လိုအပ်ပါတယ်။ ဒါကြောင့် မေမေတို့ ဝယ်ပေးထားဖို့ လိုအပ်ပါတယ်။

ကလေးငယ်အိပ်ဖို့အတွက် သီးသန့်ကုတင်တစ်ခု လိုအပ်ပါတယ် (Photo by mom365)

၈။ Diaper Cream

ဒိုက်ပါလောင်တာ သက်သာစေဖို့အတွက် Diaper Cream ကို အဖြစ်မနေ အသုံးပြုပေးဖို့လိုပါတယ်။

ဒိုက်ပါလောင်တာ သက်သာစေဖို့အတွက် Diaper Cream ကို အဖြစ်မနေ အသုံးပြုပေးဖို့လိုပါတယ် (Photo by mom365)

၉။ တဘက်

ကလေးငယ်ရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်သုံးဖို့ တဘက်လေးတွေ ဝယ်ထားသင့်ပါတယ်။

ကလေးငယ်ရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်သုံးဖို့ တဘက်လေးတွေ ဝယ်ထားသင့်ပါတယ် (Photo by mom365)

၁၀။ စောင်

စောင်လေးတွေကတော့ ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ။

ဒီလောက်ဆိုရင်တော့ မေမေတို့အနေနဲ့ ဘယ်ပစ္စည်းတွေကို မရှိမဖြစ် ဝယ်ရမယ်ဆိုတာ သိလောက်ပါပြီ။ မလိုအပ်တဲ့ ပစ္စည်းတွေက ပိုက်ဆံအကုန်အကျ များစေတာကို Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles