အမေတွေ ‌‌ကျော်ဖြတ်ရတဲ့ ပြင်ပက ဖိအားများ

by: Nang Htwe
 0 comments  500 love

ပထမဆုံး ကလေးမို့ တချို့အရာတွေက ကျွန်မအတွက် စမ်းတဝါးဝါးပါ။

ကိုယ်ဝန်စရှိချိန်ကနေ ကလေးမွေးပြီးတဲ့အထိ ကျွန်မတို့တွေ အလှည့်အပြောင်းတွေ အများကြီး ကြုံရပါတယ်။ ကလေးငယ်ဟာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တစ်ရက်ပြီးတစ်ရက် ကလေးနဲ့အတူ အချိန်တွေ ကုန်ဆုံးသွားတာ ကျွန်မ နှစ်သက်မိပါတယ်။

ပထမဆုံး ကလေးမို့ တချို့အရာတွေက ကျွန်မအတွက် စမ်းတဝါးဝါးပါ။ စမ်းတဝါးဝါး ဖြစ်နေချိန်မှာ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုလည်း အများကြီးကြုံရပါတယ်။ ဒီဖိအားတွေကို ကျွန်မနဲ့ အရင်းနှီးဆုံးတွေဆီက လာတာပါ။ ယောက္ခမ၊ ယောင်းမတွေ၊ အိမ်နီးနားချင်း စတဲ့ သူတွေဆီက ကောင်းစေချင်တဲ့ ပုံစံမျိုးနဲ့ ဖိအားတွေပေးပါတယ်။ ကျွန်မ ကလေးထိန်းတာကို မှန်တယ်၊ မှားတယ် ဝေဖန်ကြပါတယ်။ ဟိုဟာမကျွေးရဘူး၊ ဒီဟာမကျွေးသင့်ဘူးဆိုပြီး ထောက်ပြကြပါတယ်။ ဆရာဝန်ပြောတာထက် သူတို့ပြောတာအမှန်ဆိုပြီး ဖိအားတွေ ပေးပါတယ်။ အထူးသဖြင့် ယောက္ခမရဲ့ ရှေးကျတဲ့နည်းလမ်းတွေကို ကျော်ဖြတ်ရပါတယ်။

မီးနေသည်ကို ဟိုဟာမစားရ၊ ဒီဟာမစားရ တားတဲ့အပြင် ကလေးကတုံး တုံးဖို့၊ ဆေးမြီးတိုတွေ လိမ်းပေးတာနဲ့ ဘာမှမကျွေးရသေးတဲ့ ကလေးလေးကို ဟိုဟာကျွေးချင်၊ ဒီဟာကျွေးချင်တွေ အရမ်းများပါတယ်။ ကျွန်မက အရာရာ ပြန်ပြောနေရင်လည်း စကားများရန်ဖြစ်ရပါမယ်။ ဒီတော့ ကလေးကိုလည်း မထိခိုက်အောင် ယောက္ခမနဲ့လည်း စိတ်မဆိုးအောင် ရှောင်တိမ်းနေရပါတယ်။ ဒါတွေက အရင်ကတည်းက ပင်ပန်းနေတဲ့ ကျွန်မကို ပိုပင်ပန်းစေပါတယ်။ အမေဖြစ်နေပြီး ဒါတောင်မသိဘူးလားဆိုတဲ့ စကားက ကျွန်မကို နာကျင်စေပါတယ်။ အမေအသစ်တစ်ယောက်အနေနဲ့ သင်ယူစရာတွေ များပါတယ်။ တချို့အရာတွေက ကျွန်မကို ကူညီရာမရောက်ပါဘူး။ ပိုပင်ပန်းစေပါတယ်။

ကျွန်မတို့လို အမေအသစ်တွေအနေနဲ့ နေ့စဥ်ကြုံတွေ့ရတဲ့ အခက်အခဲတွေပြင် ပတ်ဝန်းကျင်က ဖိအားတွေကိုပါ ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

What to Do When Society Judges a Mother မှ ပြန်ဆိုထားပါသည်။




Comments

0 comments
Read more useful blogs