မိုးရာသီမှာကလေးတွေမဖြစ်မနေထိုးဖို့လိုအပ်တဲ့ကာကွယ်ဆေး

by: Genie
 0 comments  0 love

ကလေးငယ်တွေရဲ့ အရာအားလုံးဟာ ဖေဖေမေမေတို့ရဲ့ လက်ထဲမှာပါ

အခုလိုမိုးရာသီမှာ ကလေးတွေဖျားတာနားတာတွေဖြစ်တတ်ပါ တယ်။ မိုးတွင်းဆိုတာ ကလေးတွေ အတွက် ရောဂါထူပြောတဲ့ ရာသီပါပဲ။ မိုးမိးလို့ဖျားတာဖြစ်ဖြစ် မိုးရေချိုးလို့ဖျားတာဖြစ်ဖြစ် ကလေးတွေ ကျန်းမာရေးထိခိုက်လာတဲ့အခြေအနေတွေ မှာဆိုရင် မိဘတွေအနေနဲ့ သောကများရမှာပါ။ ဒီလို စိတ်ညစ် စရာအကြောင်းအရင်းတွေဖြစ်မလာနိုင်အောင် ကိုယ့်ရဲ့ရင်သွေး ငယ်လေးတွေကို မိုးရာသီမှာ ထိုးပေးသင့်တဲ့ကာကွယ်ဆေးလေး တွေကို ပြောပြပေးပါရစေ။

မိုးရာသီမှာခြင်တွေပေါများတတ်တဲ့အတွက် ကလေးတွေကို သွေးလွန်တုပ်ကွေးရောဂါကာကွယ် ဆေးထိုးပေးထားခြင်းပါပဲ။ ဒီကာကွယ်ဆေးကို ကလေးကိုသာမက အိမ်မှာရှိတဲ့ မိသားစု ဝင်တွေ အကုန်လုံးလည်း ထိုးထားပေးသင့်ပါတယ်။ လူကြီး တွေထက်စာရင် ကလေးတွေဟာ ခန္တကိုယ်ခုခံမှု အားနည်းတတ် ကြပါတယ်။ ဒါကြောင့်တုပ်ကွေးရောဂါကာကွယ်ဆေးကို မဖြစ် မနေထိုးပေးသင့်ပါ တယ်။ တခြားကာကွယ် ဆေးတွေနဲ့ ဓာတ်မတည့်ဖူးတဲ့ ရာဇဝင်ရှိခဲ့ရင်တော့ တုပ်ကွေးရောဂါ ကာကွယ်ဆေး မထိုးသင့်ပါဘူး။

ကာကွယ်ဆေးဟာ ကလေးငယ်တိုင်းအတွက် လိုအပ်တယ် ဆိုပေမယ့် နေ့စဉ်စားသုံးနေတဲ့ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့ ကလေးငယ်တွေ၊ နေမကောင်းဖြစ်ပြီး ကိုယ်ခံစွမ်းအားနည်းနေ တဲ့ ကလေးငယ်တွေ ဟာ တုပ်ကွေးရောဂါကာကွယ်ဆေး မထိုး ပေးသင့်ပါဘူး။ နေကောင်းပျောက်မှသာ ထိုးပေးသင့်ပါတယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းဟာ ကလေးငယ် တွေအတွက် လုံခြုံစိတ်ချရစေပါ တယ်။ မိုးရာသီကို ရောက်လာ ပြီဖြစ်တာကြောင့် မမေဖေဖေတို့အနေနဲ့ ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် အကာကွယ်တွေ လုံလုံခြုံခြုံပြုလုပ်ပေး ထားဖို့  တိုက်တွန်းလိုက်ပါတယ်။




Comments

0 comments
Read more useful blogs