ကျွန်မမှာ နှစ်နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သက်ဦးသမီးလေးမို့ ကြုံရသမျှတွေက အသစ်အဆန်းတွေပါပဲ။ သမီးလေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ လင်မယားနှစ်ယောက်လုံး စိုးရိမ်စရာတွေ များခဲ့ပါတယ်။
သမီးလေးကို တစ်နေကုန် ဂရုစိုက်ရတော့ တခါတလေ ပင်ပန်းပါတယ်။ ဒီလိုပင်ပန်းတဲ့အခါမှာ ခင်ပွန်းသည်ကို ကူထိန်းစေချင်ပါတယ်။ ကလေးထိန်းတာ၊ နို့တိုက်တာ၊ ချော့သိပ်တာ တွေ အကုန်လုံး ကျွန်မတို့ မေမေတွေ အလုပ်လို့ ယောက်ျားတွေက ယူဆထားပုံပါ။ အဲဒါကြောင့်လည်း သူတို့က တာဝန်မယူပါဘူး။
ကျွန်မယောက်ျားကလေးထိန်းတာနဲ့ ပတ်သက်ပြီး အမှတ်တရရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက သမီးလေး လေနာလို့ နာရီတော်တော်ကြာကြာ ငိုခဲ့ချိန်ကပါ။ ကျွန်မ ချော့သိပ်ရင်း သားမိနှစ်ယောက်လုံး အိပ်ပျော်သွားပါတယ်။ သမီးလေးက ကျွန်မရဲ့ လက်မောင်းပေါ် အိပ်လျက်ပေါ့။
နောက်တနေ့ရောက်တော့ ကျွန်မယောက်ျားက ကလေးကူထိန်းပေးမယ်လို့ ကတိပေးလာပါတယ်။ သူ့အသိစိတ်နဲ့သူ ကတိပေးတာပါ။ ကျွန်မ မတိုက်တွန်းခဲ့ပါဘူး။ ကလေးနဲ့ ပတ်သက်ပြီးလို့လည်း ဘယ်လိုတာဝန်ယူရမလဲဆိုတာ ဆက်မေးပါတယ်။ ကျွန်မကလည်း ကလေးကိုရေချိုးပေးဖို့နဲ့ ကလေးချီပြီး လမ်းလျှောက်ထွက်ဖို့ တာဝန်ခွဲပေးလိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ခွဲပေးခဲ့တဲ့ တာဝန်တွေအပြင် ကလေးချော့သိပ်ဖို့ပါ သူက တာဝန်ယူခဲ့ပါတယ်။ သူလည်း အများကြီးပြောင်းလဲသွားသလို သမီးလေးကလည်း သူ့အဖေကို အရင်ကထက် ပိုချစ်လာပါတယ်။ ကလေးအပေါ် နားလည်လာပြီး ဖခင်တစ်ယောက် ပိုပီသလာပါတယ်။
အခုချိန်မှာတော့ ကျွန်မထက်တောင် သူက ပိုစိတ်ရှည်ပါတယ်။ ဖြည့်စွက်စာ ကျွေးချိန်မှာလည်း သူပဲ တာဝန်ယူခဲ့ပါတယ်။ အစားအသောက်ဂျီးများတဲ့ သမီးလေးကို သူပဲ စိတ်ရှည်ရှည် ကျွေးခဲ့တာပါ။
ကျွန်မတို့လို မိခင်တွေအနေနဲ့ ကိုယ့်ရဲ့ယောက်ျား ကလေးထိန်းဖို့ ဖိအားတွေ၊ တွန်းအားမေပေးဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် တာဝန်ယူတတ်ဖို့သာ ပြောင်းလဲပေးရပါမယ်။
Why Dads Should Help in Taking Care of the Baby မှ ပြန်ဆိုထားပါသည်
Comments