သား‌လေးအပေါ်မှာထားတဲ့ ကျွန်မရဲ့ ဆန္ဒ

by: Nang Htwe
 0 comments  2 love

သားလေးအနာဂါတ်မှာ သူချစ်ရတဲ့သူကိုလည်း ကျွန်မက ချစ်ပေးနေဦးမှာပါ။

ကျွန်မကို မိတ်ဆွေတွေက လာလာမေးကြတယ်။ အမေတစ်ယောက်ရဲ့ ခံစားချက်အကြောင်းကိုလေ။ တကယ်တော့ ကျွန်မရဲ့အတွေ့အကြုံအရ ပြောရရင် အမေတစ်ယောက်ရဲ့ ခံစားချက်က ချရေးလို့တောင် မကုန်နိုင်တာပါ။ သားလေးအပေါ်ချစ်တဲ့စိတ်က ပြောစရာ စကားလုံးတွေတောင် မလောက်ငှခဲ့ပါဘူး။ ကျွန်မသိသလောက်ဆိုရင်တော့ သားလေးကို ခွဲမွေးချိန်တုန်းက အရမ်းနာကျင်ခဲ့တာပါ။ ဘယ်လောက်ပဲ နာကျင်နေပါစေ သားလေးမျက်နှာ ပထမဆုံးအကြိမ် မြင်လိုက်ရချိန် အားလုံး သက်သာပျောက်ကင်းသွားခဲ့တာပါပဲ။ တခြားအမေတိုင်းလည်း ဒီလိုပဲ ခံစားရမှာပါ။

သားလေးနဲ့ အတူတူနေရတဲ့ အချိန်တွေက အရမ်းကုန်မြန်လွန်းတယ် (Photo by stock.adobe.com)

သားလေးနဲ့ အတူတူနေရတဲ့ အချိန်တွေက အရမ်းကုန်မြန်လွန်းတယ်။ အခုလည်းကြည့်လိုက်ပါလား။ ဘာလိုလိုနဲ့ သားလေးတောင် အသက်(၄)နှစ်ထဲ ရောက်လာခဲ့ပြီလေ။ သားလေးကို မွေးကတည်းက ကျွန်မအတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိခဲ့သလောက်ပါပဲ။ ဒါပေမယ့် ကျွန်မကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းချစ်ရတဲ့ သား‌လေးနဲ့ အတူတူ ကုန်ဆုံးခဲ့ရလို့ပါ။ ဒီနေ့ရက်တွေကို ကျွန်မ တန်ဖိုးထားပါတယ်။

သားလေးဟာ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ အပြုံး၊ အရာရာတိုင်း အတွက်ပါပဲ။ သိပ်များ အတ္တကြီးသွားလား။ ကျွန်မ ဂရုမစိုက်ပါဘူး။ တခါတလေမှာ ကျွန်မ သားလေးနဲ့ အနာဂါတ်ကို အမြဲစိတ်ကူးကြည့်မိပါတယ်။ သားလေးအနာဂါတ်မှာ သူချစ်ရတဲ့သူကိုလည်း ကျွန်မက ချစ်ပေးနေဦးမှာပါ။

သားလေး ကျန်းကျန်းမာမာ ကြီးလာဖို့ ကျွန်မရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါကြောင့်လည်း အစားအသောက်ကို အရမ်းဂရုစိုက်ပါတယ်။ ကျန်းမာရေးကောင်းစေတဲ့ အစားအသောက်တွေကိုပဲ ကျွေးပါတယ်။ အရုပ်တွေ၊ အင်္ကျီတွေကိုလည်း လုံလုံလောက်လောက် ဝယ်ပေးထားပါတယ်။ သားလေးကို ချစ်ပေမယ့်လည်း ဒါတွေနဲ့ ပတ်သက်လာရင်တော့ အလိုမလိုက်ထားပါဘူး။ ဒါကလည်း သားလေးအတွက်ပါ။ သားလေးရဲ့ အိမ်မက်တွေ၊ စိတ်ကူးတွေနဲ့ သူဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်မ အဆင်သင့်ဖြစ်နေပါပြီ။ အခုဆို သားလေးက စာရေးတဲ့အခါမှာ လက်ရေးအရမ်းလှနေပါတယ်။ ကျွန်မ ပီတိဖြစ်ရတာပေါ့နော်။ နောက်ပြီးလေ သားလေးက အကလည်း အရမ်းဝါသနာပါတာ။ ကျွန်မ အားပေးနေပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ သားလေးကျန်းကျန်းမာမာ ကြီးလာစေချင်တာပါ။ လိမ္မာရေးခြားရှိပြီး အလုပ်ကြိုးစားတဲ့ သားလိမ္မာလေးဖြစ်လာဖို့ ကျွန်မ အများကြီး လမ်းပြပေးသွားဦးမှာပါ။

The Feelings of a Mother for Her First Child မှ ပြန်ဆိုထားပါသည်




Comments

0 comments
Read more useful blogs